Tutu (မင်းပဲ)-11

3.4K 100 0
                                    

Tutu (မင်းပဲ)
- -(11)- -

ကားဟွန်သံ ကြားတော့ ကြည် ရောသဲပါ လှမ်းကြည့်လိုက်သည်။

သဲ သူငယ်ချင်း ဘုန်းထက်ရှိန်းအောင် ..

ဘုန်းထက်ကို မြင်တော့ ကြည်က သဲကိုပိုပြီ အားပြင်းပြင်းဖြင့် ဆွဲကာ

သူမခါးကနေသိမ်းဖက်လိုက်ရင်
“နေ့လယ် ကျမှ အစ်ကို ကျောင်းလိုက်ပို့ လိုက်မယ် “
“ဘယ်သူသဘောနဲ့လဲ ..လွှတ်”

“ကိုကို့ သဘော နဲ့ပေါ့ကွာ …မဆိုးပါနဲ့မိန်းမရယ် “

ရုတ်တရက်ကြီး ကြည် ပြောလိုက်သည့် စကားကြောင့် သဲက ခဏငြိမ်သွားသည်။

သဲ ဖုန်းဆက်လို့ လာခေါ်ပေးတဲ့ ဘုန်းထက်ကလည်း အထာပေါက်ပါသည်။

မိုးကုတ်မှာ နှစ်ညလောက်အတူတူ တစ်အိမ်တည်း တည်းဖူးတဲ့
အစ်ကိုကြည် ရဲ့ ဖန်ဘွိုင် လုပ်သွားပြီ ကားကို တန်းမောင်းသွား၏။

ဘုန်းထက် ကားမောင်းသွားတာမြင်တော့ ကြည် ကပြုံးပြီသဲက

“ချီးထုပ်ကောင်.. ငါမျက်နှာကြောင့် ခင်ပြီတော့..အခုတော့

သူ့ယောက်ဖ မျက်နှာတော်တော်ကြီးနေတယ်” ဟု
စိတ်ထဲကနေကြိတ်ဆဲနေသည်။

စိတ်ထဲကနေ သူငယ်ချင်းကောင်ကို ကြိတ်ဆဲရင် ကြည် ခြေထောက်ကို

သဲက အားရပါးရ တက်ကြိတ်ပစ်လိုက်၏။

တက်ကြိတ်ပြီး နာသွားလို့ ကြည် ကသူမခါးကို လွှတ်ပေးတော့ မှခပ်တည်တည် နဲ့ လမ်းလျှောက်ပြီ ဆိုင်ထဲ ၀င်ထိုင်သည်။

ဆိုင်ထဲကနေ ချောင်းကြည့်နေသည့် ကောင်လေး နှစ်ယောက်က နံနက်စောစော ဈေး၀ယ်မလာခင် အပြင်ထွက်ထားသင့်သည့် ပစ္စည်းတွေကို အခုမှ ထုတ်နေကြသည်။

ကြည် ကတော့ တက်ကြိတ်ခံရသည့် ခြေထောက် နှစ်ဖက် နာကျင်မူ့ကိုအန်တုပြီ ဆိုင်ထဲပြန်၀င်လာ၏။

ကောင်တာ မှာထိုင်နေတဲ့ သဲအနား ကြည်က ကပ်ထိုင်ပြီ စကားပြောဖို့ပြင်နေချိန် ဆိုင်ထဲကို ဈေး၀ယ်၀င်လာသည်။

“အကိုကြည် Gear တွေကြည့်ချင်လို့တဲ့ “

အားရပါးရ တက်ကြိတ်ခံရလို့ နာနေတဲ့ ခြေဖျားကို
ကြည်အကြောဆန့်လိုက်သည်။

TuTu (မင်းပဲ)(Completed)Where stories live. Discover now