extra 3.1🔥

5.3K 539 25
                                    


ယန်းရှ အပိုင်းပို ၃ /၁

"အုင်းးးး"

အိပ်တာ အစကတည်းက မကောင်းနေတာမို့ ယွဲ့ချုံ က ဗိုက်ပွတ်နေတဲ့လက်က တဖြည်းဖြည်းအားပိုပြင်းလာတာနဲ့ နိုးလာပြီလေ ။ အဲ့ဒီလက်ကို အုပ်လိုက်ပြီး သူအသံထွက်တယ်

" ဘာဖြစ်လို့လဲ ? "
 အိပ်စုံမူန်မွှား ဖြစ်နေဆဲပေမဲ့ မသိစိတ်ကပြောနေတယ် ဒီလူ စိတ်တိုနေတယ် ။ တဆက်တည်း သူ့နူတ်ခမ်းက အစိုက်ခံလိုက်ရပြီ နူတ်ခမ်းဟလိုက်တာနဲ့ တဖက်သူရဲ့ ဒေါ‌သတွေနဲ့ လျှာက ဝင်လာပြီလေ ၊ သူလက်ကို မြှောက်ပြီး လည်ပင်းကို ဝိူက်ဖက်လိုက်တယ် လက်မက သူ့ရဲ့ နားရွက်ရင်းနားမှာ သပ်ပေးနေတယ် တခဏအကြာမှာ အကိုက်ခံနေရတဲ့ နူတ်ခမ်းတွေ မနာတော့ဘူး ၊ ဒီလူရဲ့ အချစ်တော်က နှစ်နှစ် သခင်လေးက ခုနှစ်နှစ် ဇနီးက ခြောက်နှစ် အလကားလုပ်ခဲ့တာမှမဟုတ်တာ ။

" နားကပ်က ဘာအဓိပ္ပာယ်လဲ သိတာကို အိမ်တော်ကထွက်ချိန် ဘာလို့ ငါ့ကို ပြန်ပေးရဲတာလဲ ? "
တနုံ့နုံ့တွေးနေသူက စာရင်းဟောင်းလှန်ပြန်ပြီ ။

 အာ? ယွဲ့ချုံ တော်တော်စဉ်းစားမှ နည်းနည်း ပြန်စဉ်းစားမိလာတယ် ၊ အခုမှ နိုးလာတဲ့ ခပ်ရှရှ လေသံနဲ့ပြောတယ်
" မင်းက တော်လှန်မယ်လို့ သေချာဆုံးဖြတ်ပြီးသွားပြီ , ငါကလည်း အမြန် မြို့တော်ပြန်ပြီး အမေ့ကို တွေ့ရမယ် ၊ ငါက သွားရမှာလေ ၊ မင်းကို ပြန်ပေးရမှာပေါ့ ၊ အမျိုးသားက ဘယ်လိုလုပ် အမျိုးသားရဲ့ ဇနီး ဘယ်ဖြစ်နိုင်မလဲ ? "
 
ဒီစကားတွေက ယန်းရှကို စိတ်တိုစေနိုင်မှန်းသိပေမဲ့လည်း ယွဲ့ချုံ ဆက်ပြောတယ်
" ဟုန်ရှီ , ဟုန်ထိုက် , ဟွားကျန်း , အန်းပေါင်း တို့က ငါ့ဘေးမှာ ရှိတာကြာပြီ ဆိုပေမဲ့ ငါ့အမေကို မြို့တော်ဝင်ပြီး တွေ့တဲ့အချိန် ခေါ်သွားဖို့ အဆင်မပြေဘူး ၊ ငါ့ရဲ့ နောက်ကြောင်းက ငါ တောက်လျှောက်ဖုံးသွားဖို့စဉ်းစားပြီးသားပါ။ အဲ့အချိန် ငါက ပင်လယ်နဲ့ အနီးဆုံးနေရာကို စဉ်းစားမိတယ် အဲ့မှာ ရွှီဦးလေးရဲ့‌လူများတွေ့မလားလို့ မထင်မှတ်တာက ယောက်ျားလေးလိုဝတ်ထားတဲ့ မိန်းကလေးလို့ အထင်ခံလိုက်ရပြီး သမားတော်နားရောက်သွားပြီး ကိုယ်ဝန်ရှိကြောင် ပြောပြခံရတာပဲ ။ ဗိုက်ထဲမှာ မှင်စာလေးရှိတော့ ငါ ရွှီဦးလေးကို ရှာတာ ဘေးချရတော့တာပေါ့ နောက်တော့ မင်းရောက်လာပြီလေ ၊ ငါ အခွင့်အရေး မရှိတော့ဘူးလေ "
 
ဒီစကား ဘယ်လို နားထောင်နားထောင် နှမြောတသဖြစ်နေပုံပါလား ? ယန်းရှ ဆီမီးခွက်ကို ပြန်ထွန်းလိုက်ပြီး ဒီလူရဲ့ သတ္တိကို နည်းနည်း ပြန်မဖိရင် တရက်ရက် ပြဿနာထရှာလိမ့်မယ် ! လှေဝမ်းထဲ ရုတ်တရက်လင်းသွားတော့ ယွဲ့ချုံး မျက်လုံးမှေးချလိုက်တယ် ပြီးတော့ အရိပ်မည်းကြီးမိုးလာတယ် ။ သူ တဖက်သူရဲ့ လက်ဖဝါးကြီးကို ယူပြီး ဗိုက်ပေါ်တင်လိုက်တယ် ၊လက်ဖဝါးကြီးက ချက်ချင်း ပွတ်ပေးလာတယ် ၊ လက်ဖဝါးပိုင်ရှင်က စာရင်းဟောင်းလှန်ပြီး အိမ်ဆိုတဲ့ ဦးစီးနေရာ ကို ပြန်တည်ထောင်ချင်နေတယ် ။

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now