extra 9.1

2.4K 297 7
                                    

လီရိူး ကုန်းဆန်း အပိုင်း ၁ .၁
  
    အချုပ်ခန်းထဲတွင် ကြာပွတ်သံများ တချက်တချက်ကြားရလေ့ရှိတယ် ။ ကျိုးကုန်းဆန်းက ခြောက်သွေ့နေတဲ့ နူတ်ခမ်းကို လျှက်မိတယ် ၊ ရေအရမ်းငတ်နေတယ် ၊ ဒါပေမဲ့ အချုပ်စောင့်များက ရေပို့ အစာပို့တဲ့အချိန် မရောက်သေးဘူးလေ။ အရိုက်ခံနေရတဲ့ အချုပ်သားက စိတ်ဓါတ်တော်တော်မာပုံပဲ ၊ အချုပ်ထိန်းက ရိုက်တာပြင်းလေ သူက ဆဲတာကြမ်းလေဖြစ်တယ် ။ ကျိုးကုန်းဆန်း စိတ်ထဲက ခေါင်းတွေခါနေမိတယ် ၊ ဒီမှာ အော်ဆဲနေလည်း ဘာထူးမှာလဲ ? အားချန်ပြီး ဘယ်လိုရှင်သန်ရမလဲ စဉ်းစားရမှာလေ ။ လူကရှင်နေအုံးမှ မျှော်လင့်ချက်ရှိမယ်လေ ။
 
    " မင်း******, သခင်ရှိတယ်ဆိုပြီး ခွေးပါးဝတဲ့ ကောင်တွေ! ငါ့ အစ်ကိုကြီးလာရင် ဒီကြာပွတ်ရိုက်ချက်တွေ ကို အတိုးနဲ့ မင်းတို့ကိုယ်ပေါ် ပြန်ရောက်စေရမယ် !"

 " အော်.... , အော်ဆဲနိုင်သေးသလား , ထပ်ရိုက်စမ်း ! "
 
    " မင်းတို့ ဒီ******! ယောက်ျားတွေအနိုင်ကျင့်ပြီး မိန်းမတွေအပိုင်သိမ်းတတ်တဲ့ သူခိုးဂျပိုးတွေကြတော့ မင်းတို့မဖမ်းဘူး ၊ ငါ့ကိုတော့ ဖမ်းလာတယ် မင်းတို့ အကျင့်သိက္ခာတွေ ခွေးစားသွားတာပဲ ! "
 
    " လေသံက မာသေးတယ် မင်းက ဘာကောင်မို့လဲ ? ဖန့်သခင်လေးရဲ့ ကိစ္စကောင်းကို မင်းက ဖျက်ရဲတယ် ။ ငါ ဒီနေ့ မင်းကို ပြောပြမယ် ။ ဖန့်အိမ်က ကျင်းရန်မြို့မှာဆို ‌ဘုရင်ပဲ ဖန့်အိမ်ကို ထိရင် မင်းရှင်လျှက် ထွက်ဖို့မစဉ်းစားနဲ့ ! "
 
     " ငါ ထွီ! ချမ်းသာပြီး အကောင်းမလုပ်တဲ့ ခွေးကောင်တွေက ဘုရင်လုပ်နိုင်မလား ။ ငါ ထွက်သွားတာနဲ့ ဖန့်အိမ်ကို အရင်ဆုံး ဖြေရှင်းပစ်မယ် "
 
   " ဟား , မိုးဘယ်လောက်မြင့်တယ် မြေဘယ်လောက်ထူတာ မသိတဲ့ကောင် ၊ သူ့ကို နာနာလေးရိုက်စမ်း ! ဖန့်သခင်လေး မှာကြားထားပြီ , ဒီလူကို တလလောက်နှိပ်စက်ပြီးမှ အသက်ထွက်ပါစေတဲ့ "
 
    " သိပါပြီ , အချုပ်ထိန်း "
 
    ရိုက်သံ ပိုပြင်းလာပြီ ၊ အရိုက်ခံနေရသူအပြစ်သားလည်း ဆဲတာ ပိုပြင်းထန်လာပြီလေ ။ ထိုသူ အတင်းတောင့်ခံနေတာကို ကျိုးကုန်းဆန်း နားထောင်မိလိုက်တယ် ၊ကျိုးကုန်းဆန်း စိတ်ထဲက ခေါင်းတွေထပ်ခါနေမိတယ် ။ လူစိတ်မရှိတဲ့သူတွေကို ဆဲတာက စကားနားမလည်တဲ့ တရိစ္ဆာန်ကို ဆဲနေတာနဲ့အတူတူပဲ ။ ကျင်းရန်တမြို့လုံးက ဖန့်အိမ်ကပဲ ၊ ကျင်းရန်မြို့ရဲ့ ရုံးထိုင်မင်းက လည်း ဖန့်အိမ်က ထွက်လာတာလေ ။ ဖန့်အိမ်နဲ့ ထိပ်တိုက်တွေ့ရင် ရလာဘ်ကောင်းမရနိုင်ဘူး ဒီလိုတောင်ဆဲနေမှတော့ သေရင် တကိုယ်လုံးတောင် အကောင်းကျန်ပါ့မလား ။
 
