❣️Tutu(မင်းပဲ)-42❣️

6.4K 84 1
                                    

Tutu(မင်းပဲ)
- -( 42)- -

“ဟေ့ .. .. “
သူငယ်ချင်း‌ တွေကိုလှမ်းမြင်ရသည်နှင့် ဟေ့လို့ အော်ရင် တာ့တာ့ လှမ်းပြသည့် သဲက သူမပုံစံလေးအတိုင်း  သွက်သွက်လက်လက် လမ်းလျှောက်ဖို့ ခြေလှမ်း လှမ်းလိုက်သည်။
ခြေလှမ်း လှမ်းလိုက်သည်နှင့် သူမဘေးမှာ ကပ်ပါလာသည့် သူမခင်ပွန်းကြည်က သူမလက်ကလေးကို လှမ်းဆွဲလိုက်ပြီ
“ဖြေးဖြေး ..လျှောက်ပါ . ဘာလဲခင်များက.. ဒုန်းစိုင်းပြေးတော့မှာလား..”
“ဟီး ..သတိနည်းနည်း‌ လေးလွတ်သွားလို့ပါ ..  သဲက မပြေးပါဘူး ..ကိုကိုရဲ့ ..”
ပြေးနေပါအုံးလား … ဒါ့ကြောင့် အသဲကို ကိုကို စိတ်မချတာဆိုတဲ့အကြည့်မျိုးဖြင့် ကိုကိုက သဲကိုကြည့်၊သဲလက်ကိုထိန်းကိုင် ပေးရင် သူငယ်ချင်းတွေစုပြီ ထိုင်နေသည့်နေရာထိ  သေချာ လိုက်ပို့ပေးသည် …
သူငယ်ချင်းတွေ အနားရောက်သည်နှင့် သူငယ်ချင်းတွေက
သဲရဲ့ မပူတပူ ဗိုက်ကလေးကို အရင် ဝိုင်းပြီ ကိုင်ကြည့်ရင် ဓါတ်ပုံရိုက်ကြတော့
“ဟဲ့ .. ဖြည်းဖြည်းထိပြီ ရိုက်ကြစမ်းပါဟယ် .. ဟိုမှာ နင်တို့ငါ့ကို လာထိတိုင်း
ငါ့ ယောင်္ကျားမျက်ခုံးလူပ်ပြီ နှလုံးပြုတ်တော့မယ် ..”
“အံ့မယ်လေး ပိုလိုက်တာ ဟယ် .. တို့ကလည်း မမြင်ဖူးလို့ ကိုင်ကြည့်ပြီ ဓါတ်ပုံရိုက်တာပါနော် .. “
“အေးပါ  …ရိုက်ပြီရင် ငါ့ကို ချီးကျူး သလိုနဲ့  ဖဲ့ကြတော့မှာ ငါသိတယ် ..
သူများတွေများ ဘွဲ့လည်းရ လင်လည်းရ ကလေးလည်းရ ကျွန်မကတော့
စင်ဂယ်ဘ၀ လို့  ကတ်ပရှင်းတပ်ပြီ နင်တို့ဈေးဗန်းခင်းတော့မှာလေ ..”

“ဟဲ့ ..သူငယ်ချင်း ..နင်သိပ်သိနေတာပဲ ..”
“အေးလေ …သိတာပေါ့ ..ငါကလည်း နင်တို့လို ငယ်ရာကနေ ကြီးလာတာ ..ဟီးဟီး ..”
“ဟုတ်တာပေါ့ ..မမစီနီယာကြီးဆိုတော့ လာပါအုံး အနားကပ်ပါအုံး .. ဓါတ်က‌ လေး နည်းနည်းဖမ်းကြမယ်”
“ခဏလေး ငါ နည်းနည်းလောက် စောင်းလိုက်အုံးမယ် ..
အိုကေ …  Eins..Zwei..Drei.. “
ဂျာမန်စာလေးနှစ် သင်လာတာ 1.2.3 ကို ဂျာမန်လိုပြောတတ်လို့တော်ပါသေးတယ် ..ဟဲ ..ဟဲ
ဒါနဲ့ နင့်ဗိုက်ကလေးက သိပ်မပူဘူးနော် .. တစ်မျိုးလေးပဲ ..”

