Tutu (မင်းပဲ)-45

3.9K 89 0
                                    

Tutu(မင်းပဲ)
- -(45)- -


“အရက်တွေဘီယာတွေတော်တော်သောက်တတ်နေပြီပေါ့ ..
မောင်ကြည်လင် ဟုတ်သလား..”
“အမေကလည်း  ဒီနေ့မှပါဗျာ  အားနာလို့  ဟိုလူတွေနဲ့ လိုက်သွားတာ …”
“အမယ်လေး ကောင်းတာပေါ့တော် .. နာပေါ့ …  ကလေးငယ်ငယ်နဲ့ မိန်းမကို  ပစ်ထားခဲ့ပြီတော့ကို နာပေါ့..”
“ဟာဗျာ .. အမေပြောမှ .. လူကြားမကောင်းဘူး ..
သားသားရော မိန်းမရော စိတ်ချရအောင် အမေ့အိမ်  ခဏပို့ထားမိပါတယ်
အမေကပို ပြောပြီ .. “
“အပိုအပြောမခံနိုင်ရင် ..မင်း အပိုတွေ မလုပ်နဲ့ပေါ့ ..”
အမေဖြစ်သူဆီက လေသံပြင်းပြင်းဖြင့် အအော်ခံလိုက်ရသည်နှင့် တစ်ခွက်တစ်ဖလားမော့လာသည့်ကြည်က  အနည်းငယ်သွေးဆူပြီ အတောင်ပံ စုံနေကြောင်းပြသည် …

“အသဲ… အသဲ .. မိန်းမ အိမ်ပြန်မယ်  .. “
အမေကို ရွဲ့ပြီ လှေကားပေါ် ပြေးတက်ရင် အပေါ်ထပ်က မိန်းမကို အသံကျယ်ကြီးဖြင့်ခေါ်သည် …
ဒေါ်ကြည်စိန်က အာခံနေသည့် သားအပြုအမူကို ကြည့်ပြီ အနောက်ကနေ လိုက်ဖို့ ပြင်တော့ ဦးခင်က ‌ဒေါ်ကြည်စိန်ကို ဆူသည်..
“ခင်များ က ဘာလိုက်လုပ်မှာလဲ ..”
“ဟောတော် ဘာလုပ်ရမှာလဲ .. မူးမူးရူးရူးနဲ့  ကလေးက အိပ်နေတာကို ဇွတ်အတင်း နိူးပြီခေါ်သွားရင် တားမလို့ပေါ့ ..”

“အဲ့တာ ခင်များမတားလည်း တားမယ့်သူ့မိန်းမ တစ်ယောက်လုံးရှိတယ် ..
ခင်များ နေရာတကာ ၀င်ပါစရာမလို တော့ဘူး  .. သူ
တို့ ဖာသာ ကြည့်ဖြေရှင်းကြပါလိမ့်မယ် .. မျက်စိ တွေ နားတွေ မှိတ်သင့်ရင် မှိတ် ပိတ်သင့်ရင် ပိတ်နေပါဗျ .. ခင်များလည်း အသက်ကြီးနေပြီ ..”

သူမ ခင်ပွန်း၏ ရွှေရင်အေး တရား ကြောင့် ဒေါ်ကြည်စိန် သက်ပြင်းချ
ပြီ ထိုင်ခုံပေါ် ပြန်ထိုင်သည် .. သို့ပင်မယ့် နားကတော့ စွင့်ထားသည် ..

.
.
“ အသဲ .. မိန်းမ ..”
ခေါ်ရင် အခန်းတံခါး ဆွဲ ဖွင့်လိုက်သည်…  ဆွဲ ဖွင့်လိုက်သည်နှင့် မိန်းမက မအော်ဖို့ အမူအရာလုပ်ပြတော့ သူ  အသံတိုး လိုက်ပြီ

“အိမ်ပြန်မယ် ..”
“မပြန်ပါဘူး .. သားသား က အခုမှ အိပ်ပျော်သွားတာ .. ”
“ကိုကို ပွေ့ခဲ့မယ်ကွာ .. အသဲ ကားမောင်းလိုက် .. အိမ်ပြန်မယ် ..”

