Tutu(မင်းပဲ)-15

3.4K 95 0
                                    

Tutu (မင်းပဲ)
- -(15)- -

အတွေးလွန် အငေးလွန် ဘာမွှန်နေလို့  အပေါက် မှာရပ်နေတဲ့

လူတစ်ယောက် လုံးကိုမမြင်နိုင် ခလုတ်တိုက်လိုက်ရသလဲ ဆိုပြီ
ကြည့်အမေ နှင့်အစ်မက ကြည့်ကို ၀င်ပြောသည်။

ကြည် ကို ဒီလို  ပြောတာကို တော့ သဲက သိပ်ကြိုက်ပုံမရ။

သူမကိုကို့ကိုသူမသာ အော်ချင် ၊ဆူချင်၊ စိတ်ကောက်ချင်သည့် အတ္တစိတ်ကလေးရှိတာကြောင့်

“မေမေကြည် တို့ကလည်း သဲက ကိုကို့ ကို ကဲပြချင်လို့အော်လိုက်တာပါ ၊ အဲ့သလောက်လည်း မနာပါဘူး ၊သဲ နဖူးလေးပဲနည်းနည်း‌ လေးနာသွားတာ “

သူမက ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့လည်း ဒေါ်ကြည်စိန်တို့သားမိနှစ်ယောက် ပြုံးပြုံး ဖြင့် ပါးစပ်ပိတ်သွားကြသည်။

သားတော်မောင် ကြည်လင်ကို ဒေါ်ကြည်စိန်တော်တော်ချစ်ပါသည်။

သူ့စက်ပစ္စည်းဆိုင်က ပစ္စည်းတွေထက်ပိုပြီ သားတော်မောင်ကို မျက်စိဒေါက်ထောက်ကြည့်တတ်သည်။

ကြည့်ရင် သူမမျက်စိ ထဲ အမြင်မတော် ၊တော်တာက‌ လေးများရှိရင် ကလေးတစ်ယောက် လိုအော် ဆူ ငေါက်ငမ်း၊ ပြီခါမှ ပြန်ချော့တတ်သည့် အကျင့် ကို အခုချိန်ထိ မပြင်နိုင်သေး။

ကြည် ကတော့ သူ့အမေ၏ ထိုအကျင့်ကြီး ကို မကြိုက်သော်လည်း

အော်ဟစ် ပြန်ပြော ရသည်ကိုလည်း မကြိုက်တာကြောင့် လျစ်လျူရူ့နေတတ်သည်။

သဲကလည်း ကြည်တို့အိမ်မှာ နေလာတာ လအသင့်အတင့် ရှိသည်မို့ ကြည်တို့ အိမ်သူ အိမ်သားတွေ အကြောင်း သိသင့်သလောက်သိလာသည်။

အထူးသဖြင့် သူမကိုကိုကြည် ‌အကြောင်း -

ပါးစပ်ကနေတော့ အထွေအထူးပြန်မပြောတတ် ပြီလျှင် သူလုပ်ချင်ရာ ကောက်လုပ်တတ်သည့် အကျင့်ရှိသည်။

ကိုကိုကြည် ဘာမှပြန်မပြောဘဲ သူလုပ်ချင်ရာလုပ်လိုက်လျှင်လည်း

အာပူတတ်သည့် မေမေကြည် နှင့်မမခင်မျိုး ပါးစပ်အဟောင်းသားဖြင့်သာထိုင်ကြည့်နေတတ်၏။

TuTu (မင်းပဲ)(Completed)Where stories live. Discover now