Tutu(မင်းပဲ)-36

2.8K 74 0
                                    

Tutu (မင်းပဲ)
- -( 36)- -


“အသဲ  …”
“ရှင်..”
“ ..ပစ္စည်း အသစ်၀င်လာ‌တာတွေ သွားကြည့်ဖို့.. ကိုကို ရန်ကုန်ထိသွားရမယ်ထင်တယ် …”
ရုတ်တရက် ကြားရသည့် ကြည့် စကား ကြောင့် တက်ကြွ နေသည့် သဲ မျက်နှာလေးက ချက်ချင်း ညိုးငယ် သွားပြီ..
“ဟုတ်လား …  ဘယ်နေ့လဲ .”
“မနက်ဖြန် လောက် .. စက်ပစ္စည်း တွေ ဆိပ်ကမ်းရောက်မှာဆိုတော့
ဒီနေ့ပဲ ကိုကို  မန္တလေး ပြန်လိုက်တော့မယ် …”

“ချက်ချင်း ကြီးလား …ကိုကိုရယ် .. “
“အင်း …အဲ့လိုပဲ လုပ်မှ ရမယ် ..အသဲရဲ့ ..”

အရေးကြီးတဲ့ အလုပ်ကိစ္စကြောင့် မဖြစ်မနေ ခရီး သွားရမည့် ခင်ပွန်းလောင်းကို မင်္ဂလာပွဲအတွက် သဲ ဂျီကျဖို့ စိတ်ကောက်ပြဖို့ မတွေးနိုင်ပါ..
ကိုကို ... ကားကို ဂရုစိုက်မောင်းသွားဖို့ ..
ကိုကို  ပင်ပန်းနေရင် မန္တလေးကနေ ရန်ကုန်ကို ဖလိုက်နဲ့သွားဖို့ကိုသာ
တဖွဖွ မှာနေမိသည်..
ကိုကိုကလည်း သဲ ပြောသမျှကို  ခေါင်းညိတ်ပြရင် အင်းပါအသဲရဲ့
ဆိုပြီ ထောက်ခံသည်..
ကိုကို ကားပေါ်တက်လိုက်ပြီ ကားစီယာတိုင် ကိုင်ထားသည်အထိ သဲနဲ့ အကြည့်ချင်း မခွာနိုင်..
နူတ်ကနေလည်း
“ကိုကို အလုပ်ကိစ္စပြီရင် မြန်မြန်ပြန်တက်လာခဲ့မယ်နော် .. အသဲ “ လို့
တဖွဖွ ပြောပြီ သဲကို နူတ်ဆက်သည်..
သဲကလည်း ရင့်ကျက်တည်ငြိမ်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်လို
“ကိုကို ..ဖြေးဖြေး မောင်းသွားနော် .. မန္တလေး ရောက်ရင် ဖုန်းဆက်..”
“အင်း ... အသဲ ..ကိုကို သွားပြီနော် ..”
‌ပြောပြီ ကားပေါ်တက်သွားသည့် ကိုကို့ကို သဲ ပြုံးပြလျက် တာတာ့ပြရင် ကျန်ရစ်ခဲ့သည်...
ကိုကို ရောက်လာတဲ့ နေ့ရက်ကနေစလို့ ဒီနေ့ ပြန်သွားသည့် ရက်ပေါင်း
တစ်ဆယ့်တစ် ရက် အတွင်း နံနက် မိုးလင်းကနေ မိုးချုပ် သဲ ဘေးနားမှာ
တောက်တဲ့ တစ်ကောင်လို ရှိနေသည့် ကိုကို ပြန်သွားတော့ သဲ ရင်ထဲဟာတာတာ ..
“အင်း .. သူ့ကို တောက်တဲ့ နဲ့ နိူင်းပြောတာများ ကိုကို ကြားရင် မျက်မှောင်ကြီး ကျူံ့ပြီ သဲကို ကြည့်ပါလိမ့်မယ် .. ဟွင် .. ဟွင် ..”