“အေး . ဟုတ်တယ် .အခုမှ လေးလ .. ကျော် ပဲရှိသေးတာလေ ..
ပြီတော့ စဦးကလေး အပျိုဗိုက်ကလေးမို့ သိပ်မပေါ်သေးတာတဲ့
ငါ့ယောက္ခမကြီးက တော့ အဲ့လိုပြောပြတာပဲ ..”
“နင့် ယောက္ခမကြီး နဲ့ နင့်‌ ယောင်္ကျားက ..နင့်ကို ဒီလို စင်ပေါ်တက်ရမှာ စိတ်မချဘူးလို့ .. ဘာတို့ပြောပြီ မတားဘူးလား ..”
“မတားပါဘူး ဟယ် .. ငါ့ယောက္ခမက ငါဘွဲ့တက်ယူဖို့ကို တက်တက်ကြွကြွ အားပေးတာ ..
ငါက ဗိုက်နည်းနည်းပူနေတော့ ရှက်စရာကြီးလို့ ပြောတော့
အမယ်လေး မသိသားပါဘူး သဲသဲရယ်  သဲသဲ ဗိုက်ကလေးက မေမေကြည် ဗိုက်ခေါက်လောက်တောင်မထူ သေးပါဘူး ပြောပြီ အားပေးတာ ..
ကိုကိုကတော့ သိတဲ့အတိုင်း ငါက ကိုကို သဲ ဒါလုပ်မယ် ..ဒါလုပ်ချင်တယ် ဆိုရင် အင်းလေ လုပ်လိုက်လေ ခေါင်းညိတ်ပြီထောက်ခံတယ် ..
ပြီရင်  အခုလိုမျိုးပေါ့ဟယ် ငါသွားတဲ့နေရာတိုင်း တကောက်ကောက်လိုက်ပြီ  ဆူလိုက် ချော့လိုက်နဲ့
ဆရာကြီး လိုက်လိုက်လုပ်တာ … “
“အံ့မယ် နင်ကလည်း အဲ့တာတွေကို ကျေနပ်ပြီပျော်နေတာမို့လား..”
“ဒီလိုပါပဲ ဟယ် … ဟီး ဟီး ..”
“လုပ်သေးတာ .. ဒါနဲ့ နင် အန်ချင်တာတို့ ပျို့ တာတို့မဖြစ်ဘူးလား ..”
“သိပ်မဖြစ်ပါဘူး …ဒါပင်မယ့်  အစားသောက်ကို အရင်ကထက် ပို‌ မက်လာတယ်သိလား ..”
“အေးပေါ့ .. ဒီလောက်တော့ရှိမှာပေါ့ .. သူများတွေ‌ဆို မူးအန်ချင်တာနဲ့ တော်တော်နေရခက်ပြီ ဒုက္ခရောက်တယ် ပြောကြတာ ..နင်က ကံကောင်းတာပေါ့ ..”
“အေး…အဲ့လို ပြောရမယ် ..”
“အယ် .. ခန်းမထဲ ၀င်ရတော့မယ်ထင်တယ် .. ဟိုမှာ..၀င်ကုန်ကြပြီ ..”
“အေး..ဟုတ်သား ..”
.
.ဘွဲ့ယူရမည့် မောင်မယ်တွေက ကိုယ်စီကိုယ်စီ ခန်းမဆောင်ထဲ ၀င်နေကြသည်ကို မြင်မှ မလှမ်းမကမ်းမှာ သူငယ်ချင်းတွေနဲ့ စကားပြော ဓါတ်ပုံရိုက် နေ သော သဲကို ရပ်ကြည့်နေသည့်ကိုကိုက အနားရောက်လာပြီ
“နဒီတို့ကို အရင်၀င်ပြီ ထိုင်ခုံ အရင်ရှာ ထားခိုင်းလိုက်လေ ..
အသဲကို ကိုကို Tiolet လိုက်ပို့ပေးပြီမှ ခန်းမထဲ လိုက်ပို့ပေးမယ် ..”

“အင်း ..ကောင်းသားပဲ ..တွေ့ရင်ဖုန်းဆက်လိုက်မယ် လူရှင်းတော့မှ ၀င်လာလိုက်လေ ..”
“အေး ..အေး ..”
.
“အသဲ Tioletထဲ ၀င်တော့လည်း ချော်လဲမှာစိုးရိမ်တဲ့ကိုကိုက
ဖြေးဖြေး ..အသဲ .. ဖြေးဖြေး ဆိုပြီ လူရှင်းတဲ့ 'မ'အိမ်သာထဲထိ
လိုက်ပို့ပေးတာ မို့ ရုတ်တရက်ကြီး မိန်းကလေးတွေ၀င်လာပြီ ကိုကို့ကို
တစ်မျိုးထင်သွားရင် ဘယ်လိုလုပ်မှာလဲ မရှက်ဘူးလား မေတော့
“မရှက်ပါဘူးကွာ .. ကိုယ့်မိန်းမ စိတ်မချလို့ လိုက်ပို့တာ
သူတို့ကြည့်ချင်လို့မှ မဟုတ်တာ ..”

သဲက ဆီးသွားပြီ လက်ဆေး လုံချည်ကြိုးကို  ပြန်ပြင်၀တ်တော့
ကိုကိုက  သဲ ပတ်ထဘီ ကြိုးကို သူကိုယ်တိုင်ပြန်ပြင်ချည်
ပေးသည် ..
သဲနူတ်ကနေ ထွက်ပြီ ခိုင်းစရာမလိုပဲ အလိုက်သိသည့် ကိုကို့ကို သဲ
တစ်မျိုးတစ်ဖုံချစ်ရပြန်ပါသည်..

ကိုကိုပဲ လာဆိုတော့ မဟုတ်ပါဘူး …သဲ ဗိုက်ထဲ ကလေးလေး ရှိတယ်လို့ သိရချိန်ကနေစ သဲ အမေကိုလည်း အရင်ကထက်ပိုပြီ သဲချစ်တတ် ဂရုစိုက်တတ် အလေးထားတတ်လာသည်..

ယောက္ခမနဲ့ ယောင်းမကိုလည်း …အရင်ကထက် ပိုနားလည်ပြီ ချစ်ခင်လာရသည်..
အထူးသဖြင့် မေမေကြည်ပေါ့ …တော်စပ်မူ့ကြောင့်သာ ယောက္ခမလို့
ခေါ်နေရသည် .. လက်တွေ့မှာ တော့ သူမသမီး တစ်ယောက်လို သဲအပေါ်ဆက်ဆံပေးသည်မို့ သဲ ပိုပြီ ချစ်ခင်လေးစားရ၏..

