Tutu(မင်းပဲ)-26

3K 86 0
                                    

Tutu (မင်းပဲ)
- -(26)- -

မြင်းကောင်ရေ ၂၂ ကောင် စွမ်းအားရှိတဲ့ စက် တစ်ပတ်ရစ်

၁၀လုံးလောက် ဆိုင်ထဲ နေရာချ ပြီးသည်နှင့် ကြည် နဲ့အတူစက်အင်ဂျင်ပိုင်းကျွမ်းကျင်သူ ကိုတူး တို့ စက် အခြေအနေ လိုက်ကြည့်သည်။

ဒီဇယ် သုံး စက်တွေမို့  ဂေါက် လို့ခေါ်သော စက်နိူးတံကိုသုံး လက်ဖြင့်အားရပါးရ လှည့်ပြီ စက်ကို နိူးကြည့်ကြသည်။

နိူးရင် ကိုတူးက ..

“ဟျောင့် ..ကြည် စက်‌ တွေက ဈေးပြောပြီးပြီးလား ..”

“ယတိပြတ်တော့ မပြောရသေးဘူး အနည်းဆုံးဈေးတော့သတ်မှတ်ပေးထားတယ် … စက်‌ တွေအခြေအနေ ပြန်ကြည့်ပြီမှဈေးပြန် ညှိမှာ ….”

“ရွာဖက်က ငါ့လူတစ်ယောက်က မေးနေတာ ..ဒါမျိုး ၂၂ကောင်ထဲကပဲ

သူတို့ ခြံ ရေသွင်းရင် သုံးဖို့ လိုချင်နေတာ .. ဈေးသင့်ရင် ငါ့လူကိုလာကြည့်ဖို့ ဖုန်းဆက်လိုက်မယ် ..

မင်းက ဘယ်ဈေးလောက် မှန်းထားလဲ
တစ်ခါတည်းပြောလိုက် …”

“လုပ်လိုက်လေ …ကိုတူး လူပဲ.. ကျွန်တော်လည်း ဘာမှ ထပ်မထည့်ရဘူး
ဆိုရင် အမြတ်နည်းနည်း နဲ့ ထုတ်ရောင်းမှာပဲ ..”

“အေး …အဲ့ဒါဆို ငါ့ ဖုန်းဆက်လိုက်မယ် ..”
“ဆက်လိုက် လေ…”

ဟိုဖက်ကလည်း အောက်ကြေးနဲ့ရထားတဲ့ သူ့စက်တွေ ဆိုင်နေရာ မရှိတာနဲ့ကြည့်ကို ဇွတ်ရောင်းချင် ၊

ကြည်ကလည်း သူ့မြတ်ဖို့ ဂဏန်းများများမြင်တာနဲ့  ၀ယ်ဖို့ သဘောတူလိုက်တာ ကြည်မှန်သွားသည်..

ပစ္စည်းအသစ် ပေါက်ဈေး တစ်၀က်မက ရောင်းဈေးရတာမို့

စက်တစ်လုံးကို အမြတ်က မလွဲမသွေ သိန်းဂဏန်းရမှာသေချာသည်..

“ငကြည်တို့တော့ ပွပေါက်ကြီးပဲ ..”
ဖုန်းဆက်ပြီးနောက် ကိုတူးက ကြည့်ကို လှမ်းပြောသည်..

“ဘာဖြစ်လို့ ..ခင်များလူက ဆယ်လုံးစလုံးယူမှာလား ..”

ကြည်က ပြန်နောက်တော့ ကိုတူးက..

“ငိုးမ ငကြည် ဇွတ်ချည်းပဲ .. ဆယ်လုံးစလုံးတော့ ဘယ်ယူမလဲ
နှစ်လုံး ကတော့ သေချာပြီ ..ငါ့ကောင် ..ငါ့လည်း ပွဲခ ထည့်တော့ ..”

TuTu (မင်းပဲ)(Completed)Where stories live. Discover now