.
.
သဲ ကိုယ့်အတွေးနဲ့ ကို အလွမ်းဖြေရင် မင်္ဂလာပွဲ အတွက် ၀တ်စုံ ၊မိတ်ကပ် ၊ဓါတ်ပုံ ၊ အိမ်မှာ ပြင်မယ့် မင်္ဂလာပွဲ အခမ်းအနား ပုံစံ စတဲ့ စတဲ့ သဲစိတ်ကူးထဲက အရာတွေကို သဲစိတ်တိုင်းကျ ပြင်ဆင်သည် ..
ပြင်ဆင်ရင် ကိုကို့ကို အချိန်တိုင်း ဖုန်းနဲ့လှမ်း တိုင်ပင်တာကလည်း သဲ
အလုပ်ပါပဲ ..
“ကိုကို ..”
“ဗျာ ..”
“သဲ တို့ ဖိတ်စာ တွေရပြီ သိလား .. ပြီတော့ pre-wedding ရိုက်ထားတဲ့ ပုံတွေရော ရလာပြီ ... ဖိတ်စာရော .. ဓါတ်ပုံတွေရော  ဖေ့စ်ဘွတ်ပေါ်မှာ
ကိုကို့ ကို tagတွဲပြီ အခုတင်ထားတယ် .. ကြည့်လိုက်အုံး .. ဓါတ်ပုံထဲမှာ သဲအရမ်းရမ်းလှတယ် .. ဟီး..ဟီး”
ဖုန်းထဲကနေ ကြားရသည့် အသံလေးကတောင်  ရွှင်မြူးပြီ တစ်ဖက်လူကို
ပြုံးစေနိုင်သည့် သဲ အသံလေးပါ ..
ဒါ့အပြင် သဲကညတိုင်း ဖုန်းဆက်ပြီ သူမ ရဲ့ တစ်နေ့တာ ဘာတွေ လုပ်ခဲ့တယ် ၊ ဘယ်တွေသွားခဲ့တယ် ၊ ဘယ်သူတွေနဲ့တွေ့တယ် ၊ သူမ အမျိုးတွေကသူမလေးကို ဘယ်လို ပြောတယ် သူငယ်ချင်းတွေက သူမလေးကိုဘယ်လိုစတယ် ... ဤသည် မရွေး ကြက်တူရွေးမလေးလို သူမကိုကို့ ကို ပြန်ပြီ တိုင်ကျောထူ တတ်သည်...
“ကိုကို ..”
“ဗျာ ..”
“သဲ ကိုကို့ကို tagတွဲပြီ တင်တဲ့ ပိုစ့်အောက်မှာ လာမန့်တဲ့ တစ်ယောက်လေ ..သူ့ကွန်မန့်ကြီးက တစ်မျိုးပဲ ..”
“ဘယ်သူလဲ ..”
“ကိုကို ၀င်ကြည့်လိုက် .. ကိုကိုဖရန့်ထဲက တစ်ယောက် မန့်ထားတာ.”
သဲက ပြောလာတော့လည်း ဖုန်းပြောရင် လက်ပ်တော့ယူ အကောင့်
ထဲ၀င်ပြီ ကြည် ၀င်ကြည့်လိုက်သည် ..
ကြည် နဲ့ သဲရဲ့  မင်္ဂလာဖိတ်စာ နဲ့ pre-weddingဖိုတို အောက်မှာ
ကြည့်သူငယ်ချင်း အရင်းတွေ နဲ့ ကြည့် စီးပွားရေးပါတနာတွေက ကွန်ကရက်ကျူးလေးရှင်း 🎉🎉
အားကျတယ် 💓💞
ရူ့ခင်းကြီးက လှလိုက်တာ❣️❣️ လို့မန့်ထားကြပြီ အကောင့်တစ်ခုပဲ
“နင် ပျော်ပါစေ ငါဆုတောင်းပေး နေတယ် ..”
