Tutu(မင်းပဲ)-10

3.6K 114 0
                                    

Tutu(မင်းပဲ)

- -(10)- -

သဲတို့က တနင်္လာနေ့မှာ ကျောင်းပြန်တက်ရမှာ ဖြစ်သလို

ကြည် ကလည်း ဆိုင်ထိုင် ရမှာမို့ တနင်္ဂနွေ နေ့မှာ မန္တလေးပြန်ဆင်းခဲ့ကြသည်။

မိုးကုတ်ကနေ ပြန်ရောက်ကတည်းက ကြည် တစ်ယောက် သဲအပေါ်

ဂရုဏာ မေတ္တာ စေတနာ တွေသာမက အကြင်နာတွေပါ ပိုလာသည်..

“ကိုကို.. ဖုန်းပြန်ပေးတော့လို့ “

“အခုမှ စာ စလုပ်တာ ..၉:၃၀ မှ
ဖုန်းပြန်ပေးမယ် “

“ဟင့်..မရဘူး စာက ဖုန်းထဲမှာ “

“စာအုပ်ထဲက စာ အရင်လုပ် “

“ကိုကို..”

“အင်း..”

“ဘာအင်းလဲ… ဖုန်းပြန်ပေးလို့

သူကျတော့  သိုးဆောင်းရဲ့ “အကြင်သူသည်” ထိုင်ဖတ်နေတာ

မတရားဘူး ..ကိုကို ..သွား ..ကိုယ့်အခန်းကိုပြန်တော့

သူမကို သေချာထိုင်စောင့်ပြီ  စာလုပ်ခိုင်းတော့မှ ဂျီကျပြီ
နှင်ထုတ်နေတဲ့ ကြက်တူရွေးမလေးကို ကြည် ဆူ ရတော့မည်..

“သူငယ်ချင်းတွေက IELTS ဖြေပြီ နိုင်ငံခြားထွက်ဖို့
ပြင်နေတာ ..သိမ့်က အခု ဘာလုပ်ဖို့ပြင်နေလဲပြော..”

“ယောကျာ်းယူဖို့ ပြင်နေတယ်လေ.. ကိုကို နဲ့
သိရက်သားနဲ့ .. ကိုကိုကလည်း”

သူမစကားကြောင့် ကြည် ရယ်တော့ သူမက

ချက်ချင်း သူမဘေးမှာ ကြိမ်ပလက်ထိုင်ခုံနဲ့ ထိုင်နေသည့် ကြည့်ရင်ခွင်ထဲ ၀င်ချွဲသည်။

“သဲက ဉာဏ်ကောင်းတယ် ..
စာမေးပွဲနားနီးမှ ကပ်လုပ်လည်းရတယ်..

အခုမှ ဖေဖော်ဝါရီ ပဲ ရှိသေးတာ ..စာမေးပွဲက မတ်လထဲမှပဲဟာ…

အေးဆေး ပဲ..နော်လို့…နော်
ကိုကို … သဲ ဖုန်းပြန်ပေးတော့ နော် ဆိုပြီ

သဲက ကြည့် အင်္ကျီအိတ်ကပ်ထဲ လက်နိူက်ဖို့ ကြိုးစားရင်ကြည် ခန္ဓာကိုယ်ပေါ်  ဆော့နေသလို ဖြစ်နေ၏။

ဒါ့ကြောင့် ကြည်ကသူ့စိတ်ကို ထိန်းရင် သဲကို ပျာပျာသလဲ မြန်မြန်ထုတ်ပေးသည်။

TuTu (မင်းပဲ)(Completed)Where stories live. Discover now