“မပြန်ပါဘူး ..သားသား အိပ်ဖို့ သဲ အပင်ပန်းခံ ချော့သိပ်ထားရတာ .. “
“ကိုကိုပြန်ချော့သိပ်လိုက်မယ် … သားသားက လမ်းလျှောက်ပြီ ချော့သိပ်ရင် ခဏအိပ်တာ …”
“တော်ပြီ … မပြန်ချင်ဘူး .. မနက်ခင်းကျရင် မမက  ဗမာကြက်နဲ့ ကြာဇံဟင်း ချက်ကျွေးမယ်လို့ ပြောထားတာ … “
“မနက်ကျမှ လာစားရအောင်ကွာ …အခုပြန်မယ် ..”
“တော်ပြီ .. အခု သဲ အိပ်ချင်နေပြီ .. အိပ်တော့မယ် .. ကိုကိုလည်း ခြေလက်ဆေး အ၀တ်စားလဲပြီ ၀င်အိပ်လိုက်တော့ … “
မိန်းမက သူမ ဖြစ်ချင်ရာကို အသံ ချွဲချွဲ နွဲ့နွဲ့ ကလေးဖြင့် ပြောလိုက်သည်နှင့်ဘီးလူးခေါင်းဆောင်းပြီ ၀င်လာသည့် ကြည် ငြိမ်ကျသွားသည် …
ငြိမ်ကျသွားသည်ဆိုပင်မယ့်  မျက်လုံးမှိတ် အတင်းအိပ်ချင်ယောင်ဆောင်နေသည့်မိန်းမကို
သူတစ်ခုခုပြောဖို့ ကြံရွယ်တော့ မိန်းမက အိပ်ချင်မူးတူးအသံလေးဖြင့်
“ကိုကို … သွားတိုက်ခဲ့နော် …ကိုကို အရမ်းချစ်တယ်နော် ဂွတ်နိုက် ..””
သူ့ဇနီးဆီက ထိုစကားကိုကြားရချိန် သူ့မှာပါလာသည့် အရည်အရှိန်က‌လွင့်စင်သွားသည်ထင်ပါရဲ့
ဒါ့ကြောင့် သူ့မိန်းမ ပြောသလို သွားတိုက်  ခြေ လက်ဆေးအ၀တ်စားလဲပြီ မိန်းမ ဘေးနား၀င်အိပ်သည်..

အောက်ထပ်ကနေ နားစွင့်နေသည့် မိခင်ကတော့ သူမ ယောင်္ကျား ဦးခင်၏
“ကျုပ် မပြောဘူးလား … ခင်များပါစရာမလိုတော့ပါဘူး “
ဆိုသည့် စကားကို နားခါးစွာကြားရင်
  “အမယ်လေး .. သား…မွေးရကျိုးနပ်လိုက်တာ ..နည်းနည်းလောက်ဆူတာနဲ့  မကောင်းတဲ့ အရည်၀င်လာတော့ ဆောင့်ကြီးအောင့်ကြီး မအေကို ပြန်ခံပြောတယ် ..”

“ခင်များကိုက  … ငါ့မွေးထားတဲ့သား
ငါ့စကား နားထောင်ရမယ်ဆိုပြီ ..အခုထိ အာဏာပြချင်နေတာ..”

“အံ့မယ်‌လေး .. ဟုတ်ပါတယ် ..တော်မှန်ပါတယ် .. ကျုပ်မှားပါတယ် ..”

.
.
“ကိုကို ..”
“အင်း..”
“တစ်ခွက်တည်း သောက်ခဲ့တာမို့လား …”
သူမက မေးရင် သူ့ရင်ဘတ်ပေါ်  နမ်းလိုက်သည် ..
လိပ်ပြာမလုံသည့် သူက သူ့ခါးပေါ်က သူမလက်ချောင်း လေးကိုယူပြီ
လက်သုံးချောင်း ထောင် စေတော့
“သုံးခွက်ကြီးများတောင်လား … .. ကိုကို့ ဗိုက်ကတော့
သွားပြီ သဲ သားသားကို ဗိုက်ထဲ ထည့်ထားတုန်းက သုံးလ အရွယ်လောက် ဖောင်းလာတော့မှာပဲ …”
ပြောရင် ဗိုက်ခေါက် ကြွက်သားလေးကို သူမက အားရပါးရ ဆွဲလိုက်သည်မို့
သူ အားလို့ အော်မိသည် …
အော်ရင် သူ့မိန်းမကို အတင်းဖက်လိုက်ပြီ
“တစ်ရက်ကလေးနဲ့တော့ မဖြစ်နိုင်ပါဘူး မိန်းမရာ  ..”
“အင်းပေါ့ တစ်ရက်ကလေးနဲ့တော့ ဘယ်ဖြစ်မလဲ .. လေးငါးဆယ်ရက်တစ်ပတ်တစ်လ ကြာရင် အသည်းတွေပါအဆီဖုံး ခန္ဓာကိုယ်ကြီးကလည်း ဖောရောင်ကိုင်းပြီ ‌ဘာလေးလုပ်လုပ် မောလိုက်တာ မောလိုက်တာနဲ့ ညည်းညူ အပျင်းထူတဲ့ အရက်သမားကြီး ဖြစ်သွားမှာ..
အဲ့ဒါ ကိုကို သိလား …”
ကြည် ခဏလောက်ငြိမ် သွားပြီ လက်တစ်ဖက်ကို သူ့ခေါင်းအောက်ထိုးလိုက်ရင်
“မိန်းမကလည်းကွာ .. ဒီနေ့ တစ်ရက်ကလေး သုံးခွက်တည်းပါ ..”
“အင်းလေ .. ကိုကို ယောင်္ကျားက လိမ်မာတော့ အဲ့လိုကြီးတွေ ဘယ်ဖြစ်ပါ့မလဲ .. သဲက ကြားဖူးတာလေးတွေ ပြောပြတာပါ ..”