သဲလည်း သားလေးမွေးလာရင် မေမေကြည်လို ချွေးမ အပေါ်နားလည်ပြီ ချစ်ပေးမယ်လို့  ခဏခဏ တွေးမိသည် ..
နောက်ပြီတော့ သဲ သာ သမီးလေး မွေးလာရင် ကိုကိုက ဖေဖေခင်လိုပဲ မမခင်မျိုးကို အသက်ကြီးတဲ့ထိ သူ့သမီးမှ သူ့သမီး ကဲကဲလုပ် ချစ်ပြနေမှာကို မြင်ယောင်နေပါသေးသည် …

အခုတောင်  ကိုကိုက ညအိပ်ရာ၀င်တိုင်း သဲ ဗိုက်ကလေးကို ပွတ်ပွတ် ပြီ
သမီးလေးမွေးလာရင် မမလို အပျိုကြီး လုပ်ခိုင်းမယ့်အကြောင်း ခဏခဏပြော …
သဲကတော့ သဲလို ယောင်္ကျား ယူခိုင်းမှာလို့ ပြောလိုက်တိုင်း ကိုကို တစ်ယောက် မျက်မှောင်ကြီး ကြုတ်ပြီ အသံတိတ်သွားရော ..

အခုတလော ကိုကို ခများ သားကြောင်း သမီးကြောင်းကို ပြောချိန်မရ ..
သဲ ဘွဲ့ယူချိန်  လမ်းလျှောက်ရင် သတိနဲ့ ထားလျှောက်ဖို့ ၊ ခန်းမထဲ၀င်ရင် လူရှင်းတဲ့အချိန်မှ ၀င်ဖို့ ၊စင်ပေါ်တက်ရင် ဖိနပ်မချော်ဖို့ တစ်ပြေးညီ ပုံတော်ဖိနပ်ကို အသားကျအောင်စီးဖို့  ညတိုင်း တတွတ်တွတ် အိပ်ရာ၀င်တိုင်း မှာ နေတာ ..
အစမ်းမယူခင်ကနေ အခုယူပြီ မနက်ဖြန် ဘွဲ့ယူဖို့အချိန်ထိ..
ဒီနေ့ဆို အချက်တစ်ချက်ပါတိုးလာတယ် ..
“ ရူပ်ပြာရူပ်ပြာ သူငယ်ချင်းတွေကို ဝေးဝေးကနေရှောင်ရမယ်တဲ့
သူတို့က အသဲကို ခလုတ်တိုက်တာပဲဖြစ်ဖြစ် ..အသဲ ဗိုက်ကို တစ်တောင်နဲ့ တွတ်မိတာပဲဖြစ်ဖြစ်  .. လုပ်မိနိုင်တဲ့သူတွေမို့လို့တဲ့ ..”

… ဘွဲ့ယူချိန်  လမ်းလျှောက်ရင် အကုန်လုံးက ဆင်မယဉ်သား
လမ်းလျှောက်ကြတာပါလို့ ပြန်ပြောတော့  တချို့က ပါမောက္ခတွေ လာလို့ ခဏမက်တပ်ရပ်ပြီလို့ ပြန်ထိုင်ရင် လက်က အငြိမ်မနေတတ်ဘူးတဲ့ …
ကဲကြည့် ဒီလောက်တောင် ကိုကို့လို  အကုန်လိုက်ပူနေရင် ဗိုက်ကြီးသည် တွေ အကုန်လုံး လူရာ၀င်မှာ မဟုတ်ဘူးလို့ ပြန်ပြောရင်လည်း ကြိုက်မှာမဟုတ်ဘူး …

ကိုကိုက သဲ ဘွဲ့ယူချိန် လမ်းလျှောက်ဖို့ သွားဖို့ လာဖို့  ထိုင်ဖို့ ပူပန်နေသလောက် မေမေကြည်နဲ့ အမားက
“ဘွဲ့ယူတာ ဦးထုပ်နဲ့ဆိုတော့ နောက်တွဲ ဆံထုံးလေး ထုံးမှလှမှာ
ပေါ့ သဲသဲရဲ့ … ယဉ်ယဉ်လေး …”
“ဟုတ်ပါ့ … သဇင်ပန်းလေးပါ ပန် လိုက်…  “
“ဟင့် …တစ်ရက်တည်းကို သဇင်ပန်းက ဈေးကြီးပါတယ် မေမေကြည်ရဲ့ ..”
“အို ..ဈေးကြီးလည်း  ဘာဖြစ်သလဲ.. သဲသဲလေး ကလည်းကွယ် .. ဘွဲ့ယူတဲ့နေရာ ပန်ရတာ  ဘယ်လောက် ဂုဏ်ယူစရာကောင်းလဲ …
မေမေကြည်ကတော့  သဇင်ပန်းကို ငါးသိန်းဖိုးလောက် မှာထားတယ်
ဒါတောင် နည်းသွာပြီလားမသိဘူး .. သဲသဲလေး အတွက်ရယ် ၊ အိမ်က သမီးအတွက်ရယ်  ၊ မဝါ အတွက်ရယ် ၊ မမရီ အတွက်ရယ်  ပြီတော့ ကျွန်မအတွက်ရော ဆိုတော့ လေ …”

