Tutu (မင်းပဲ)-52

3.2K 60 0
                                    

Tutu(မင်းပဲ)
- -(52)- -

“ဖေဖေရေ ..ဖေဖေ .. ဖေဖေ လို့ .. မြန်မြန်လာ ..
မြန်မြန်လာ လို့ ..”

“ဘာဖြစ်လို့လဲ ကွာ .. သားကြီးကလည်း  ဖေဖေ အ၀တ်တွေ လှန်းလို့မပြီးသေးဘူး..”

“သားသား ကူလှန်းပေးမယ် .. အခု အမြန်လာ ..
မေမေ့ ဗိုက်ထဲက ညီမလေး ကန်နေတယ် ..”

သားခေါ်‌တော့ ကြည် တစ်ယောက် မဆိုင်းမတွ အိပ်ခန်းထဲက ကုတင်ပေါ်ကမိန်းမ အနား အမြန်သွားပြီ မိန်းမ ဗိုက်ကလေးကိုကိုင်ကြည့်သည် ..

သူ့လိုပင် ကောင်းကောင်းကလည်း  မေမေ့ ဗိုက်ကို ကိုင်ကြည့်ရင်

“ဖေဖေ တွေ့လား ညီမလေးက ဆော့နေတာ ..”

သားအပြောကြောင့်  သူရော သဲပါ ရယ်မိလိုက်ကြသည် …

.
.

“ဖေဖေ .. မေမေ မနိုးသေးဘူးလား ..”
“အင်း .. သားမေမေ အိပ်နေ‌ သေးတယ် ..

သားသား ဘာသာ သွားတိုက် မျက်နှာသစ် လုပ်ထားနှင့်ကွာ …

ဖေဖေ သားသားစားဖို့  နံနက်စာ သွား၀ယ်ပေးမယ် … သားသား ဘာစားချင်လဲ ပြောလိုက် …”

“နံပြား ထောပတ်သုတ်ကို ပဲနဲ့ ဖေဖေ .. “
“နွားနို့ ရော သောက်အုံးမလား ..”

“တော်ပြီ ဖေဖေ .. မေမေ သားအတွက် ပဲနို့ ၀ယ်ထားပေးတယ် ..”

ကောင်းကောင်း  ဖေဖေ နံနက်စာ သွား၀ယ်နေချိန်  ရေချိုးခန်းထဲ၀င် ကောင်းကောင်း အ၀တ်စားအပေတွေကို အ၀တ်လျှော်စက်နားက ခြင်းထဲထည့်..

  ကောင်းကောင်းအတွက် မေမေဖြည့်ပေးထားတဲ့ ရေချိုးကန်သေးသေးလေးထဲကနေ ရေခပ်ချိုး၊ ရေချိုးရင်  သွား‌ တွေ ဘာတွေတိုက် ခေါင်း တွေလည်းလျှော်  တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ရေချိုးရတာကြောင့် ရေအကြာကြီးချိုးပြီ ကောင်းကောင်း ဆော့ချင်နေပင်မယ့်  ဖေဖေ ပြန်မလာခင် ရေချိုးပြီးချင်တာကြောင့် မြန်မြန်ချိုးလိုက်သည် …

ကောင်းကောင်း အခုဆို Grade-1 ရောက်နေပြီမို့ မေမေနဲ့ ဖေဖေက ကျောင်းကို လိုက်မပို့တော့ပဲ ကောင်းကောင်းတို့ ဆိုင်ရှေ့ထိ  လာခေါ် လိုက်ပို့သည့် စကူးဘတ်စ်နှင့် ကျောင်းတက်နေပါပြီ …
ဒါ့အပြင်  နေ့လယ်စာအတွက် မေမေထည့်ပေးတဲ့ ထမင်းဘူးကို မယူပဲ ကျောင်းကန်တင်းကနေ ကောင်းကောင်း ထမင်းမှာစားတတ်သည် ..

TuTu (မင်းပဲ)(Completed)Where stories live. Discover now