“အရက်ကလေး တစ်ရက်သောက်မိပါတယ်ဗျာ ..မိန်းမက အိပ်ရင် ချော့လိုက် ခြောက်လိုက်နဲ့  …”
“သဲက ကိုကို့ကို အရမ်းချစ်လို့ ပြောတာ သိလား ..”
“သိပါတယ် ဗျာ … အိပ်တော့ .. စောစောကတော့ အိပ်ချင်လို့ဆို..”
“အင်း .. ဟုတယ်လေ ..  ကိုကို ကြောင့် သဲအိပ်ချင်စိတ်တွေ
ပျောက်သွားတာ … ညလယ် သားသားနိုးရင် ကိုကို  ပြန်ချော့သိပ် … “

“ကိုကို က ချော့သိပ်ပါတယ်ဗျာ ..အသဲသာ သားငိုသံကြားရင် ထ ထလာတာ..”
“တော်ပြီ .. ဒီနေ့ မထတော့ဘူး .. သားသားကို ချီပြီ ချော့သိပ်ရတာ
ညောင်းနေပြီ .. “

ပြောတာကလည်း သူမ ပါပဲ.. ပြီးရင် နိုးလာတာကလည်းသူမ ပါပဲ..
.
.
💙💙💙
“ဖေဖေ ..”
ဖအေ အပြင်ထွက်တာ မြင်သည်နှင့် သားသားက အတင်း အာဗြဲကြီး နဲ့ ငိုပြီ သူရောလိုက်ချင်ကြောင်း  လိုက် .. လိုက် နဲ့ အော်သည်…

“ကဲ … ဒီလိုက်တောင် အပြင်လိုက်ချင်နေတာ ကွာ .. လာ  ခေါ်သွားမယ် ..”
“ကိုကိုက ကြာအုံးမှာ မဟုတ်ဘူးလား ..”
“မူန့်ဘူး ထည့်ပေးရင် ထည့်ပေးလိုက်လေ ..”
“အံ့မယ် .. မလိုပါဘူးကွာ မင်းသား ဟိုတနေ့ကတောင်  လက်ဖက်ရည်တွေ
ကိတ်မုန့်တွေ တီးနေတာ ..”
အတူသွားမည့် ကိုတူးက ၀င်ပြောလိုက်သည်မို့ သဲက သူမ ခင်ပွန်းလက်ထဲ ကလေး ထည့်ပေးရင်
“အယ် .. ကိုကိုနော် သားသားက စားနိုင်တယ်ဆိုပြီ ဇွတ်အတင်း လျှောက်မကျွေးနဲ့အုံး .. ”
“မကျွေးပါဘူးကွာ …”
“ကိုကို .. ဒိုင်ပါရော ..ယူသွား …”
“များများထည့် ပေးလိုက် .. အသဲ ..”
မိန်းမရှေ့သာ မကျွေးပါဘူး ဟန်ဆောင်ပန်ဆောင် ပြော..
ပြီရင် သားသားလက်ညိုးထိုးသမျှ အကုန်ကျွေး ..
ကိုတူး ကား၀ယ်ချင်တယ်ဆို၍  ကားသွားကြည့်ဖို့  သားကို အသိုင်းထဲထည့် ရင်ဘက်ရှေ့ပိုက်ထားလျက် ကားပေါ်တက်သည်..
ကားပေါ်ရောက်သည်နှင့် ကိုတူးက
“ငါ့သား မင်းသားအရွယ်တုန်းက ငါ့မိန်းမက နို့ဖြတ်ပြီ ငါသွားလေရာ အတင်းထည့်တာ.. ငါကလည်း သွားလေရာ ခေါ်သွား ကျွေးချင်တာ
ကျွေးတာပဲ.. ဘာမှ မဖြစ်ပါဘူးကွာ ..  ၂နှစ်တောင် ပြည့်နေမှာတော့ ကလေးလည်း စားချင်တာတွေ စားလို့ရပါပြီ .. ဒါနဲ့ မင်းမိန်းမက အခုထိ နို့တိုက်သေးတာလား ..”

