Tutu(မင်းပဲ)-34

2.9K 70 0
                                    

Tutu(မင်းပဲ)
- -(34)- -

“ဟင့် … လိုက်ရဲပါဖူး .. ကိုကို က သဲကို ရောင်းစားခဲ့ရင်ဘယ်နှယ့် လုပ်မလဲ .. ကြောက်စရာကြီး…”

သဲစကားကြားသည်နှင့် ကြည်က သဲနဖူးကို လက်နဲ့တောက်လိုက်ပြီစိတ်မရှည်သံကြီးဖြင့်

“အသဲ ..မင်းကလေ ဘယ်တော့မှ စကားကောင်း ပြောလို့မရဘူးသိလား … ခံစားချက်ကြီးနဲ့ အတည်ပြောနေရင် ထထ ဖောက်တာရောဂါ လားပဲ..

၊ရောင်းစား‌ဖို့ ပေါင်စားဖို့ မပြောနဲ့ ငါ ဖာသာ ငါတောင် မင်းကို ကြည့်လို့မ၀ ချစ်လို့မ၀ ဖြစ်နေလွန်းလို့ရူး ချင်နေတာသိလား ..”

“သိဖူး … ဟီး.. ဟီး .ကိုကိုကလည်း မရူးပါနဲ့ ဟာ..”

ကြည်က စိတ်ပျက်စရာ ကောင်းတယ်ကွာ ဆိုသည့် အကြည့်မျိုးဖြင့် သဲကိုကြည့်ပြီ သူ့မျက်နှာကို တစ်ဖက်လှည့်လိုက်သည်။

သဲက အပြုံး မပျက် ရယ်လျက် ကြည့်ကျောပြင်ကို အတင်း သိုင်းဖက်သည်။

“ကိုကိုကလည်းကွာ… ချစ်လို့စတာကို စိတ်မဆိုးပါနဲ့ …နော်..နော်လို့ … နော် … သဲက ကိုကို့ကို ဒီလောက်အများကြီး ချစ်တာသဲကိုခိုးပြေးစရာမလိုပါဘူး

…သဲက မေမေတို့ မပေးစားလည်း
ကိုကို့ ကိုပဲ ယူမှာ ..ပေးစားလည်း ကိုကို့ကိုပဲယူမှာ..လို့နော်  ”

တစ်ဖက်ကို မျက်နှာလှည့်ထားပင်မယ့် သူမ‌ လေးစကားတွေထဲမှာမျောသွားသည့် ကြည်က မျက်နှာ တစ်ခုလုံး တိမ်ညို ရောင်တွေကင်းသည့်
လမင်းကြီးလို ဖြစ်နေသည် ..

ဒါ့အပြင်ချော့ရင် သဲက ကြည် ပါးပြင် လေးကို မထိတထိ နမ်းလိုက် ကြည်နားရွက်ဖျားလေးကို ဖွဖွလေး ကိုက်ပြီ စနေတာ ကြောင့်

စိတ်ဆိုးချင်ယောင်ဆောင်ထားသည့် ကြည့်အဖို့  သူမလေးချော့သည့်နည်းလမ်းကို တောင့်ခံထားဖို့ တော်တော်ခက်ခဲ၏..

.
.
သူမကိုကို အကြောင်း ကျေကျေညက်ညက် သိနေသည့် သဲကလည်း

ဘယ်လိုချော့ရင် သူမကိုကို မြန်မြန် စိတ်‌ပြေမလဲဆိုတာ ကောင်းကောင်းသိပါသည် ..

သဲက အတင်းချော့… ပြီရင် စိတ်မရှည်တော့သည့် ‌အမူအရာဖြင့် လေသံမြင့်မြင့်လေး “ကိုကို နော် ..” လို့ အော်လိုက်လျှင်  ပွဲသိမ်းနိုင်မှန်းသိသည်..

TuTu (မင်းပဲ)(Completed)Where stories live. Discover now