Tutu(မင်းပဲ)-14

3.4K 99 0
                                    

Tutu (မင်းပဲ)
- -(14)- -

“မဟုတ်ဘူး အသဲက ကိုကို့အသဲ မဟုတ်ဘူး
အသဲက ကိုကို့ ရဲ့  ဇနီးလောင်း ..
ကိုကို ထာ၀ရ ပေါင်းဖက် သွားရမယ့် ကိုကို့ ဇနီး “

ကြည့်လက်တွေ ကို ကိုင်ထားရင်  ကြည့်မျက်လုံးတွေကို သေချာစိုက်ကြည့်ရင် သဲကစကား‌လုံးတွေကို လေးလေးနက်နက်ပြောလိုက်သည်။

သူမအပြောကြောင့် ကြည်က သူမခါးလေးကို အတင်းတိုးဖက်ရင်

“ဟုတ်တယ် …အသဲက ကိုကို့ ဇနီးလောင်း .. ကိုကို့ရဲ့ အက်မိူလေး..

ကိုကို့ရဲ့ သကြားခဲလေး ကိုကို့ရဲ့ soulmate ၊ ကိုကို့ရဲ့ right personကိုကို့ရဲ့ 🍬 လေး …”

ကြိုတင်စီစဉ်ထားတာမရှိပဲ တွေ့ကရတွေ လျှောက်ပြောတဲ့ကြည်ရဲ့ စကားကြောင့် သဲက  ပြုံးသည်။

သူမခါးလေးကို ဖက်ထားသည့်ကြည့်လက်တွေက အကြာကြီး နေတော့ နေရခက်တာကြောင့် သဲက

“ကိုကို..သဲ ..မက်တပ်ရပ်နေရတာညောင်းလာပြီ ..နည်းနည်းဖယ်ပေးပါ့လားဟင် “

သူမက တောင်းဆိုတော့မှ သူမဗိုက်ချပ်ချပ်လေးပေါ် မျက်နှာအပ်ထားမိတာကို ကြည်က သတိထားမိပြီ

“ဆောရီး ..အသဲ.. ကိုကို က အသဲ စိတ်ဆိုးပြီ
ထွက်သွားမှာစိုးလို့” ဆိုပြီ စကားတွေ ထစ်ထစ်ငေါ့ငေါ့ဖြင့် ကြည်ကရှင်းပြသည်။

သဲက ကြည့်ပုံစံကို ကြည့်ရယ်ရင် ကြည် ပေါင်ပေါ်ထိုင် ကြည့်ရင်ခွင်ထဲတိုး၀င်လိုက်သည်။

ကြည်က လည်း သူမလေးကို ပျောက်သွားမှာ စိုးရိမ်သည့်အလား

သူမလေးကို တိုးဖက်ထားပြီ သူမနဖူး၊ ဆံနွယ်လေးကို နမ်းရိူက်‌လိုက်၏။

💙💙💙

သဲက ကြည့်ရင်ခွင်ထဲကနေ ကြည့် လက်ချောင်းတွေကို ယူဆော့ရင်

“ကိုကို့ ကို ဖုန်းခေါ်လာတာ ဒါက ပထမဦးဆုံး အကြိမ်လား “

“အင်း ..”
“ဘာပြောချင်လို့ ဖုန်းဆက်လာသလဲဆိုတာ ကိုကို မသိချင်ဘူးလား “

“ဟင့်အင်း… ကိုကိုမသိချင်ဘူး “
“သဲ ကြောင့်လား “

“မဟုတ်ပါဘူး…ကိုကို ကိုယ်တိုင် မသိချင်တော့လို့ ..”

TuTu (မင်းပဲ)(Completed)Where stories live. Discover now