“တစ်ခါတစ်လေ ညဖက် တိုက်တယ် .. “
“ဟာ မင်းသား သွားတွေပါပေါက်နေပြီ စကားတွေပါတတ်နေပြီကို တိုက်သေးတာလားဟ .. အေးပေါ့ ..မင်းတို့က ကလေး တစ်ယောက်တည်းမို့ တအားချစ်နေတာ ဖြစ်မယ် ..
နောက်တစ်ယောက် မွေးခိုင်းကွာ ..”

“ဟာဗျာ .. ခင်များ ပြောမှပဲ .. မမွေးခိုင်းပါဘူး … ကျွန်တော့်မိန်းမ
ပင်ပန်းရ ပင်ပန်းနဲ့ .. ကလေးတစ်ယောက်ထိန်းရတာတောင် ကျွန်တော်တို့ လင်မယားနှစ်ယောက် မျှထိန်းနေလို့ .. လူကြီးတွေဆိုတာ ဘယ်လောက်ချစ်ချစ်   နေ့ခင်းလေး တစ်ခဏကူထိန်းကြတာ .. 
နေ့ရောညရော ပင်ပန်းတာက ကလေးအမေ နဲ့ အဖေ ဗျ ..
“ညကျရင် ဂျီမကျနဲ့ကွာ သားသားရာ  …”
ကိုတူးကို စကားပြောရင် သူ့သားကို စကားပြောလိုက်သည်မို့သားက
နားလည်သည့်ဟန် ခေါင်းညိတ်ပြီ အင်းလို့ ဖြေသည် ..

“အောင်မယ်  … မင်းကလည်း ဖင်ကျယ် တာကွာ ..
နေ့ခင်းလေး ကူထိန်းပေးတဲ့ လူကြီးတွေ ရှိတာ ကျေးဇူးတင်ပါအုံး ..
ငါမိန်းမလိုမျိုး ကလေး သုံးယောက် တစ်ယောက်တည်း ထိန်းနေရရင်
မင်း မိန်းမကိုယ် မင်း ဘယ်လောက် သနားနေမယ်မှန်းမသိ ..”

“ပြောစရာကို မလိုဘူး ..  ခင်များသာ တစ်ကိုယ်ကောင်းဆန်ပြီ
ခင်များ မိန်းမ ကိုမသနားတာ ကျွန်တော်ကတော့ ကျွန်တော့် မိန်းမ ကျွန်တော် သနားတယ်..ဆိုင်အလုပ်ရော အိမ်အလုပ်ရော အကုန်လုပ်နေရရှာတာ … “

“ပိုပြန်ပြီ .. ငကြည်ရာ .. မိန်းမ ကြောက်ရင် ကြောက်တယ်ပေါ့ ..”

“ကြောက်ဖူး ..”
သူ့သားက ၀င်ပြောလိုက်သည်မို့ ကြည်က သဘောကျစွာ သားကို ငုံ့ကြည့်ပြီ
“‌ ပြောလိုက်စမ်းကွာ ငါ့သား .. ဖေဖေကကြောက်တာမဟုတ်ဘူး ..
မေ့မေ့ကို ချစ်တာလို့ .. ချစ်တာ ..”

“ဟွင် … လုပ်ထားပေါ့ ကြည်လင်ရာ .. မင်းမိန်းမ ကို ချစ်တာနဲ့
ငါတို့ကို ဝိုင်း ပေးဖို့တွေ မသိချင်ယောင်ဆောင်နေတာ .. တွေ့အုံးမယ် ..
ဒီနေ့ ပွဲတည့်လို့ကတော့ မင်း အေးဆေးကျော်သွားလို့ မရဘူးမှတ် ..”

“ဟာဗျာ … ခင်များတို့ကို ပေးရတာ ရော့ အင့်ဆိုပြီ ကိစ္စပြတ်တယ် ..
ခင်များတို့က အတင်း အဓမ္မ မရဘူး ဟျောင့် ဘာညာနဲ့ လာဖြဲ ခြောက်ပြီ
တိုက်လို့ ရှောင်‌တာသိလား …  ခင်များတို့ က သောက်ပြီ ဘာမှမဖြစ် ဘူး ..
မနက်ခင်း အေးဆေး သနပ်ခါး အဖွေးသားနဲ့ ကျွန်တော်က မနက်ခင်း အီလည်လည်နဲ့ နေရ ထိုင်ရတာ မကောင်းဘူး ..