ဘာလဲ ဟ သဲ ပြောလည်း ပြောစရာပဲ နိမ်းကိုကြည့်တော့လည်း နာမည်အရင်းမဟုတ်ဘဲ ကြည်မသိတဲ့ နာမည်တစ်ခု ၊ဘယ်လိုလုပ်ပြီ
ကြည်နဲ့ ဖရန့် ဖြစ်ထားလည်း ကြည် မသိ တော့ပါ ..
“ဟဲလို ..အသဲ ..”
“အင်း ..ကိုကို ကြည့်ပြီပြီလား ..”
“ကြည့်ပြီပြီ ..ကိုကို မသိပါဘူးကွာ ..”
“ဟင့် .. သိပ်လည်း မခင်ဘဲနဲ့ သူများ ဖိတ်စာ နဲ့ ဓါတ်ပုံတွေအောက်မှာ
ပန်နုသွေးပြီ လာမန့်ထားတယ် .. စိတ်ပျက်လိုက်တာ လူတွေကလည်း
ယဉ်ကျေးမူ့လည်းမရှိကြဘူး ..မသိရင် ကိုယ်တွေနဲ့ ပက်သက်ပြီ သူက အသဲကွဲ ဖူးသလိုလို ဘာလိုလို နဲ့
ပေးထားတဲ့ reactက လည်း sad reactကြီး လာပေးထားတာ ..”
“ကဲပါကွာ ... ဆိုရှယ်ပေါ်က ဟာတွေကို.. ကိုကို့အသဲက ဘာလို့ လိုက်ခံစားနေမှာလဲ .. “
“ဪ ..တမင်တကာ လိုက်ခံစားတာတော့ ဘယ်ဟုတ်မလဲ ကိုကိုရဲ့
သဲတင်တဲ့ ပို့စ်အောက်မှာ တမင်သက်သက် မြင်အောင် လာခံစားပြနေတာ မြင်နေတော့လည်း အကျိုးအကြောင်း ဆင်ခြင်ကြည့်ပြီ ပြောပြတာပါ ..”
“အင်းပါ ..ဟုတ်ပါပြီ ..ကိုကို့အသဲ ညစာ ဘာစားထားလဲ ..”
“ မုန့်လာဥနီ ဖျော်ရည်နဲ့ ကြက်ပေါင် တစ်ပေါင် စားထားတာ ..”
“ဒါပဲလား ..”
“အင်း..ဟုတ်တယ်လေ ..ဗိုက်ချပ်အောင် လေ့ကျင့်ခန်း မိနစ် ၃၀လုပ် လမ်းခဏလျှောက်လုပ်လိုက်တာ ဗိုက်မဆာပါဘူး .. သဲ ဗိုက်‌ ခေါက်မှာ အမြှောင်လေးတွေတောင် ထွက်လာသလိုပဲ ..”
“လှနေပြီးသား ကိုကွာ  အသဲကလည်း .. အစားများများ စားမှပေါ့ .
ဒါမှ ကိုကို့ အသဲ မင်္ဂလာ ဦးညမှာ အားရှိမှာ …ဟဲ ..ဟဲ “
“ကိုကိုနော် ..”
“ဘာကိုကို နော်လည်း အမှန်တိုင်းပြော‌ နေတာကို ကောင်မလေးက ..လာရှက်နေတာ ..”
“အံ့မယ် ..မရှက်ပါဘူး ..ဘယ်သူက ရှက်လို့လဲ .. ကိုကိုသာ အလုပ်တွေဖိလုပ် ဟို ခရီးထွက် ဒီ ခရီးထွက်နဲ့ မင်္ဂလာဦးည‌ ရောက်မှ
အားပျက် နေမှာစိုးရိမ် သိလား ..”