“မနည်းပါဘူး ကိုယ့်လူရယ် ..ကိုယ် က သိပ်လည်း ပန်းမကြိုက်ဘူးရယ် ..”
“အို ..မကြိုက်လည်း မဝါ ပန်ရမှာပဲ ..ဆင်တူ ရိူးထုတ်ရအောင် ..
ကိုယ်တွေလည်း ..ပွဲတွေနဲ့ ဝေးပြီ ရိူးမထုတ်ရတာ ကြာပေါ့ .. ပြီတော့ ဒီပွဲကလုံး၀ လက်မလွှတ်သင့်တဲ့ ပွဲ လေ … ဟဲ ..ဟဲ“

“ဒါနဲ့ မမရီရော ချိတ်ဆင်လေး ကြိုက်ရဲ့လား ..”
“ကြိုက်ပါတယ် ဟယ် … ငါ့အတွက်ပါ သက်သက်မဲ့  ပိုက်ဆံအကုန်ခံ လျှောက်၀ယ်တယ် ..”
“လျှောက်၀ယ်တာ မဟုတ်ရပါဘူး ..အမျိုးတွေ သဲပွဲမှာ လှလှ လေးရိူးထုတ်ရအောင်လို့ပါ … ဟီး ..ဟီး .. ပြီရင် စတူဒီယို မှာရော သွားရိုက်ကြမယ် ….”

💙💙💙💙💙💙

B.A(Ger) ဘွဲ့လေးကို    ဗိုက်ထဲက ကလေး‌ လေးနဲ့အတူ သဲ စင်ပေါ်တက် ပါမောက္ခထံ မှောက် သွားရောက်ပြီ ချော့ချော့မွေ့မွေ့  အောင်မြင်စွာယူ ဆောင်နိုင်ခဲ့သည် ..
သဲ ဘွဲ့၀တ်စုံ၀တ်ပြီ  ဘွဲ့နှင်းသဘင် ခန်းမ အရှေ့မှာ ဓါတ်ပုံရိုက်တော့ ပြုံးပြတဲ့ အမားအပြုံးက  သဲ မင်္ဂလာဆောင်တုန်းက ပြုံးတဲ့အပြုံးတွေထက်ပိုအသက်၀င်ပြီ လှနေခဲ့တာကို သဲ ခံစားမိခဲ့ပါသည် …

အခြားနှစ်ဖက်မိသားစုတွေကလည်း သဲ ဘွဲ့ယူတာကို လိူက်လိူက်လှဲလှဲ၀မ်းသာဂုဏ်ယူကြသော အပြုံးများဖြင့် ၀န်းရံပေးခဲ့ကြသည်..

အထူးသဖြင့် အလွန် စိတ်ပူ အလွန် အတွေးလွန်တတ်သော သဲ့ရဲ့ခင်ပွန်း သဲရဲ့ကိုကိုကြည်… သဲနဲ့ သဲဗိုက်ထဲက ကလေးလေးကို  တွေးပူနေတာနဲ့ပဲ အလုပ်ရူပ်မယ် သဲထင်နေခဲ့တာ .. ဘယ်ဟုတ်မလဲ ကိုကိုက ဘွဲ့ဦးထုပ်နဲ့ အရုပ်ကလေးရယ် သဲ အရမ်းကြိုက်တဲ့ ကံ့ကော်ပန်းစည်းလေးရယ် ယူလာပြီ စပရိုက် လုပ်ပေး… သဲကို ခန်းမဆောင်ရှေ့က ရေပန်းနား ပွေ့ချီပြီ ဓါတ်ပုံပါရိုက်ပေးတာ..
ဓါတ်ပုံရိုက်ရင် ကိုကို သဲကို ကြည့်တဲ့အကြည့်ကရော .. သဲ ဘွဲ့လက်မှတ်ကိုင်ပြီ ကိုကိုနဲ့အတူ လက်တွဲ လျှောက်တုန်းကကြည့်တဲ့ ကိုကိုအကြည့်တွေကရော သဲဘ၀အတွက် မမေ့နိုင်စရာ အမှတ်တရပါ..
ဘာကြောင့်လဲဆိုတော့ .. သူချစ်ရတဲ့ သူ့ဇနီးလေးအတွက် လုံး၀ ဂုဏ်ယူတယ် .. ပီတိ ဖြစ်တယ်ဆိုတဲ့ မျက်၀န်းတွေနဲ့ သဲကို ကိုကိုက ကြည့်ခဲ့တာလေ ..

နံနက်ခင်း တုန်းရိုက်ထားတဲ့ ဓါတ်ပုံတွေပြန်ကြည့်ရင် သဲ အတွေးတွေလွန်နေချိန် ကိုကိုက သဲပုခုံးလေးကို လှမ်းကိုင်ပြီ
“ဗိုက်ဆာ နေပြီ မဟုတ်လား …”
“ဟင့် အင်း … ဓါတ်ပုံရိုက်ဖို့ စတူဒီယိုကို အရင်သွားရအောင် ..”
“ဓါတ်ပုံ တိုက်ကို ကိုကို ချိန်းထားပြီသား .. အေးအေးဆေးဆေး တစ်ခုခုစားပြီမှ သွားရအောင် ..”
“ဟင့် ..တော်ပြီ .. စားလိုက်ရင် အလှပျက်မှာပေါ့ .. စတူဒီယို အရင်သွား
မြန်မြန်ရိုက်ပြီ အိမ်ပြန် … ပြီမှ အေးဆေး စားမယ် ..”

