extra 7.1

3K 425 29
                                    

ရှောင်ယောင်ကွိုက် အပိုင်း ၂.၁

    ပြောကြတာက ပါးစပ်မှာ အမွှေး(မူတ်ဆိတ်မွှေး)မပါရင် အလုပ်လုပ်တာမသေချာဘူး ။ * အသက်အရွယ်တခုရောက်မှ အတွေ့အကြုံရှိပြီး ဖြေရှင်းနိုင်စွမ်းကို ဆိုလိုပါသည်* ယန်းရှောင်ယောင်း ပါးစပ်မှာ အမွှေးလည်းမပါဘူး ၊ တိုင်းသိပြည်သိတဲ့ အလှမျက်နှာနဲ့ဆိုတော့ ကိစ္စဖြေရှင်းမူကို ကြည့်လိုက်ရင် စိတ်မချနေစေဘူး ။  နတ်သားနတ်သမီးတွေငိုရလောက်တဲ့အထိ လှတဲ့လူငယ်က ဘာအစွမ်းအစရှိမှာလဲ ? ယန်းရှောင်ယောင်းနဲ့ အတူကြီးပြင်းလာတဲ့   ညီအစ်ကို တစုကတော့ သူ့ကို တည့်တည့်ကြည့်တာ အရမ်းရှားတယ်လေ ဒါပေမဲ့ သူ့အပေါ်ကို အထင်သေးတဲ့ အတွေးတွေတော့ လုံးဝမရှိခဲ့ဘူး သူတို့ အားလုံးပေါင်းတိုက်ရင်တောင် အိမ်ရှေ့စံနဲ့ မယှဉ်နိုင်လောက်သေးဘူးလေ ။ ဒါပေမဲ့ တခြားသူတွေတော့ ဒီလို မထင်ကြဘူးလေ ။ ဒါ့ကြောင့် ဒီခရီးလမ်းမှာ ဘယ်သူမှ အိမ်ရှေ့စံရဲ့ မျက်နှာကို မကြည့်ရဲကြပေမဲ့ လူတော်တော်များများ အိမ်ရှေ့စံရဲ့ အစွမ်းအစကိုတော့ သံသယရှိကြတယ် တပ်မကြီးကို ကြီးကြပ်တာ လျှောက်ကြီးကြပ်ပြီး ပြဿနာတွေမဖြစ်ပါစေနဲ့ .....
 
   တော်သေးတာက ဒီတလမ်းလုံးမှာ ရှောင်ယောင်းက သူစဉ်းစားတာကို ပြောတာနည်းတယ် လန့်ဖျိုနဲ့ အတိုင်ပင်ခံပြောတာကိုပဲ နားထောင်လေတယ်။ ဒီလိုလုပ်ကြတော့လည်း လူတော်တော်များများက သံသယဝင်ကြပြန်တယ် ။ သူတို့ရဲ့ ဒီအိမ်ရှေ့စံက မျက်နှာပဲ လှပြီး ဦးနှောက်မပါဘူးနဲ့တူတယ် ။ နောက်ကျရင် သူတို့က အလှပန်းအိုးဘုရင်ကိုများ တင်မြှောက်ရမှာလား ? ပြီးတော့ စားနိုင်လွန်းတဲ့ ပန်းအိုးဘုရင်လေ ။ စစ်ထွက်တဲ့ လမ်းခရီးတလျှောက်မှာ သူ့ပါးစပ်က မနားတမ်းစားစားစားနေတာ ။ အိမ်ရှေ့စံမင်းသားပဲ ပဲစားနေတာမဟုတ်ဘူး ၊ သူတို့ရဲ့ စစ်သူကြီးနဲ့ အတိုင်ပင်ခံ တို့လည်း စားနေကြတယ် ။ ခဏနေ ဘဲခေါင်းစပ်တခု , ခဏနေ မုန့်ကြိုးလိန်တချောင်း , ခဏနေ လျှာပေါ်ဝဲတချပ် , သူတို့တွေ ဒါက စစ်သွားတိုက်တာလား အပန်းဖြေပန်းခင်းကြည့် ခရီးထွက်တာလား ? သူတို့ရဲ့ စစ်သူကြီးတောင် စားနေမှတော့ သူတို့မကျေနပ်တာတွေကို ဗိုက်ထဲသာမျိုချနေရတယ် ၊ ဘယ်သူ့ကိုပဲ သံသယဝင်ဝင် သူတို့ရဲ့ စစ်သူကြီးကိုတော့ သံသယဝင်လို့မရဘူးလေ ဒါပေမဲ့ သူတို့ရှေ့ နေတိုင်းမစားပြကြနဲ့ ၊ အဲ့လို လျှာရည်ကျအောင်လုပ်နေကြတယ် ။
 
    " ရှောင်ကွိုက် , မင်းကြည့်ကြည့် တပ်သားတွေ လျှာရည်ကျနေသလိုပဲ ? "

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Opowieści tętniące życiem. Odkryj je teraz