“အောင်မာ .. စောင့်ကြည့်စမ်းပါ .. စွာနေတဲ့ ကောင်မလေးကို
မင်္ဂလာဦးညမှာ ကောင်းကောင်း ဆုံးမပြမယ် ..”
“အမယ်လေး စောင့်ကြည့်ပါအုံးမယ် ..”
“စောင့်စရာမလိုအောင် ကိုကို အခုလာခဲ့ရမလားပြော ..”
“သတ္တိရှိရင် လာခဲ့လေ ..”
“စိန်ခေါ်တာပေါ့ ..”
“ဟုတ်တယ်လေ …ကိုကို တောင်ပံ မပါတာ သဲသိနေလို့ .. ဟီး..ဟီး“
“အင်းပါ … ရယ်ထား ..ရယ်ထား  ရန်ကုန်ကနေ မန္တလေးပြန်ရောက်တာနဲ့
ကောင်မလေးကို ဆုံးမဖို့ မိုးကုတ် ချက်ချင်း တက်ခဲ့မယ် ..”

“တက်ခဲ့ပါ …ကြောက်မနေပါဘူး .. သဲမှာလည်း ဗလ မရှိပင်မယ့် 'ဇ'ရှိပါတယ်နော် ..”
“‌အေးပါ.. စိန်ခေါ်နေတဲ့ ကောင်မလေး ဘယ်လို နူတ်ဆိတ်သွားမလဲ
ဆိုတာ အစွမ်းပြရမှာပေါ့ .. ဟဲ ..ဟဲ ..”

“ဘာ .. ဟဲ ..ဟဲ လည်း ရယ်သံကြီးကလည်း နှာဘူးကြီးကျနေတာ ..”
“အို .. ကိုယ့်မိန်းမကို နှာဘူးတာ ဘာဖြစ်လဲ ..”
“ဟာ .. ကိုကို ..”
“ဗျာ ..မိန်းမ ..”
“မခေါ်သေးနဲ့ အုံးဟာ …နားယား တာ .. ရင်ထဲလည်း တစ်မျိုးကြီးပဲ ..”
“ဘာလဲ..မိန်းမလို့ ခေါ်တာလေးနဲ့တင်  ရင်ခုန်သံတွေတိုးလာလို့လား ..”
လေသံ တိုးတိုးဖြည်းဖြည်းလေးနဲ့  သဲကို လာညုနေတဲ့ ကိုကြည်အသံကြောင့်
“ကိုကို … “
“ဗျာ ..”
“ဖုန်းထဲကနေ လာမကျူနဲ့ ..”
“ကျူမှာပဲ  ကိုယ့်မိန်းမ ကို .. “
“ကိုကိုနော် ရန်ကုန် သွားတာနှစ်ရက်ပဲကြာသေးတယ် ..
ရန်ကုန်သားတွေလို့ တော်ကီတွေ လွှတ်ကောင်းပြမနေနဲ့ ..
အလုပ် နဲ့ပဲ သက်သေပြ .. ပစ္စည်းတွေ ရောက်ရင် မြန်မြန်ပြန်လာခဲ့ ..ဒါပဲ ..”
“ဟုတ်ကဲ့ပါ ဗျာ .. ကိုကို ကလည်း ကိုကို့အသဲကို လွမ်းလွန်းလို့
အတောင်ပံ တောင်ပေါက်ချင်နေပြီဗျ ..သိရဲ့လား ..”
“မသိဖူး …တောင်ပံပေါက်တာ ပြဿနာ မဟုတ်ဘူး ချို မပေါက်ဖို့ပဲ
အရေးကြီးတယ် ..ဒါပဲ ပြောလိုက်မယ် .. ပြီတော့ သဲရဲ့
မျက်စိကွယ်ရာ နားကွယ်ရာ ဆိုပြီ လုပ်ငန်းအရ စီးပွားရေးအရတွေ အားနာတာတွေ တစ်ခုမှ မကြားချင်ဘူးနော် ..”
“ဟုတ်ကဲ့ပါဗျာ ..မကြားစေရပါဘူး ..မနက်ဖြန်ည‌ နေပိုင်းကျရင် မန္တလေးပြန်လာတော့မှာ ပါဗျ  … လက်ဆောင် ဘာမှာအုံးမလဲခင်ဗျ..”
“အင်း.. သိပ်အများကြီးမလိုချင်ပါဘူး …ဗိုလ်ချုပ်ဈေးထဲက အ၀တ်စားနဲ့ ဖိနပ် တွေ အကုန်သိမ်းခဲ့ ..ပြီတော့  ဂျေဒိုးနက်ကို တစ်ဆိုင်လုံးသိမ်းခဲ့ ...”