“ကဲပါ .. သဘော ..”
သဲသဘောအတိုင်း မိသားစု ၀င်တွေအားလုံးက သဘောတူကြပြီ ဓါတ်ပုံအရင်ရိုက်ကြသည်..
ရိုက်ပြီ  လူကြီးတွေက ဆိုင်နှစ်ဆိုင်က ၀န်ထမ်းတွေနဲ့ ၀ပ်ရှော့က ဦးငယ်၀န်ထမ်းတွေ ၊ ရပ်ကွက် ထဲက လူကြီးနဲ့ ကလေး တွေကို
သဲဘွဲ့ရတဲ့ အမှတ်တရ ရေခဲမုန့်နဲ့ ကိတ်မုန့် ကျွေးဖို့  စီစဉ်ထားသည်မို့
ပြန်သွားကြသည်..

နောက်ဆုံးမှာ စတူဒီယိုထဲ သဲ နဲ့ကိုကို သာ ကျန်ခဲ့သည် ..
ဓါတ်ပုံရိုက်ပြီးစီးပြီသည်နှင့် ဘွဲ့၀တ်စုံနဲ့ ဘွဲ့ဦးထုပ်ကို ချွတ်ရင်
သဲခေါင်းထဲ  တရိပ်ရိပ်မူး လာသည်ဟု ခံစားရ၏.. ဒါ့ကြောင့် ကိုကို့လက်ကို
လှမ်းဆွဲပြီ …

“ကိုကို … .”
“အသဲ … အသဲ .. ဘာဖြစ်တာလဲ ..”
“ကိုကို .. သဲ …ခေါင်း နည်းနည်းမူးတယ် …
…မူးတယ် ..
>>>>>>>>> သုံးနာရီကြာပြီနောက် <<<<<<<<<<
“တော်သေးတာပေါ့ …လူ ဘာမှ မဖြစ်လို့ ..”
“နံနက်ခင်း အိပ်ရာစောစောထတယ် ..ပြီတော့  အထိုင်များသွားတာလည်းပါမယ် နော့ .. .”
“ဟုတ်တယ် … ဆရာမကလည်း ပြောသွားတယ် စိတ်ပူစရာမရှိပါဘူးတဲ့ ..နည်းနည်းလေး ပင်ပန်းသွားလို့မူးသွားတာ .. သွေးပေါင်ကလည်း အောက်သွေးလေး  နည်းနည်းလောက်ပဲကျတာတဲ့ .. .. နိုးလာရင်  သဲသဲ စားချင်တာ လေး စားလိုက် သက်သာသွားမှာပါလို့ ပြောသွားတယ် …”
.
.
..
“ကဲ အခု သဲသဲလေး စားချင်တာလေး  လည်း စားပြီသွားပြီ
သွေးပေါင်ချိန် ပြန်တိုင်းကြည့် ‌ တော့လည်း ပုံမှန်နီးပါးဖြစ်သွားပြီ”
“သဲသဲလည်း နေရထိုင်ရတာ  ပေါ့ပါးသွားပြီဆိုတော့ ကောင်းသွားပါပြီ
မနက်ဖြန်ကျမှ .. စိတ်ချရအောင် အပ်ထားတဲ့ OGဆရာမဆီ ထပ်သွားလိုက်ပေါ့  သဲသဲရယ် ..”

အမေရော ယောက္ခမရောက  စိတ်မပူဖို့ ကြည် နဲ့သဲကို  အကျိုးကြောင်း ပြောပြပြီးကြသည်နှင့် ကြည်နှင့်သဲ၏အခန်းထဲက ထွက်သွားသည် ..
.
.
အမား နဲ့ မေမေကြည် အခန်းထဲက ထွက်သွားသည်နှင့် အခုထိ နံနက်က ၀တ်ထားတဲ့ ကချင်ပုဆိုးအကွက်စိပ် အနီနက်ရောင်နုနုနဲ့ GIORDANO ချည်လက်ရှည်နို့နှစ် ရောင်ကို လက်တစ်၀က်ခေါက်တင်လျက်သား
၀တ်ထားသည်ကိုကို့ကို သဲလှမ်းကြည့်လိုက်သည်..