    ကျိုးကုန်းဆန်း နူတ်ခမ်းလေးမဲ့ပြုံးပြုံး လိုက်မိတယ် ကိုယ့်ကို လှောင်ရယ်မိတယ် ၊သူ့ဘာသာသူတောင် မကယ်နိုင်တာ တခြားသူကို အာရုံသွားစိုက်နိုင်သေးသလား ? ဟို အရိုက်ခံရသူလိုပဲ သူလည်းပဲ ဖန့်အိမ်ကို ထိမိလို့ အဖမ်းခံရတာလေ ။ ဒါပေမဲ့ သူက ကျင်းရန်မြို့ပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဖန့်အိမ်က နံပါတ်သုံးဖန့်သခင်လေးကို လူအများရှိတဲ့ လမ်းပေါ်မှာ ခပ်နာနာလေးတီးလိုက်လို့ အဖမ်းခံရတာမဟုတ်ဘူး... သူ အဲ့ဒီ အစွမ်းအစ မရှိဘူး ။သူက သူနဲ့မဆိုင်တဲ့ကိစ္စကို အဖျားခတ်ပြီး အဖမ်းခံရတာပါ။ သူ့ရဲ့ ဆရာက သတိမထားမိပဲ ဖန့်အိမ်ကို စော်ကားမိတယ်  ဆရာ့တအိမ်လုံး လူဆယ်ယောက်ကျော် အရှင်လတ်လတ် အရိုက်သတ်ခံရတယ် သူက ဆရာရဲ့ တဦးတည်းသော ကျောင်းသားဖြစ်တာမို့ ရောပါဝင်လာခဲ့တယ်လေ ။
 
    ကျိုးကုန်းဆန်း လျှာထပ်လျှက်လိုက်ကာ ရင်ပတ်ထဲပြည့်နေတဲ့ အမုန်းတရားတွေကို အနက်ရိူင်းဆုံးကို မြုပ်လိုက်တယ် ။ သူ အသက်ရှင်လျှက် အပြင်ထွက်ပါရစေ ၊ အသက်ရှင်လျှက် အပြင်ထွက်ရပါမှ ... ကြာပွတ်သံ ရပ်သွားလေပြီ အော်ဆဲသံလည်း ရပ်သွားလေပြီ ကျိုးကုန်းဆန်း မျက်မှောင်ကြုတ်လိုက်မိကာ ထိုလူ အရိုက်ခံရလို့ မေ့သွားပြီ ။ ရုတ်တရက် အလွန်နာကျင်တဲ့ အော်သံ က ‌အလင်းသိပ်မရတဲ့ အချုပ်ခန်းထဲမှာ ထွက်လာတယ် ။ ဆယ်လလောက် အချုပ်ခံထားရတဲ့ ကျိုးကုန်းဆန်းက ဒီအော်သံကို ရင်းနှီးနေတယ်လေ ။
 
    သိပ်အကြာကြီး မစောင့်ရပါဘူး တကိုယ်လုံးသွေးတွေနဲ့လူကို အချုပ်စောင့်တွေက အချုပ်ခန်းထဲကို ဆွဲသွင်းလိုက်ကာ ပစ်ထည့်လိုက်တယ် ။ အချုပ်စောင့်တွေ သွားလိုက်တာနဲ့ ကျိုးကုန်းဆန်း က ထိုသူနားသို့ ရွေ့သွားလိုက်ပြီး မေ့နေသူကို ထူပေးလိုက်တယ် ။ တဖက်သူရဲ့ ရင်ပတ်မှာ တူးနေတဲ့ ဒဏ်ရာတခုရှိနေတယ် ၊ အဲ့ဒါက ခဏက မီးဖုတ်ထားတဲ့သံနဲ့ အဖိခံလိုက်ရတဲ့ဒဏ်ရာဖြစ်တယ် ။ ကျိုးကုန်းဆန်း အားမနည်းထုတ်ပြီး သူ့ကို သတိထားပြီး နံရံထောင့်က ကောက်ရိုး‌ပုံပေါ်ဆွဲတင်လိုက်တယ် သူ့ရဲ့ ဒဏ်ရာကို အတတ်နိုင်ဆုံးမထိစေဘူး ။ ဒီလူကြည့်ရတာ သူ့နဲ့ အသက် သိပ်မကွာ သလိုပဲ သူ့ထက်တော့ ထွားကြိုင်းတယ်လေ။
 
    " ကျေး , ကျေးဇူးပါ ... "

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now