ကျွန်တော် နေမကောင်းရင် ကလေးတစ်ဖက်နဲ့ မိန်းမက အလုပ်တွေရူပ်ရလွန်းလို့ .. သနားလွန်းလို့ ..”

“အေးပါကွာ … တစ်လောကလုံး မိန်းမ သနားတတ်ဆုံးဆုကို
မင်းပဲ ယူပါကွာ … မင်းဆိုတဲ့ အကောင်ကလည်းနော်  အစကတော့
လေ လိုလို မိုး လိုလို မသဲမကွဲ  မသိရင် မိဘ ပေးစားလို့ ကြိုက်လိုက်
သလိုလို ဘာလိုလို အထာနဲ့ဗျာ …
ယူလည်း ယူပြီးရော  အသဲ  အကြောင်း မပါရင် ထမင်းစားမ၀င်
… အသဲ အကြောင်းတွေးလိုက်ရင်  ဘီယာ တစ်ခွက်တောင်ပြီးအောင်
မသောက်နိုင်ရှာ .. ကျွတ် … ကျွတ် သနားတယ် .. ငကြည် .. ..”

.
“မသနား နဲ့ ဗျာ … အားကျ ရမှာသိလား  .. ကြွားတာ မဟုတ်ဘူး ပြောပြမယ် .. ကျွန်တော့် မိန်းမက  ကျွန်တော် နေလို့ မကောင်းဘူး
ဆိုရင် ကိုကို .. ကိုကို နဲ့ ပျာယာတွေ ခတ်ပြီ ပြုစုတာ .. ခင်များတို့လို အမြင်ကတ်ကတ်နဲ့ ဒီလောက်တောင်  သောက်နေတာ ဖြစ်မှာပေါ့ဆိုပြီ
ပစ်မထား ဘူးဗျ သိလား ..”

“ဟျောင့် ငါ့မိန်းမကလည်း ကိုကိုသာ မခေါ်တတ်တာ .. ငါမူးပြီ အိမ်အပြင်ဖက် အိပ်နေရင် စောင်လာခြုံပေးပါတယ်ကွ…”

“အဲ့ဒါကတော့ ခင်များ လေဖြတ်ရင် ပြုစုပေးရမှာ ကြောက်လို့ ဖြစ်မှာပါ ..”
“ဟျောင့် ငကြည် အဲ့တာကတော့ များသွားပြီ  .. တစ်လောကလုံး မင်းမိန်းမကပဲ ချစ်တတ်တယ် ထင်နေတယ် ..
ငါ့မိန်းမကလည်း ချစ်တတ်တယ်ကွ .. ငတူးဆိုတဲ့ ကောင် ငါက မိန်းမကို ချစ်တဲ့နေရာမှာသာ မင်းနဲ့ မယှဉ်နိုင်တာ .. မိန်းမ အချစ်ခံရတဲ့ နေရာမှာတော့
မင်းထက်သာ ကွ သိရဲ့ လား ..”

.
လူကြီး နှစ်ယောက် ကားမောင်းရင်  ငြင်းနေချိန်  နောင်တစ်ချိန် လူကြီး ဖြစ်မယ့် ကလေးလေးက  မျက်လုံးလေး ကလယ် ကလယ်နဲ့ ပြောသမျှကို
လိုက်ပြီ နားထောင်ရင် ကြည့်သည် ..

.💙💙💙.

“ကောင်းကောင်းရေ ..”
“ဗျာ ..”
“ဟုတ်တယ် .. မေမေ့ အသည်းလေးက ထူးတတ်တယ်တော့ ..”
“မေမေ .. ခေါ်ပါအုံး … မေမေ …”
“မေမေ ..”
“ဟုတ်တယ် မေမေ ..”
“ဟိုမှာ ထိုင်နေတာ  ဘယ်သူလဲ ..”
“ဖေဖေ ..”
“ဟုတ်တယ် .. ဖေဖေ … တော်လိုက်တာ .. မေမေ့သားလေးက တော်လိုက်တာ ကွာ ..”
ပြောရင် သားကို အတင်း ပွေ့ချီပြီ နမ်းတော့ သားက အင့်.. အက် လုပ်သည် ..
“လုပ်ပြီ .. လုပ်ပြီ … နည်းနည်း လေး ကြီးလာတာနဲ့  သူ့ပါးလေးကို
နမ်းတာတောင် အင့်… အင့် … အက် နဲ့  နမ်းမှာပဲကွာ .. နမ်းမယ် .. နမ်းမယ် ..”

