Tutu(မင်းပဲ)-54

3.8K 62 0
                                    

Tutu (မင်းပဲ)

…(54)…

“ဖေဖေ ..ဖေဖေ .. ကြည့်…ကြည့် .. မီးမီး လှလားလို့ ..”

မိုးပြာရောင် ဂါ၀န် ဝဲဝဲလေးကို လည်ပင်းကနေ ကြိုးချည်ပြီကျောပေါ်မှာ လိပ်ပြာပုံလေးဖြစ်အောင် ချုပ်ထားသည့် မို့ ဒီဇိုင်းဆန်းဆန်းလေးနှင့် သမီးက သိပ်လှပါသည် ..

သမီးက မှန်ထဲမှာ သူမကိုယ်လုံးသေးသေးလေးကို ရှေ့နောက်ကြည့်ပြီ ကျေနပ်စွာဂါ၀န်လေးကို ဝဲအောင် ခါရမ်းရင် သူမလက်ဖဝါးနုနုလေး နှစ်ဖက်ကို မေးလေးအောက်ထားလိုက် ခါးကလေးပေါ်  တင်လိုက်နူတ်ခမ်း‌ လေးစူလိုက်ဖြင့် သူမ မေမေ သင်ပေးသည့်အတိုင်း လုပ်သည်…

သူမမေမေ ကျွန်တော်၏ ချစ်ရပါသော ဇနီးချောက တက်ကြွသော ဟန်မူရာ အသံတို့ဖြင့် ဖုန်းကင်မရာ ကိုင်ရင်  သမီးလေးကို ဓါတ်ပုံရိုက်ပေးသည်..

သမီးကလည်း မက်တပ်ရပ်လမ်းစလျှောက်တက်ချိန်ကစ အခု သုံးနှစ် ပြည့်သည်အထိ မင်းသမီးလေးလို ဂါ၀န်တွေ၀တ်ပြီ လမ်းလျှောက်ရတာကို အလွန်ကြိုက်သည် …

ဒါ့အပြင် ဖေဖေ မီးက မော်ဒယ်လုပ်မှာ နော် လို့ပါ ခဏခဏ ပြောတတ်သည် …

ဖေဖေ့မီးမီးက မော်ဒယ် မလုပ်ပါနဲ့ ဆေးကုတဲ့ ဆရာ၀န်မကြီးလုပ်ပါ့လားလို့ ကျွန်တော်ကပြောတော့ ဖအေဖြစ်တဲ့ ကျွန်တော် ကျေနပ်အောင် နူတ်ခမ်းလေးစူပြီ
“ဟင့် .. ရဘူး မီးမီးက မော်ဒယ်ပဲလုပ်မှာ .. အ၀တ်စားလှလှလေးတွေ အများကြီး၀တ်ရအောင် ..”

ကြည့်ပါအုံး‌ဗျာ .. သုံးနှစ်သမီးလေးက သိပ်လည် သိပ်တတ် ..

အခုလည်း ကြည့်  ဓါတ်ပုံ ရိုက်ခံပြီတာနဲ့ အင်္ကျီ မလဲချင်သေးလို့ အိပ်ရာပေါ်မှာ လက်တစ်ဖက်ထောက် ကိုယ်တစ်စောင်း ကျောလဲရင်သူမကို ကြည့်နေသည့် ဖအေဆီ ပြေးလာပြီ ဖက်ရင် ပါးလေးကို မွှေးလိုက် နဖူးလေးကို မွှေးလိုက်ဖြင့် လာလုပ်သည် ..

အသဲက “မီးမီးရေ ဒါက အစမ်း၀တ်ကြည့်တာလေ မေမေတို့ ပျော်ပွဲစားထွက်တဲ့ နေ့ကျမှ တစ်နေကုန် အကြာကြီး  ၀တ်ရအောင် နော် …”

လို့ ပြောတော့ မကြားချင်ယောင်ဆောင် ဖအေလည်ပင်းကို သူမလက်သေးသေးလေးဖြင့် သိုင်းဖက်ပြီ
“ဖေဖေ.. မီးမီးကို ချီ…”
သူမစိတ်တိုင်းကျ ဖေဖေက အိပ်ရာပေါ်ထထိုင် ချီလိုက်သည်နှင့်ဖေဖေ့ပါးတွေကို အာဘွားပေးလိုက်ပြီ  လေသံတိုးတိုးလေးဖြင့်

TuTu (မင်းပဲ)(Completed)Where stories live. Discover now