“တော်ပြီလား .. ဒါပဲ လား .. “
“အင်း ..  “
“ဒါလေးပဲ လားကွာ အသဲရာ ..”
“အံ့မယ် ..လုပ်သေးတာ ..ဘာမှထပ်မမေးနဲ့တော့.. သဲကလျှောက်ပြောနေတာ ဘာလက်ဆောင်မှ မလိုချင်ဘူး .. ကိုကိုပဲ
မြန်မြန် ပြန်လာခဲ့ …ကိုကို ပြန်လာမှ အတူတူ ဖိတ်စာ သွားပို့ရမယ့် အိမ်ရှိသေးတယ် ..”
“ဘယ်သူ့အိမ်လဲ ..”
“ပြောမပြပါဘူး စပရိုက် ..”
“လုပ်ပြီကွာ ..အသဲကတော့ ..”
“ဟီး..ဟီး .. အဲ့တာ ကိုကို့ကို ချစ်လို့ ..”
“ကိုကို ကလည်း အသဲကို အများကြီးချစ်တယ်  ပြီတော့ ကိုကို့အသဲလေးလည်း လိမ်လိမ်မာမာနေနော် ..
  သူငယ်ချင်းတွေနဲ့ ညဈေးတန်း နေ့တိုင်းမသွားနဲ့ ၊ ကိုကို မပါပဲ
ကန်ဘောင် မှာ တစ်ယောက်တည်း လမ်းမလျှောက်နဲ့ ..”

“အင်းပါ..ဒါပဲလား ..”
“ ..နွေရာသီ ဆိုပြီ လက်တို နဲ့ စကပ်တိုတို လေးတွေ မ၀တ်ရဘူး ..”
“ဟုတ်ကဲ့ပါ ..သဲက ဂါ၀န် လေးတွေပဲ ၀တ်တာ ကိုကို စိတ်ချ ..”
“ ဂါ၀န်လေးတွေ မ၀တ်နဲ့ ဂါ၀န်ကြီးတွေ ၀တ် .. အင်္ကျီသေးသေးကျပ်ကျပ်လေးတွေ လျှောက်မ၀တ်နဲ့ ..”
“ဟင့် .. ကိုကိုကလည်း နွေရာသီကြီးကို ဂါ၀န်ကြီးကြီးတွေ၀တ်တော့ သဲကို အရူးလို့ထင်မှာပေါ့ ..”
“ထင်ပါစေကွာ .. ကိုကို့အသဲ လုံလုံခြုံခြုံ ဖြစ်ပြီးတာပဲ ..”
“အင်းပါ..အင်းပါ .. လုံလုံခြုံခြုံ ဖြစ်အောင် ခေါင်းစွပ် တွေ  ရော ခြေစွပ်တွေရော စွပ်ထားမယ်သိလား ..”
“ခေါင်းစွပ်တွေ ခြေစွပ်တွေထက် ရင်ဘက်ကနေ ခြေမျက်စိထိ လုံဖို့ လိုနေတာနော် … အသဲ ..”
“ဟင့် ..ကိုကိုကလည်း အခုတလော ရာသီဥတုပူနေတာ ..”
“အိမ်ထဲ မှာပဲ နေ..”
“အိမ်ထဲမှာနေလို့ ဘယ်သူက ထမင်းကျွေးမှာလဲ..”
“ယောက္ခမကြီးက ထမင်း မကျွေးဘူးလား ..”
“အလုပ်မလုပ်ရင် မေမေက ထမင်းမကျွေးနိုင်ဘူးတဲ့ ..သိလား
အဲ့တာ ကြောင့် သဲမှာ ကိုယ်ဆောင်မယ့် မင်္ဂလာဆောင်လေး ခမ်းခမ်းနားနားဖြစ်အောင် စီစဉ်လိုက်ရ ၊ မေမေ ကြည်ဖြူအောင်
ဆိုင် မှာ သွားထိုင်ပေးလိုက် လုပ်နေရတာသိလား … “

“ကျွတ်… ကျွတ် သနားပါတယ် ကိုကို့အသဲလေး .. ယောက္ခမကြီးကလည်းကွာ .. သမီးလေး တစ်ယောက်တည်းရှိတာကို
ခိုင်းရက်တယ်နော် .. အသဲက မွေးစားသမီးလေးမို့လို့ နေမှာနော် ..”