သဲကို အမားတို့က ထုံးထားတဲ့ ဆံထုံးတွေ ၊မိတ်ကပ်တွေ  ဖျက်ပေးတုန်းက ကိုကို ကူဖျက်ပေးသလို ၊ အ၀တ်စားတွေလဲပေးတုန်းကလည်း  ကိုကိုကူလဲပေးပါသည် …
ဒါပင်မယ့် အခုထိ  ကိုကို သဲကို နေကောင်းသွားပြီလား တစ်ခွန်းမှမမေးသလို … အခြားစကားတွေလည်း တစ်ခွန်းမှ မပြောပါ ..
သဲ နဲ့ကိုကိုကြားက တိတ်ဆိတ်နေတဲ့ငြိမ်သက်မူ့ကို သဲကပဲ စတင်ဖြိုခွင်းလိုက်ပါသည် …
“ကိုကို …အ၀တ်စား မလဲ ဘူး လား ..”
သဲမေးတော့မှ သဲနဲ့မလှမ်းမကမ်းမှာ ထိုင်နေသည့် ထိုင်ခုံပေါ်ကနေ ထသွားပြီ အ၀တ်ဗီရိုထဲက အိမ်နေရင်၀တ်  ပုဆိုး နဲ့ တီရှပ်တစ်ထည်
ဆွဲယူပြီ လဲသည် .. သဲကိုတော့ စကားတစ်ခွန်းမှ ပြန်မပြော ..
ကိုကို .. ဒီလိုတွေ လုပ်ပြရင် သဲ အလွန်အူယားပါသည် ..
ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ့လား ..မပြောဘူး .. သူတစ်ယောက်တည်း ကြိတ်ခံစားမယ်ဆိုသည့် မျက်နှာကြီးဖြင့်
သဲကို ဆက်ဆံသည် .. သဲက စိတ်တိုပြီ ဆက်မေးတော့မှ ပြောပါလိမ့်မယ်  …
“ကိုကို  … သဲ သွေးပေါင်ကျနေရာကနေ ဆောင့်မတက်ချင်ဘူးနော် ..
သဲမေး နေတာ ဖြေလေ .. သဲက သက်မဲ့လား .. ကျောက်ရုပ်လား ..”
“အသဲ …မင်း တော် ကွာ …နေမကောင်းဖြစ်နေတဲ့ကြားက
ရန်မထောင်နဲ့ .. အေးဆေးနေ …”

“ကိုကိုသာ အချိုးပြေနေရင် သဲ နေမကောင်းဖြစ်တဲ့ကြားက ..ရန်ထောင်နေစရာ အကြောင်းမရှိဘူး ..”

“အေး ..ဟုတ်တယ် ..ငါ ကိုက အချိုးမပြေတာ .. ငါကိုက မင်းဒါဆို ဒါအကုန်လုံး လိုက်လုပ်ပေးနေလို့ အချိုးမပြေနေတာ ..”
“ကိုကို .. မရွဲ့ နဲ့နော် …”
“မရွဲ့ဘူး ..တကယ်ပြောတာ ..  ဗိုက်ထဲမှာ ကလေး ရှိလို့
စားစရာရှိတာ အရင်စားပြီမှ ဓါတ်ပုံရိုက်ပါဆိုတော့ မင်းလက်မခံဘူး …
အခြားသူ‌ တွေလို …သာမန်လူတွေလို ..မင်း လုပ်ချင်ရာ မင်းဖြစ်ချင်ရာတွေ အကုန်တန်းလုပ်တာ … မင်း ဗိုက်ထဲက ကလေး အတွက်တောင် မင်းမစဉ်းစားဘူး”

“ကိုကို …စကားတွေ မလွန်နဲ့နော် .. သဲ ဗိုက်ထဲကကလေးက သဲအသွေးသားတွေ ရင်းနှီးပြီ သဲ လွယ်ထားတာ.. ကိုကို ဂရုစိုက်တာထက်ပိုဖို့ပဲရှိတယ် ..မလိုဘူး .. သဲ ခံနိုင်ရည်ရှိမယ်ထင်လို့
ဓါတ်ပုံရိုက်ဖို့ကိုသဲ ဆုံးဖြတ်ခဲ့တာပဲရှိတာ … “

*ပြဿနာ တစ်ခုကြုံ လာရင် စိတ်တို ၊စိတ်ကယောက်ကယက် ဖြစ်တာ လူ့သဘာ၀ပါ ..
*အဲ့ဒီအချိန်မှာ  ဘယ်လောက်သည်းခံနိုင်ပြီ ရင့်ကျက်ပါတယ် ပြောပြော လူတွေက သူတို့စိတ်သက်သာရာရဖို့  သူတို့ စိတ်ခဏထွက်ပေါက်ရဖို့ တစ်ဦးကို တစ်ဦး အပြစ်တွေ တင်မယ် ..အော်ကြမယ် ..
*အချိန်အပိုင်းခြား သေးသေးလေး တစ်ခုကြာလာတော့မှ ပုံမှန်စိတ် အနေထားကို ရောက်ပြီ ပြန်တွေးကြည့်မယ် ..မှား မှန်းသိလာမယ် ..
အကောင်းဆုံးကတော့ စိတ်တို နေရင် ဘယ်သူနဲ့မှ စကားမပြောပါနဲ့ ..
*ကိုယ့်ဖာသာ သီချင်း အော်ဆိုလိုက်ပါ …🙂 (အထူးသဖြင့် အမြဲစိတ်တိုတတ်သူများ…)

>>>>>
“အသဲ ..  အသဲ .. မိန်းမ .. မိန်းမ .. ကိုကို ခေါ်နေတယ်လေ
ဖြေပါအုံး … အသဲ .. အသဲ ..မိန်းမ ..မိန်းမ ..