“နိုး … နိုး … နိုး …”
“ရက်စ် … ရက်စ်  ..  လုပ်လိုက်ပါ  ကောင်းကောင်းရာ …”
ပြောရင် ကလိထိုးစလိုက်သည်မို့  တခစ် ခစ် ပြန်ရယ်ရင် နိုး .. နိုး လုပ်ရင် လေးဖက်ထောက်လျက် သူ့အဖေ ဆီ မြန်မြန်ပြေးသည် …
“နောက်ကနေ လိုက်လာပြီ နော် .. နော် လို့ ..”
အမေက  စတော့ စပ်ဖြီးဖြီး ရုပ်ကလေးဖြင့် ကြမ်းပြင်ပေါ်ထိုင်နေသည့် သူ့အဖေ ရင်ခွင်ထဲတိုး ၀င်သည် ..
တိုး၀င်ပြီ  အမေကို လှမ်းကြည့်ပြီ
.. သူ့ကို လိုက်စပါ ဆိုသည့် သဘောဖြင့်  ..
“မေမေ .. မေမေ..ခေါ်သည်”
အမေဖြစ်သူကလည်း အလိုက်တသိ သားအကြိုက် သူ့ အဖေ ရင်ခွင်ထဲထိ
တိုးပြီ ၀င်ဆွဲပြသည် ..
အမေက ၀င်ဆွဲတော့  အဖေ့ အင်္ကျီစကို ဆွဲပြီ
“အင် .. အန် .. အန် “  လုပ်ပြရင် ဖအေကို မော့ကြည့်သည် …
ဖအေ ဖြစ်သူက သားရော မိန်းမရော နှစ်ယောက်စလုံး ဖက်ပြီ ကြမ်းပြင်ပေါ်အသာ‌ လေးလှဲ ချသည် ..
လှဲချပြီ 
“ငြိမ်ငြိမ် လေး နေ … အိပ်ကြတော့ ကွာ “
လို့ ဟန်ဆောင် ဆူလိုက်တော့ သားသားက ချက်ချင်း သူ့ရင်ဘက်ပေါ်ကပ်ပြီ
ခေါ် … ခေါ် .. ခိ ..ခိ လုပ်ပြသည် ..
သဲကရယ် ပြီ ဟန်ဆောင်အိပ်ပြသည့် ကောင်လေး ခါးအိအိလေးကို
လက်ညိုးလေး နဲ့ ထိုးစသည် ..
.
.
ခဏကြာတော့  သဲ ဖက်ကို မျက်နှာလှည့်ပြီ ပြန်ဆော့ ဖို့
“မေမေ  ခေါ်ပြီ  ပြန်စသည် ..”
.

ကြည့် လက်မောင်းပေါ်  သဲက ခေါင်းအုံးပြီ  ကောင်းကောင်းက
ကြည့်ရင်ဘက်ပေါ် က တီရှပ်အင်္ကျီစကိုလှန် ခေါင်း၀င်ပြီ 
တူးတူး  ရေး … ဝါး ဆော့သည် …
“ မေမေ တူး ..”
“ဝါး ..”
“ကောင်းကောင်း ရေ တူး ..”
“ဝါး ..”
“,မေမေတူး ..”
“ဝါး ..”
“ကောင်းကောင်း ရေတူး ..”
“ဝါး ..”
.
.
“အား မေမေ ညောင်းလာပြီ   ကောင်းကောင်းက  မညောင်းသေးဘူးကွာ
ဖေဖေ့ကို တကူး ကူး .. လုပ်ခိုင်းလိုက်တော့ …”

ကြည်က သူ့သားကို ခြေထောက်နှစ်ဖက်ပေါ် ကာယားခွတင် လက်က
သားလက်မောင်းနှစ်ဖက်ကို ကိုင်ထားသည် ..
ကိုင်ထားလျက် ခြေထောက်ကို အပေါ် မြှောက်လိုက် အောက် ချပေးလိုက် လုပ်ရင်  တကူး ကူး လို့ ‌ပြောတော့ သားက သဘောကျကျေနပ်စွာ  ခြေထောက် စီးရတာကို ပျော်ပြီ တ ခစ် ခစ် ရယ်သည် …
.
.
. အချိန် အကြာကြီး ဆော့ ပေးပြီတော့မှ မောပြီ  သားက အိပ်သည် ..
သားအိပ်တော့မှ  ဇနီး မောင်နှံ နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် သေချာ စိုက်ကြည့်ပြီ ပြုံးလျက်

