Tutu(မင်းပဲ)-21

2.7K 40 0
                                    

Tutu (မင်းပဲ)
- -( 21)- -

သဲနဲ့ကိုကို ဆက်ဆံရေးက အခုတလော တည်တည်ငြိမ်ငြိမ်ပဲ ..

လေမလာ မိုးမရွာ နှင်းမကျ  ဘာဆိုဘာမှ ထူးထူးခြားခြားရယ်လို့မရှိ ..

ကိုကိုက သဲကို  တကူးတက ကျောင်လိုက်ပို့တယ် ..
ကျောင်းလာကြိုတယ် ..မုန့်၀ယ်ကျွေးတယ် ..

ပိတ်ရက် မှာ သဲ သွားချင်တဲ့နေရာ လိုက်ပို့ပေးတယ် ..

ညဖက်မှာ ဖုန်းပြောတယ် ...

“အသဲ ဘာလုပ်နေလဲ ..
အသဲ စာလုပ်နော် ..

အသဲ အိပ်ရေး၀၀အိပ်နော် ..
အသဲ  နံနက်စာ ဘာစားချင်လဲ..

အသဲ  ညနေဖက် ခေါင်းမလျှော်နဲ့.. အနွေးထည် ၀တ်အိပ်..
အေကွန်း တစ်ညလုံး ဖွင့်မအိပ်နဲ့ ..

ဒီလောက်ပဲ ..

ပြီးခဲ့တဲ့တစ်ပတ်ကလို
“အသဲ ကိုကို နဲ့ လိုက်နေရမယ် နော် “ လို့ ကိုကိုက နားပူနားဆာမလုပ်တော့ပါ..

သဲ အဒေါ်  ပြန်သွားပြီးမှန်း သိသည့်တိုင်အောင် ကိုကိုက သဲကို သူနှင့်အတူ လာနေဖို့ သဲကို အခုထိမခေါ်သေး..

သဲက စပြီး စကားလမ်းကြောင်း ဖွင့်လောက်ရအောင်လည်း သဲမာနတစ်၀က်က ခွင့်မပြု ..

သို့ပင်မယ့် ကျန်နေသည့် မာနတစ်၀က်က
အသက်နှစ်ဆယ် အရွယ် အချစ်အတွက် ဘာကိုပဲလုပ်ရပါစေ ..

အချစ်က ပိုင်ဆိုင်ခြင်းပဲ ဟု တွေးမိပြန်သည်။

တွေးရင် သဲ ပြောင်ရှင်းပြီ သော့မခတ်ထားသည့် ကိုကို့ အိပ်ခန်းထဲ ၀င်ကြည့်မိ၏။

ကြည့်ရင် ကိုကို အိပ်ယာ ကုတင် နံရံ‌ ဘေးမှာ အယ်လ်ဘတ်အိုင်းစတိုင်း၏ ဗီနိုင်းပုံကြီးက ထင်းထင်းလင်းလင်းရှိနေသည်ကို သဲ သတိထားမိသည်။

ကိုကိုက ရူပဗေဒ ကျောင်းသား တစ်ယောက် အဖြစ် သူကိုယ်သူ ဂုဏ်ယူပုံရသည်။

ရူပဗေဒ ဆိုင်ရာ ပစ္စည်း ကလေးတွေကို သူ့စာကြည့်စာပွဲပေါ်တင်ထားသည်ကိုလည်း သဲ အခုမှ သေချာကြီးသတိထားကြည့်မိ၏။

ကြည့်ရင် ..ကြည့်ရင် သဲ က အယ်လ်ဘတ်အိုင်းစတိုင်း ရုပ်ပုံကြီးနား

TuTu (မင်းပဲ)(Completed)Where stories live. Discover now