“အင်း.. ဟုတ်‌ လောက်တယ် ..  အမားကို မေးကြည့်လိုက်မယ် ..”
“ဟာ …အသဲ မမေးနဲ့လေ ..စနေတာကို ..”
“မေးမှာပဲ ..”
ပြောပြီ တကယ်ကြီး သဲက သဲ‌ မေမေကို လှမ်းခေါ်သံ  ဖုန်းထဲကနေ ကြည် ကြားလိုက်ရသည်..
“အမား.. ကိုကို ..”
ဆိုပြီ သဲ က သူမအမေ လက်ထဲ ဖုန်းထဲ ပေးသည်..
“ဟဲလို …အေး သား ကိုကြည် ပြော ..”
“ဟဲလို ..အမား လား ..”
“အေး ..ပြော ..”
“နေကောင်းလား ..အမား ..”
“ကောင်းတယ် .. ကိုကြည် .. သားရော ရန်ကုန်မှာ လား..”
“ဟုတ်တယ် အမား .. သား မနက်ဖြန် မန္တလေးပြန်လာမှာ ..အမား
ဘာမှာစရာရှိသေးလဲ ..”
“မှာစရာ မရှိပါဘူး … အိမ်က မင်းသာလိကာ မလေးသာ ငြိမ်ငြိမ်နေအောင်
မြန်မြန်လာထိန်းစမ်းပါ … တစ်နေ့ တစ်နေ့  မျက်စိတွေနောက်နေတာပဲ ဘာတွေ အရေးကြီးနေမှန်းလည်း မသိဘူး ...အပြင်ကို သွားလိုက် အိမ်ပြန်လာလိုက်နဲ့  ..အလုပ်တွေရူပ်နေတာ .. ပြောရင်လည်း မကြိုက်ဘူး ..
ပြောရင် မေမေ ကလည်း မေမေကလည်း နဲ့ပြန် ချွဲ ပြဖို့ ပဲတတ်တယ်..”

“မေမေနော် … သဲကို ..”
“ဘာ သဲကိုလည်း  ..အမား မှန်တယ် ..အသဲ  တော်တော်ဆိုးနေတာပဲ”
“ဘာဆိုးတာလဲ .. ကိုကိုလည်း သေချာ မသိဘဲနဲ့  ရမ်းအော် ရော်အမ် လုပ်မနေနဲ့ …”
“သဲသဲ  .. ဘာလို့ အဲ့လိုကြီး ပြောတာလဲ ..”
“ရတယ် အမား အသဲက အဲ့လိုပဲ …တွေ့တော့မှ သားဆုံးမလိုက်မယ် ..”
“အေး  အေး ..”
‌” မေ့မေ့ ..ဘာအေးအေးလဲ ..မေမေ့ ..သမက်လောင်းလေးနဲ့ကျ လေပေးဖြောင့်ပြီ သမီးကို ကျတော့နော် ..”
“မား သဲသဲကို ဘာပြောထားလဲ.. မေမေ့သဲသဲ  စကားပြော မမာရဘူး လို့ ‌ပြောထားတယ်..ရင့်ရင့်သီးသီး လေသံမာမာနဲ့ မောက်မောက်မာမာ စကားတွေမပြောရဘူးလို့ ပြောထားတယ်.. မှတ်မိလား ..”

“ဟုတ် .. သဲသဲ သိတယ် .. သဲသဲ မှတ်မိတယ် ..ဒါပင်မယ့် ကိုကိုက လာပြီ အရင်အော်တာလေ .. အမားပဲ မဟုတ်ရင် မခံနဲ့ လို့ ဆုံးမထားတာလေ
ဟုတ်တယ်မို့လား ..”
သူမ မေမေ ကို ခပ်ချွဲချွဲ ပြန်ပြောတော့ သူမအမေက အတတ်မ‌ လေးကြောင့် ပြုံးလိုက်ရင်သက်ပြင်းချ၊ သဲကို မျက်စောင်းလေးထိုး၊ ကြည် ကို ဖုန်းထဲက‌ နေ လှမ်းနူတ်ဆက်ပြီ သဲလက်ထဲဖုန်း ပြန်ထည့် ပြီးတာနဲ့
တီဗီကြည့်ဖို့ ထသွားသည်..

