extra 8.1 Unicode

2.7K 393 21
                                    

ရှောင်ယောင်းကွိုက် ၃.၁

     ညနက်ပြီ ၊  လိတပ်စခန်းကို ခိုးတိုက်ပြီးပြန်လာကြမဲ့သူတွေကို အကြာကြီးစောင့်နေကြတဲ့လူတွေ မစောင့်နိုင်လိုက်ကြဘူး ။ ဟဲ့ာလားမင်းသားကြီး ရင့်ရိူးလီ နဲ့ နံပါတ်လေးမင်းသား ဖူထီလောတို့ သူတို့ရဲ့ ကိုယ်စီရွက်ဖျင်တဲကို ပြန်နားကြလေပြီ ။ သူတို့ ရွက်ဖျင်တဲအပြင်မှာ ခေါင်းငုံ့ကာ စောင့်နေတဲ့ အစောင့်များက မင်းသားတို့ ဝင်သွားပြီးကြတဲ့ အချိန်မှ ခေါင်းမတ်လာကြတယ် ၊ ထိုရွက်ဖျင်တဲနှစ်ခုရဲ့ အစောင့်တစ်ယောက်စီရဲ့ မျက်လုံးတွေက စိမ်းလဲ့လဲ့နဲ့ တောက်‌ပနေတယ် ။
 
   ထိုအချိန် နားထောင်လို့ကောင်းတဲ့ ငှက်အော်သံထွက်လာတာနဲ့  ရင်ရိူးလီ ရွက်ဖျင်တဲအပြင်မှာ စောင့်နေတဲ့တပ်သား နှစ်ယောက်က ခွင့်ပြုချက်ပင် မတောင်းပဲ ကန့်လန့်ကာ ဖယ်ကာ ရုတ်တရက်ထိုးဖောက်ဝင်သွားလေသည် ။ ရင်ရိူးလီ အသံထွက်တော့မယ်ရှိသေး ၊ခဲတလုံးက သူ့ရဲ့ 'အ'ကြောကို ထိသွားလေပြီ မျက်စိတခတ်အတွင်းမှာပင် သူ မေ့အောင်အထုခံလိုက်ရပြီ ။ တုန်ဝေစူးက ငှက်သံတချို့ပြုလိုက်ပြီး ယန်းရှောင်ယောင်းက မေ့လဲသွားသော ရင့်ရိူးလီကို ဂုန်နီအိတ်ထဲ ထိုးထည့်ကာ ထမ်းလိုက်လေတယ် ။
 
     ဖုထီလောဖက်ကတော့ ဒီလောက်မမြန်တော့ဘူး ၊ ထိုးဖောက်ဝင်သွားတဲ့ ယန်းရှောင်ကွိုက်က သူ့ကို ချက်ချင်း မေ့‌လဲအောင်မလုပ်ပဲ သူကိုယ်တိုင်ရဲ့ခြေအိတ်ကို ချွတ်ကာ ထိုသူ့ပါးစပ်ထဲ ထိုးသွပ်လိုက်ပြီး ထိုသူရဲ့မျက်နှာကို ခပ်ပြင်းပြင်းလေး ထိုးလိုက်လေသည်။ အစ်ကိုတော်ကို မိစ္စာအလှလို့ ပြောရဲတယ် ဖခမည်းတော်ကို လူကြမ်းလို့ပြောရဲတယ် သူနဲ့ အစ်ကိုတော်ကို ယောင်းကွိုက်လို့ပြောရဲတယ်! အိမ်သားတွေကပဲ သူတို့ကို ယောင်းကွိုက်လို့ ခေါ်လို့ရတာ !  ငှက်သံနဲ့ လောနေတော့မှ မေ့လဲအောင် ထုလိုက်ပြီးဖြစ်သောသူကို ဂုန်နီအိတ်ထဲထည့်ကာ ထမ်းလိုက်ပြီး ပြန်သွားမှ ဆက်ထိုးဖို့ ဆုံးဖြတ်လိုက်လေတယ် ။
 
   ယန်းရှောင်ကွိုက် လည်း ထွက်လာတာနဲ့ ငှက်သံပြုလိုက်တယ် ၊ အမှောင်ထဲ ပုန်းနေတဲ့ ရူံအားမာန် ၊ရူံအားရုံ နဲ့ လဲန့်ရှောင်တင်းတို့ ဆီဘုံးမပြီး ပြေးထွက်လာတယ်။ သုံးယောက်သား ဆီတွေကို မင်းသားနှစ်ပါးရဲ့ ရွက်ဖျင်တဲပေါ်ကို လောင်းဖြန်းလိုက်ပြီး မီးတုတ်ပစ်ထည့်လိုက်လေတယ် ။
 

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now