တစ်ယောက်တစ်ခွန်းစကား များပြီ သဲဘေးမှာ ပဲ ကြည်၀င်အိပ်လိုက်
တာ အခုအိမ်မက်ဆိုးမက်မှ နိုးလာသည်..
နိုးလာချိန်မှာ အမှောင်တိကျနေသည် ..နိုးနိုးချင်း  သူ့အိပ်ရာဘေးက မိန်းမ ကိုအိပ်လျက် စမ်းကြည့်ပြီ ‌အနောက်ကနေ အတင်းသိုင်းဖက်ပြီ ပုခုံးတွေ ပါးတွေ စမ်းမိသမျှ နေရာ အကုန်လိုက်နမ်းသည် …

အိပ်ပျော်နေသော  သဲသည် သူမ၏ပြည့်တင်းသော ရင်သားတွေပေါ် ဖိကပ်ဆုပ်နယ်လာမူ နှင့်အတူ သူမ ကျောပြင် စိုစွတ်မူ့ခံစားရခြင်း
ကြောင့်အိပ်မောကျနေခြင်းမှ နိုးလာ ရ၏..
မောဟိုက်နေသလို အသက်ရူသံပြင်းပြင်းကြောင့်
နိုးလာပြီ ..
“ကိုကို … ဘာဖြစ်နေတာလဲ…”

ပြောရင် သဲက မျက်နှာလှည့်လာတော့ ကြည်က အတင်းသဲရင်ခွင်ထဲ၀င်သည်…
သဲရင်ခွင်ထဲ၀င်ပြီ မို့မောက်နေသော သဲရင်သားတွေပေါ် တစ်လှည့်စီ
နူတ်ခမ်းဖြင့်စုပ်ယူလိုက် သူလက်ဖြင့် ဖိချေလိုက်ဖြင့် အလောတကြီး လုပ်သည် ..
သူမရင်ခွင်ထဲ ၀င်လာသည့် သူမခင်ပွန်းကို သဲက ကလေးငယ်တစ်ယောက်လို ထွေးပိုက်ထားရင်  သူ့ဆံပင်တွေ ခပ်ဖွဖွလေး ထိုးဖွ ပေးသည်..
နဖူးလေးကိုလည်း အကြိမ်ကြိမ်  နမ်းရိူက် ပေးသည်.. နမ်းရိူက်ပေးရင် ကိုကို စိတ်လျော့နော် … စိတ်လျော့..
မိနစ် အတော်ကြာ ချစ်ဇနီး၏ ချော့မော့ခြင်းနှင်အတူ  နူ့ညံ့သောချစ်ဇနီး၏ရင်သားဖောင်းဖောင်းအိလေးကို စုပ်ယူ ကိုင်တွယ် ထားခြင်းကသူ့စိတ်ထဲက ကြောက်ရွံ့စိုးရိမ်ခြင်းကို ဖယ်ရှားပေးနိုင်စွမ်းရှိသည်..
ဒါ့ကြောင့် အသက်ရူသံ မပြင်းတော့ပဲ စကားပြောနိုင်သည် ..
“ကိုကို အိမ်မက်ဆိုး တွေ လျှောက်မက်လို့ပါကွာ ..”
“ဘယ်လောက်တောင်များ ဆိုးလို့လဲ .. ကိုကိုရယ် ချွေးတွေရောပျံလို့ …
မှောင်နေတာ .. ကိုကို ဘေးနားက မီးအိမ်လေး အရင်ဖွင့် လိုက်ပါလား ..”
သဲက သူမရင်ဘတ်ပေါ်က သူ့မျက်နှာကိုဆွဲယူ သူ့ပါးလေးကို ယုယစွာ
ကိုင်ထားရင်  တောင်းဆို လာသည်မို့ သူ့စိတ်တွေ အေးသွားအောင် သက်ပြင်း ချလိုက်ပြီ မီးအိမ်လှမ်းဖွင့်သည် …
.
.

မီးအိမ် ဖွင့်လိုက်သည်နှင့် အလင်းရောင်မှိန်ပြပြအောက်မှာ ကိုယ်လေးတစ်ဖက်စောင်း လဲနေသည့် ချစ်ဇနီး မျက်နှာလေးနှင့်ကိုယ်ဟန် လေးကို အိပ်ရာ‌  ပေါ်လဲရင် သူကြည့်နေမိသည် ..
အရင်ကထက်ပိုပြည့်တင်းလာ သောသူမ ခန္ဓာကိုယ်လေးက ပိုပြီ ဆက်စီကျလာသလို သူမမျက်နှာလေးကလည်း ပိုပြီ တောက်ပကြည်လင်နေသည်ကို  မြတ်နိုးစွာ ငေးကြည့်မိသည်..
ငေးကြည့်ရင် လက်တွေက အနည်းငယ် ပူဖောင်းနေသော သူမ ဗိုက်ကလေးပေါ် ကိုင်တွယ်ထိကြည့်မိ၏..
သူကိုင်လိုက်သည်နှင့် ပြုံးသွားသော ဇနီးချောလေးက သူ့ရင်ထဲက ပူလောင်မူ့ကို ငြိမ်းသက်ပေးသော စမ်းရေအေးလေးဖြစ်သည် ..

သူမဗိုက်ထဲက ကျွန်‌ တော့်အသွေးသားလေးကို သူမက ကျွန်တော့်ထက်ပိုသော မေတ္တာတွေ နဲ့ ပိုချစ်တယ်ဆိုတာ ကျွန်တော်ယုံပါတယ် …
အိမ်မက်ထဲကလို  သူမလေးသာ  ကျွန်တော့်ကို စိတ်ဆိုးပြီ  လောကကြီးထဲ ကျွန်တော်တစ်ယောက်တည်း ထားပစ်ခဲ့ရင် … ကျွန်တော် တစ်ယောက်ကျန်ရစ်ခဲ့ရရင် .. ဆိုသည့်အတွေးက အလွန် ခြောက်ခြား၀မ်းနည်းဖို့ကောင်းပါသည် ..

