Tutu (မင်းပဲ)- 1

13.8K 205 6
                                    

Tutu (မင်းပဲ)

- - ( 1)--

“ကျွန်‌ တော် နှင့် ဖြူ ပြတ်သွားပြီ
အမေ ကျေနပ်တယ် နော်. .

ဟုတ်တယ်မို့လား.. ဟုတ်တယ်နော်..
အမေ ပျော်လိုက်တော့ ..အဟင့် … အဟင့်”

တစ်ခါမှ မသောက်ဖူးသည့် အရက်တွေ သောက်ပြီ
မအေကို ထိုင်ရစ်ရင် ငိုနေတဲ့ သားကိုကြည့်ပြီ

ဒေါ်ကြည်စိန် ရင်တွေနာပါသည်။

ဒါပင်မယ့် လည်း မူးနေတဲ့သားနှင့်အပြိုင် သူမပါငိုရင်

“ငါ့သား ..မင်းတစ်နေ့နေ့ တစ်ချိန်ချိန်
အမေ့စေတနာတွေ… မင်းနားလည်လာမှာ

မယူခင်ကတည်းက ကြိုးကိုင်ပြနေတဲ့ ချွေးမ
အမေ မလိုချင်ဘူး ငါ့သား..

အဲ့ဒါ အမေ့အတွက် မဟုတ်ဖူး..မင်းအတွက်
မင်း အဲ့ကောင်မလေး ကို ချစ်နေတာနဲ့

မင်းကိုယ်မင်းချစ်ဖို့ မင်းမေ့နေတာ..

ငါ့သားကို အမေတို့က ဘယ်လိုထားသလဲ..
မင်းသိပါတယ် .. အမေတို့ကမင်းစိတ်ချမ်းသာ
သလိုထားတာ

ဟော..အမေတို့က ဖူးဖူးမူတ်ထားတဲ့သား ကို

ဟိုဟာမလေးက စိတ်ဆိုးတိုင်း ပြောလိုက် ၊ဆိုလိုက်
ငေါက်လိုက် ငမ်းလိုက် နဲ့ …ဒါတင် ဟုတ်လို့လား

အိမ်အလည် လာပြီ နောက်ရက် ..ငါ့သား အပေါ်ထပ်မှာဖုန်းပြောရင် ချော့ နေတာ

အမေ ဘုရား၀တ်ပြုရင် ကြားလိုက်တာများ
ငါ့သားရယ် အမေအသားတွေပါ ဆက်ဆက်တုန်တယ်။

တကယ်ပြောတာ ..ငါ့သား..အမေ အပိုမပြောတတ်ဘူး

“ဖြူ တို့ကလေ ကြီးကြီးကျယ်ကျယ် ဆိုင်ခန်းတွေသာမပိုင်တာ စကားပြော မမိုက်ရိုင်းဖူးဘူး…

ဧည့်သည်ကိုလူလိုဆက်ဆံတတ်တယ်။

ဖြူ ..မေးပါအုံးမယ် ကြည့် အမေက အဲ့လိုပဲ
အမြဲအာကြမ်းသလား တဲ့ “

မိူချိူမျှစ်ချိုး ပြောပြီဟိုက  ဖုန်းချ သွားတာ ..

“ ငါ့သားကတော့ အ ‘ အကြီးလိုပဲ"

ဟိုကများ စိတ်ဆိုးရင် ငါ့သားမှာ အိပ်မပျော်
စားမ၀င်ရုပ်ကလေးနဲ့ ….

TuTu (မင်းပဲ)(Completed)Where stories live. Discover now