တစ်ဖက်က ကြည်ကတော့  ရယ်လျက်
“ဟဲလို …အသဲ ..”
“ဘာ အသဲလည်း .. ကိုကို ကြောင့် မေမေ ဆူသွားတာ ..”
“ဟုတ်လား ..ကိုကို့အသဲ  နာသွားသေးလား ..”
“ဘာ ဟုတ်လား လဲ အကုန်ကြားရဲ့သားနဲ့ .. နာသွား သေးလား
လာလုပ်နေတာ .. သွား မခေါ်တော့ ဘူး .. ဒါပဲ ..”
“မ..ဒါပဲပါနဲ့  အုံး .. ကိုကို့ အသဲ ရန်ကုန်ပြန် လက်ဆောင် ဘာလိုချင်လဲ
ပြောပြပါအုံး ..”
“ဘာမှ မလိုချင်ပါဘူးဆိုမှ  ခဏခဏ လာမေးနေတာ ..”
“ဟုတ်လို့လား … ရေမွှေးတွေ ဘာတွေ  ၀ယ်ခဲ့ရအုံးမှာလား..”
“မ၀ယ်ခဲ့နဲ့ ..သဲ သူငယ်ချင်း လက်ဆောင် ပေးထားတောင် မသုံးရသေးဘူး
ရှိသေးတယ် .. လျှောက်မ၀ယ်ခဲ့နဲ့ ပိုက်ဆံကုန်တယ် ..”
“အသဲကလည်းကွာ .. ကိုကို့မှာ  သဲ လိုချင်တာလေး ၀ယ်ပေးဖို့ လောက်တော့ တတ်နိုင်ပါတယ် ..”
“ဘာမှ မလိုချင်ပါဘူးဆိုမှ တတ်နိုင်တယ် လာလုပ်နေတာ
ဒီလောက်တောင် ၀ယ်ပေးချင်နေလည်း  ရန်ကုန်က လောချဉ်ချဉ် လေး
တစ်ယောက် လောက် ရှာ၀ယ်ခဲ့ ပေး သိလား ..ဒါပဲ .. ဖုန်းချလိုက်တော့မယ်..”

သူမပြောချင်တာတွေ လျှောက်ပြော ၊ လျှောက်စပြီသည်နှင့် သဲက ပြုံးစိစိ ဖြင့် ဖုန်းချပစ်သည်..

ကြည်ကတော့ သူမလေး ပြောသွားသည့်
“လောချဉ်ချဉ် “ဆိုသည့် စကားလုံးကို  အဖြေရှာ နေသည် ..

“လောချဉ်ချဉ်” ဆိုတာ ဘာတံဆိပ် လဲဟ ..

(ကဲ … လောချဉ်ချဉ် က ဘာတံဆိပ်လဲ .. ကျွန်တော်လည်း မသိပါ ..
မင်္ဂလာဆောင် အကြောင်း ရေးမယ် ဆိုပြီ ရေးချလိုက်တာ  လောချဉ်ချဉ်
ဖြစ်သွားတဲ့ အတွက်လည်း တောင်းပန်ပါတယ် 😔😬..

ဇာတ်လိုက် နှစ်ယောက်က ညားတော့ ညားမှာပါပဲ ..
ဘယ်လို ညားမလဲ ဆိုတာ စောင့်ဖတ်ပေးကြပါလို့စ် တိုက်တွန်းရင်
“စာဖတ်ရင် သောက တွေ  ခဏလောက် ငြိမ်းနိုင်ပါစေ 💙”
Ps: စာတင် ချိန် မမှန် ရက်မမှန်နိုင်တာကို နားလည် ခွင့်လွှတ်ပေးကြပါ ✌️✌️
>>>>ဆက်ရန်

ကြိုးစား ရေးသားပါအုံးမည်
#Skykyiphyu













TuTu (မင်းပဲ)(Completed)Where stories live. Discover now