“ညောင်း နေပြီ လား ..” ပြိုင်တူ မေးမိသည် …
မေးမိရင် ပြုံးလိုက်ပြီ သူမက သူ့ရင်ခွင်ထဲ၀င်  အိပ်ရင်
“ကိုကို ..”
“အင်း ..”
“သားသားက ၀က်ပုပ်က‌ လေး ဖြစ်နေပြီနော် .. သဲ တောင် မနည်း
ချီရတယ် .. ဘာလိုလို နဲ့ နောက်ထပ် နှစ် နှစ် လောက်ဆို သားသားက
ဒီထက်ပိုကြီးပြီ မူကြို တောင် လိုက်လို့ရတော့မယ်…”
“သားသား မူကြို သွားတော့ မိန်းမ ထိန်းရ သက်သာတာပေါ့ ..”
“ဟင့် … သဲက သားကို လွမ်းနေ မလား မသိဘူး ..
မမတို့ တစ်နေ့လယ်ခင်း လောက် ခေါ်သွားရင်ပဲ ဖြစ်ဖြစ်  ကိုကို နဲ့ အပြင် ခဏ လိုက်သွားရင်ပဲဖြစ်ဖြစ် သဲ မှာ ဘာလိုနေမှန်းမသိ သားသားကို လွမ်းနေတာ … သားသားကတော့ ကြီးလာလေလေ အပြင်ထွက်ချင်တယ်
ဆော့ချင်တယ် …  အမေကိုတောင် မေ့ထားပြီ ဆော့တယ် စားတယ် …အမေ့ ချိုချို အစား သူက မုန့်သရေစာတွေ တောင် ကြိုက်တတ်နေပြီ … အပြောင်းလဲကလည်း မြန်လိုက်တာ …”

“အဲ့ဒါ သဘာ၀တရားပဲ မိန်းမရဲ့ တားလို့မှ မရတာ …လက်ခံသင့်တာ လက်ခံပြီ  ရှေ့ဆက်ရတာပဲ … “

>>>>> ၃ နှစ်ကြာပြီ နောက် <<<<<<<

သားမိနှစ်ယောက် စိတ်ကောက်ပြီ ပြန်လာသည်မို့ ဆိုင်ထဲက တစ်စုံတစ်ယောက်ကိုတောင် အရေးမလုပ်ပဲ အပေါ်ထပ်ကို တက်သွားကြသည် …

တစ်စုံတစ်ယောက်ကလည်း သားမိ နှစ်ယောက်စလုံး ကောက်နေမှန်းတန်းသိသည်…

သားမိနှစ်ယောက်  တည့်ပြီ   မူကြိုကနေပြန်လာရင် အသံ တစာစာ နဲ့
မေမေ ၊ ကောင်းကောင်း ကလေ ဆိုပြီ ၀င်လာတာ ...

ဒီနေ့က လိုချင်တာမရလို့ ကောက်တာလား မေမေ အရမ်းလှ အောင် ပြင်လာလို့ ကောက်တာလား ဆိုတဲ့ အချက်ထဲက တစ်ခုခုပဲ …

ဘယ်တစ်ခုခုပဲဖြစ်ဖြစ် သားမိနှစ်ယောက် ကြားထဲမှာ သူက တရားသူကြီး
လုပ်ပေးရအုံးမှာ သေချာသည် …

သားမိနှစ်ယောက် ဆိုင်တံခါးတွေ လာကူပိတ်‌ပေး နူတ်ခမ်းတွေစူပြီ သူ့ လက်ကို တစ်ယောက် တစ်ဖက် ကိုင်ပြီ အပေါ်ထပ်ကို အတူတက် ထိုင်ခုံပေါ်ထိုင်လိုက်သည်နှင့် …
“ကိုကို ..” “ ဖေဖေ ..” တစ်ပြိုင်နက်တည်းခေါ်လိုက်ကြသည် …
ခေါ်ရင် သားသား အရင်ခေါ်တာ .. မေမေ အရင်ခေါ်တာ ငြင်းတော့
“ ကဲ …သားသား လေဒီ ဖတ်စ် လေကွာ  ..သားကြီးက
မေ့မေ့ကို.. အလျော့ပေးလိုက်..”

“ဟွင် ..  ဖေဖေ လည်း မေမေ့ စကားထဲမှာ  မျှောလို့ မဖြစ်ဘူးနော်
ဒီတစ်ကြိမ် သား လုံး၀ … လုံး၀ အလျော့မပေးနိုင်ဘူး .. ဖေဖေ ဆုံးဖြတ်တာ မှားရင် သား မိုးကုတ်က ဘွားဘွား ဆီထိ လှမ်းတိုင်မယ် .. ဒါပဲ ..”

