extra 10.2 Unicode

2K 292 10
                                    

 အတိုင်ပင်ခံ အပိုင်း ၁.၂

ထိုညမှာပဲ ၊ ကုယျိုးက သူအကကရင်း သတိမထားလို့ ဒဏ်ရာရတဲ့လက်ကို ဆေးလိမ်းပေးနေတဲ့ အဖိုးကို တွေဝေစွာ မေးမိတယ်
" အဖိုး , သိုင်းလောကထဲက လူတချို့တွေရဲ့ ကိုယ်ထဲမှာ ပိုးတွေပဲလား ? "

ကျန်းထျန်းယွီ , မိဖုရားခေါင်ကျန်းဟွမ်ယွိနဲ့ မုကောကောတို့ စိုးရိမ်စွာမေးတယ်
" ယျိုးအော် , သား အကောင်းကနေ ဘာလို့ ဒါကို‌ေမးတာလဲ ? ဘယ်သူ့ကိုယ်ထဲမှာ ပိုးရှိတယ်ဆိုတာ သားသိနေလို့လား ? "
 
ကူယျိုး ပြုံးပြီး ခေါင်းခါကာ
" မဟုတ်ဘူး ။ ဒီနေ့က အကခန်းထဲက မမတို့ ပုံပြင်ပြောတာ နားထောင်လာလို့ပါ ။ အဲ့လိုလူက သနားဖို့ကောင်းတယ်လို့ သားထင်မိလို့ပါ ဒါ့ကြောင့်မေးကြည့်တာပါ "
 
ကျန်းထျန်းယွီက အချိန်ကောင်းဝင်ပြောတယ်
" ယျိုးအော်လေး ၊ အက မသင်တော့နဲ့လေ ကောင်းတယ်မလား ? သားရဲ့ အရိုးအဆစ်က သိုင်းကျင့်ရင် ၊အာ ၊ သိုင်းပညာကျင့်ရင့် အတော်အဆင်ပြေမယ် ။ အကကတာ နှမြောစရာကြီး။ ပြီးတော့ မင်းက အိမ်ရှေ့စံလေ ၊ တိုင်းပြည်ရဲ့ဦးဆောင်သူ၊ သိုင်းပညာ ကျင့်တာ ပိုကောင်းတယ် "
အဓိက မြေးရဲ့ မျက်နှာ လှလွန်းတယ် သိုင်းပညာကျင့်မှ ကိုယ့်ကို ကာကွယ်နိုင်မယ် ။
 
ကုယျိုး ရဲ့ လှပတဲ့မျက်နှာလေး တခဏချင်းရူံ့လာကာ
" အဖိုးးးး သား အကကရတာနှစ်သက်တာ , မြင်းထိုင်ထိုင်ရတာ မကြိုက်ဘူး "
 
ကျန်းထျန်းယွီ က မြေးလေးရဲ့ မျက်နှာရူံ့လာပြီဆို အကြံမရှိတော့ဘူး သက်ပြင်းချကာ
" ဟူး ဒီကလေးက ဘယ်သူနဲ့ တူတာလဲ ? မင်းအမေကော မင်း ဖခမည်းတော်ကော အကကရတာ မကြိုက်ကြပါဘူး "
 
" အကကရတာ အရမ်းကောင်းတယ် ပျံနေသလိုပဲ "
အကအကြောင်းပြောတာနဲ့ ကူယျိုးရဲ့မျက်နှာသေးသေးလေးက လင်းလာလေပြီ သူကဒီလိုဆိုတော့ ဘယ်သူမှ သူ့ကို သိုင်းပညာသင်ဖို့ အတင်းမတိုက်တွန်းရက်တော့ဘူး ။
 
ဆေးလိမ်းပြီးပြီ ကူယျိုးထပ်မေးတယ်
" အဖိုး , သင် သားကို မဖြေပေးသေးဘူး "

 ' ဘယ်ဟာလဲ ? "
ကျန်းထျန်းယွီ ချက်ချင်း သတိပြန်မရနေဘူး ။

" ကိုယ်ထဲမှာ ပိုးရှိနေတဲ့လူလေ "
ကုယျိုး ဒီကိစ္စကို သိကို သိချင်တယ် ။
 
ကျန်းထျန်းယွီ မျက်မှောင်ကြုတ်ကာ
" ယျိုးအော် , သိုင်းလောကက လူတွေက အရမ်းရူပ်တယ် ၊ အဲ့ဒါတွေ သွားနားမထောင်နဲ့ "

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now