ကျွန်တော်က ကျွန်တော် အတွေးနဲ့ သူမကို ငေးရင် နယ်ချဲ့နေစဉ်
သူမလေးက   စကား တွေအများကြီးပြောပေးရင်ကျွန်တော့်ကို ကလေးတစ်ယောက်လို ဆံပင်လေးတွေ သတ်ရပ်ပေး ပါးကလေးကို ပွတ်ပေး  ချော့မော့သည်..

မိခင်တစ်ယောက်၏ ရင့်ကျက်မူ့လို အသွင်မျိုး သူမလေးဆီက မြင်ရတွေ့ရတော့ ကျွန်တော်အလွန် ကျေနပ်ကြည်နူးမိသည် ..

ကြည်နူးသောစိတ်ကလေးတွေ ၀င်လာတော့ စိုးရိမ်စိတ်တွေပျောက်ပြီ သွက်လက်စွာ  အခန်းမီးသွား ဖွင့်လိုက်သည် ..
အခန်းမီးလင်း‌သွားတော့ သဲက အိပ်ရာပေါ် လက်တစ်ဖက်ထောက် ပြီဖြည်ဖြည်းချင်းထထိုင်သည် ..
ကြည်က မြင်သည်နှင့်  သဲအနားကို လာပြီ ကူထူ
ပေးပြီ ရေသောက်မလား မေး ၊ သဲက ခေါင်းညိတ်ပြတော့ ရေခပ်တိုက်ရင်
သူလည်း သောက်ပြီ ‌သဲပေါင်ပေါ် အိပ်လိုက်သည် ..

သဲက သူ့ဆံပင်တွေဖွပေးရင် သူ့အင်္ကျီကို စမ်းမိပြီ
“ကိုကို .. အင်္ကျီလဲ လိုက်အုံး ချွေး ငုပ်လိမ့်မယ် ..”
သဲစကားကို နာခံပြီ သဲခိုင်းတဲ့အတိုင်း အင်္ကျီလဲ ..
ကုတင်ခေါင်းရင်ကို မှီထားလျက်ခြေဆင်းလိုက်သည် ..
  သဲကိုလည်း ခေါင်းအုံးနှစ်လုံးဆင့်လိုက်ပြီ သူ့လို မှီစေသည် ..
မှီရင်  သဲခန္ဓာကိုယ်လေးကို လှမ်းဖက်ထားလျက် ..
“အသဲကို …ကိုကို တောင်းပန်ပါတယ်ကွာ …
ကိုကို အတွေးလွန်ပြီ အသဲကို အရင်အပြစ်တင်မိသလို
ဖြစ်သွားတယ်… တစ်ကယ်ဆို ကိုကိုက အသဲ နေကောင်းရဲ့လား အရင်မေးသင့်တာ ..ပြီမှ နောက်ဆို ဒီလိုမဖြစ်အောင်  အသဲရော ကိုကို ရော ဂရုစိုက်ကြမယ်လို့ ပြောသင့်တာ… အခုတော့ ကိုကိုက  နေမကောင်းဖြစ်နေတဲ့ အသဲကို စိတ်ချမ်းသာ အောင်မထားပဲ အပြစ်တင်ပြီ အိပ်ပျော်သွားတာ …”

“ကိုကို ထက် သဲက အရင် အိပ်ပျော်သွားတာ သိလား ..”
“အဲ့တာကတော့ အသဲက ဆေးအရှိန်ကြောင့်လေ … ကိုကို ကြောင့်သာဆိုရင်
အသဲ စိတ်ဆိုးပြီ အိပ်မပျော်ဖြစ်နေမှာ ..”

“အွန် ..သိရက်နဲ့များ မိန်းမကို ပြောရက်တယ်နော် ..
ယောင်္ကျားတွေများ တစ်ခုခုဆို မိန်းမကို အရင် အပြစ်တင်ရမှ
နေကောင်း စားကောင်း အိပ်ကောင်း ကြတာလား မသိဘူး ..”

“မဟုတ်ရပါဘူးဗျာ .. မိန်းမကို အပြစ်တင်ဆူပြီမှ အိပ်လိုက်တာ
အိမ်မက်ဆိုးတွေပါ မက်တယ် ..နောက် မပြောရဲတော့ပါဘူးဗျာ ..”

“အင်း… ဒီတစ်ခါ သင်ခန်းစာလို့ မှတ် ..နောက်တစ်ခါ ဆိုတာ မရှိ‌ ရဘူးနော်..
နောက်တစ်ခါ ထပ်ဖြစ်လာရင် အိမ်မက်ထဲတင်မကဘူး အပြင်ဖက်မှာပါ
ထားခဲ့မှာ …”

“မပြောပါနဲ့တော့ကွာ .. အသဲရာ ..”
“မပြောစေချင်ရင် … သဲဖို့  စားစရာ သွားယူပေးအုံး ..”

“အသဲ … ဗိုက်ဆာနေတာလား ..”
သဲက ခေါင်းညိတ်ပြတော့ ကြည် သွက်လက်စွာ ကုတင်ပေါ်ကနေဆင်းပြီ
စားစရာ ရှာဖို့ အောက်ထပ်က မမ မီးဖိုခန်း ထဲပြေးသည် …

>>>>>ဆက်ရန်

ကြိုးစားရေးသားပါအုံးမည် 💪💙

#Skykyiphyu

























TuTu (မင်းပဲ)(Completed)Where stories live. Discover now