Tutu(မင်းပဲ)-2

5.3K 158 3
                                    

Tutu (မင်းပဲ)

- - (2)- -

ကားမောင်းရင် နဲ့ မပျင်းအောင် ကောင်မလေးကစကားတွေ ဆက်တိုက်ပြောပေးသည်။

ကောင်မလေးက ရုပ်ရည်လေးနှင့်လိုက်အောင်စကားပြောသွက်သည်။

သွက်သွက်လက်လက် ထက်ထက်မြက်မြက် ကလေးပဲလို့ကြည် မှတ်ချက်ပေးမိသည်။

ကြည် ကလည်း နဂိုကတည်းက အပေါင်းသင်းဆက်ဆံရေးခေါင်းပါးသူ မဟုတ်..

မိန်းကလေး သူငယ်ချင်းတွေ နဲ့လည်း
စကားပြောတတ်သူဆိုတော့ ရှက်ကိုးရှက်ကန်းဖြစ်မနေပါ။

“ဘာ‌ မေဂျာတက်နေတာလဲ ညီမက “

“သဲက ဂျာမန်  တက်နေတာ..

ဂျာမန် သာတက်နေတာ ဂျာမန်စာကို သိပ်သဘောမကျဘူးရယ်..

သဲ ကြိုက်တာက လက်တင် နဲ့ စပိန်… ကျောင်းမှာက
အဲ့မေဂျာ မရှိဘူး..

အပြင် သင်တန်း မှာပဲ  ပြန်တက်နေရတာ…”

“ကျောင်းပြီရင် Tourဂိုက် ပြန်လုပ်မလို့လား”

“ဟုတ်ပါဖူး..သဲ ကြိုက်တဲ့ ဘောလုံးသမားတွေကစပိန် နဲ့ လက်တင် စကားတွေပဲ ပြောကြလို့ သင်နေတာ”

သူမ အဖြေ ကြောင့် ကြည် ပြုံးမိသည်။ ပြီမှ
“ညီမ က ဘောလုံးပွဲကြည့် လား “

“ကြည့်တယ် … သဲက မက်ဆီ ဖန်
ကိုကို ကရော …”

“ကိုယ်က ပရီးမီးယားလိပ် ပွဲတွေ အကြည့်များတော့မန်ယူ ဖန်ပေါ့ “

“သဲက လာလီဂါ စပိန်ကွင်း ပွဲတွေ ကြည့်တာ …
လောလောဆယ်တော့  ဘာစီလိုနာ

ကွင်းလယ် ကစားသမား ဂါဗီ ကို အရမ်းကြွေနေတာ… ဟီး..ဟီး”

ဘာရယ်မဟုတ် ကြည် ပါ လိုက်ပြုံးမိသည်။

ပထမဦးဆုံး အကြိမ် နှစ်ယောက် တည်း စကားပြောဖူးတာဆိုပင်မယ့်  ပေါ့ပေါ့ပါးပါး

သက်သောင့်သက်သာရှိလှသည်။

“လက်ပံလှ ရောက်ရင် သဲ ကားမောင်းပေးမယ်လေ…
ကိုကို ညောင်းနေ လိမ့်မယ် “

“ရပါတယ်… မမောင်းတာကြာတော့ မောင်းချင်နေတာနဲ့မညောင်းပါဘူး…”

TuTu (မင်းပဲ)(Completed)Where stories live. Discover now