Tutu(မင်းပဲ)-7

3.5K 120 2
                                    

Tutu (မင်းပဲ)

- -(7)- -  

ကြည် က ကားမောင်းသူ နေရာကနေ အပြင် ဖက်ထွက်ဆင်းပေးပြီ

“သိမ့်….မင်း ကိုယ်နဲ့ ကား အတူမစီးချင်တော့ရင်
မင်းဖာသာမင်း  ဆက်မောင်းသွားလိုက်တော့..”

“ကိုကို..”

“မအော်ပါနဲ့ ကျေးဇူးပြုပြီ ရစ်လည်း မရစ်ပါနဲ့…

ကိုယ့် စိတ်တွေ မပင်ပန်းချင်ဘူး..
ဘယ်သူ့ကို မှ လည်းစိတ် ဒုက္ခ မပေးချင်သလို
ဘယ်သူ့ စိတ်ဒုက္ခ မှ ကိုယ် မခံချင်ဘူး “

ကြည် ပြောလိုက်သည် နှင့် သဲသံသာသိမ့်သိမ့်ဖြူ ဆိုသည့်
ကောင်မလေး မျက်နှာ က တင်းမာမူ့တွေ လျော့ပြီ

“သဲ ကိုကို့ ကို ရစ် လည်းမရစ်ပါဘူး
စိတ်ဒုက္ခလည်း မပေးချင်ပါဘူး .”

သဲ ကိုကို ကြည် ကို သိပ်ချစ်တာ..

ကိုကိုက အဲ့ဒီမိန်းမ ကို မြင်လိုက်ရရုံနဲ့
မျက်နှာတွေပျက် စိတ်တွေ ညိုးငယ်၊

စိတ်နဲ့ ကိုယ် နဲ့  လွတ်သွားသလို ဖြစ်နေတာ
မြင်ရတော့  သဲ ရင်ထဲ မခံစားနိုင်လို့ ကလန်ကဆန် လေးလုပ်မိတာ ။

အဲ့တာ ကို ကိုကိုက စိတ်ဒုက္ခမပေးပါနဲ့တဲ့..

“စိတ်ချပါ ကိုကို ရယ်…သဲက ကိုကို့ ရစ်လုံး
မဟုတ်ပဲ ကိုကို့ အချစ်ဆုံး ဖြစ်ချင်တာ”

ဘယ်တော့မှ ကိုကို့ ဒုက္ခအိုးလေး မဖြစ်စေရဘူး…

>>
အိမ်ပြန်ရောက်ရင် ညနေ့ခင်း တစ်ခေါက် လောက်
အပြင်ထွက် လိုက်ရမှ ကြိုက်သည့် ကိုကို က

ဒီနေ့တော့ ထမင်းမစား ဘာမစားနဲ့ သူ့အခန်းထဲကနေထွက်ကို မလာတော့ပါ။

ကိုကို  အဲ့သလို အသဲကွဲပြတိုင်း ချော့ဖို့ ဒီမိသဲကလည်း

အဆောင်မနေပဲ ယောက္ခမလောင်း အိမ်ပေါ်ထိသတ္တိရှိရှိတက်နေတာ။

ယောက္ခမကြီး ဆိုသည်မှာ လည်း မခြွေခင်က
ကြွေနေတဲ့ သဲ ဖန်ကြီး …သမီး..သမီးနဲ့
အိမ်က အမေထက်တောင် ကဲပြသေး။

ယောက်မဆို တာကတော့ ပြောမနေပါနဲ့

သဲရေ …ယောက်မလေး ရေဆိုတာ ပါးစပ်ဖျားကမချသဲ လှကြောင်း ကိုလည်း ပတ်ကြွားပေးတာ။

TuTu (မင်းပဲ)(Completed)Where stories live. Discover now