extra 2

5K 555 39
                                    


  ယန်းရှ အပိုင်းပို ၂
   
    ယန်းရှရဲ့ဗိုက်ကို ခေါင်းအုံးအုံးထားတဲ့ ယွဲ့ချုံ မျက်နှာ ဖြူဆွတ်နေတယ် ။ လှေက ပင်‌လယ်ပေါ်မှာ လွှင့်နေတယ် သူက လှေပေါ်မှာ လွှင့်နေတယ် မူးလိုက်တာပါဆို ။ လက်ဖဝါးကြီးက သူဗိုက်ကို သာသာလေး ပွတ်ပေးနေပေမဲ့ အန်ချင်တာက တော်တော်ဆိုးနေသေးတယ် ။ ပါးစပ်ဘေးကို ဇီးသီးခြောက်ခွံလာတော့ သူချက်ချင်းငုံလိုက်တယ် ရှောင်ကွိုက်က ရှောင်ယောင်းရှိ‌ေနတုန်းကထက် ပို နေရခက်တယ် ။ နေတဝက်လောက်ထိ အန်ချင်လိုက် မူးလိုက်ပြီးတော့ တော်တော်ပင်ပန်းသွားရှာပြီ ဖြစ်တဲ့ ယွဲ့ချုံ အန်ချင်တာထက် ပင်ပန်းတာပိုပြီး အိပ်ပျော်သွားလေပြီ။ ယန်းရှ မလူပ်ပဲ သူ့ကို ကိုယ့်ဗိုက်ပေါ်မှာ အိပ်ထားစေပြီး မျက်မှောင်ကတော့ အကြောင်းသုံးကြောင်း ပေါ်နေပြီ။
  
 ယွဲ့ချုံရဲ့ နေမထိထိုင်မသာ ဖြစ်တာနဲ့ မွေးဖွားချိန်ရဲ့ ဒုက္ခက လွှဲရင် ယန်းရှ က ဒီဒုတိယကလေးကို အလွန်မျှော်လင့်ရှာတယ် ။ ဘေးလူတွေက ယန်းရှ ကို လူကြမ်းလို့ ပြောကြပေမဲ့ အိမ်မရှိခဲ့သူမို့ အိမ်ဆိုတာရှိလာချိန်မှာ အိမ်ဆိုတာကို ပိုတွယ်တာလာတယ် ။ ဘာနဲ့တူလဲ ဆိုတော့ ကိုးဘဝလောက် လူပျိုလုပ်ခဲ့တဲ့သူ မိန်းမရဲ့ အရသာကို သိသွားချိန်မှာ ထိုရမ္မာက်က သိမ်းမရတော့သလိုပဲ မိန်းမ တရက်မရှိရင် ရှင်သန်လို့မရတော့သလိုပဲ ။

 ယန်းရှက ဒီလိုလူမျိုးပဲ အပြင်လူရှေ့မှာတော့ သူက ယောက်ျားကြမ်းစစ်စစ်ဖြစ်မယ် ၊ ဒါပေမဲ့ အိမ်ထဲမှာတော့ ချစ်ခြင်းမေတ္တာကို မျှော်လင့်တဲ့ သာမန် ယောက်ျားတဦးသာ ဖြစ်တယ် ။ ကလေးတယောက်ပိုလာတော့ သူ့ရဲ့ အိမ်ကလည်း ပို စည်ကားတော့မယ်လေ ယွဲ့ချုံ က သူ့ကို ပိုရင်းနှီးလာမယ် ။ လုပ်ကိုင်ခွင့် ? အာဏာ ? အသုံးမကျတဲ့ ဘုရင်ကသာ ကိုယ့်ရဲ့ မျိုးဆက်တွေကို အခွင့်အခါအာဏာအတွက် သတ်ဖြတ်လုယူစေမှာဖြစ်တယ် သူနဲ့ ယွဲ့ချုံရဲ့ သားတွေ က တကယ့် ယောင်းကွိုက်တွေ ဖြစ်ပါစေအုံး ဒီလို ရယ်စရာ အလုပ်မျိုးတွေ မလုပ်ဘူး ။ သူ့ရဲ့ တိုင်းပြည်က ဒီလူအတွက် ရထားတာဖြစ်တယ် သူသေပြီးနောက် တိုင်းပြည်က ဘာဖြစ်ဖြစ် သူစိတ်ပူရမဲ့ ကိစ္စ မဟုတ်တော့ဘူး ။
 
   လက်ဖဝါးကြီးက ယွဲ့ချုံ ရဲ့ ဗိုက်ကို တောက်လျှောက်ပွတ်ပေးနေပြီး ယန်းရှ ရဲ့ မျက်နှာထား အလွန်ပဲ လေးလံနေတယ် အနည်းဆုံးနောက်ထပ် လေးရက်မှ မြူတိုက်ကျွန်းဧရိယာထဲရောက်မှာ ဖြစ်တယ် ဒီလူ နောက်လေးရက်လောက်ထိ တောင့်ခံရဦးမယ် ။ ယန်းရှက ယွဲ့ချုံ မွေးရခြင်းဒုက္ခ နှင့် သားတော် မွေးဖွားခြင်း တို့ကြားမှာ အပြန်အလှန်ကူးလူးတွေးမိနေတယ် ။ သူက ယွဲ့ချုံနဲ့မတူဘူး သားကို မျှော်လင့်တယ် အကောင်းဆုံးက ရှောင်ယောင်းလို ယွဲ့ချုံနဲ့ တူရင် ပိုကောင်းတယ် ။ ယွဲ့ချုံ ဆန့်ထုတ်လာတဲ့ ညာလက်ကို စောင်ထဲ ပြန်ထည့်ပေးလိုက်ပြီး မျက်လုံးတွေ မှောင်နေတယ် ဒီလူရဲ့ ညာလက် အားရှိလာပြီး ဆိုပေမဲ့လည်း သူ့ရင်ထဲက ဆူးတချောင်းဖြစ်တုန်းပဲ ဒီတသက်လုံးစိုက်နေတော့မဲ့ ဆူးပါ ။

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now