“ကိုကို … အဲ့မှာကြည့် .. လက်တောက်လောက်ကလေးနဲ့ သဲတို့ကို ခြိမ်းခြောက်နေတာ  …ဒီနေ့  ကျောင်းကနေ ထွက်လာတော့လည်း
သဲ ကို မြင်ရဲ့သားနဲ့  ကိုကို့သားက  သဲကို ရယ်လည်းမပြဘူး .. ကားပေါ်ရောက်တော့လည်း သဲကို  ဆူတယ် … ဟင့် .. ဟင့် ..”

“ကောင်းကောင်း မင်း ဘာလို့ မေမေ့ကို ၀မ်းနည်း အောင် လုပ်ရတာလဲ..”
“ဖေဖေ စတော့ (stop)  မေ့မေ့စကားပဲ နားထောင်ပြီ သားသားကို မဆူသေးနဲ့ အုံးလေ … သားသားပြောပြ အုံးမယ်လေ …”

“အိုခေ …ဆောရီး … သားသား ပြော…”
“ ဖေဖေ မေမေ့ကိုကြည့်လိုက် …ဆံပင်ကိုလည်း ကလေးလို စည်းလာတယ် ..ဂါ၀န် တိုတိုလေးလည်း ၀တ်လာတယ် ..ပြီတော့ ..”
“ကောင်းကောင်း ..နော်  ဒီမှာကြည့် ဂါ၀န်က  ဘယ်မှာတိုလို့လဲ …
ဒူးအောက်ရောက်တယ် … ဆံပင်ကလည်း ချစ်စံအိမ်ဇာတ်ကားထဲက
အွန်စောလို လေး စည်းထားတာ ..
ယောင်္ကျား လှတယ်မို့လား …”
“မေမေနော် သား စကားပြောလို့ မပြီးသေးဘူး .. ဖြတ်မပြောရဘူးလေ..
ဖေဖေ သိလား … မေမေက ဒီနေ့  ဒီလို ၀တ်လာတော့ သားတို့ကျောင်းက
ကလေးတွေရော လာကြိုတဲ့ လူတွေ ရော မေ့မေ့ကို ဝိုင်းကြည့်နေကြတာ…”

“ဟဲ့ …အဲ့တာ ငါ လှလို့ကြည့်တာလေ … မင်း အမေက လှတယ်လို့ အပြောခံရတာ  မင်း ဂုဏ်ယူသင့်တာပေါ့ …”

“မယူပါဘူး … နောက်နေ့ မေမေ အဲ့လို ၀တ်လာပြီ သားသားကို လာမကြိုဖို့ ဖေဖေ ပြောပေးပါ … “
“ကောင်းကောင်း   …. နင်တော့ နော် … ငါ့ကို …”
“တော်ပြီ ရပ်လိုက်တော့ မိန်းမ ရော သားသားရော မငြင်းနဲ့တော့ ..
ဖေဖေ ဆုံး ဖြတ်ပေးမယ် …
သားသား လည်း မှန်တယ် မိန်းမလည်း မှန်တယ်  ဒါပင်မယ့် ဒီတစ်ခေါက်
သားသားက ပိုမှန်တယ် …”

“ဟေ့ …. ဖေဖေ  ဂွတ်ဂျော့ …”
“အား …ကိုကို နော် .. မရဘူး …”
ပြောရင် စိတ်ကောက်ပြပြီ သဲက အိပ်ခန်းထဲ၀င် သွားတော့ ကျန်ခဲ့တဲ့ သားဖနှစ်ယောက် က တိုးတိုး တိုးတိုးနဲ့ စကားပြောကြသည် …

“ဖေဖေ အရင်သွားချော့ …”
“သားသား အရင်သွားချော့ …”
“အသဲ‌ ရေ ဆိုပြီ …ဖေဖေ အရင်သွား ချော့..”
“သားသား ကြောင့်  မေမေ ကောက် သွားတာလေ … သားသား သွားချော့  …
မင်း လုပ်တတ်ပါတယ် … သားကြီးရာ … ကောင်းကောင်းကလေ ဆိုပြီ
မင်း မေမေ ပါးတွေ ဇွတ် အာဘွား ပေးပြီ ချော့ တာလေ …”

“ဟင့် … သားသားက ကလေး မှ မဟုတ်တာ .. မချွဲချင်ပါဘူး ..
ဖေဖေပဲ ချော့လိုက်တော့  …”
“သေချာတယ်နော် … “
“ရက်စ် …”
“ဖေဖေ အခန်းထဲ၀င် လာလို့ ပြောမှ ၀င်လာနော် .. “
“ရက်စ် ..”
“ဟျောင့် … ချောင်း မကြည့်ရဘူးနော် ..”
“မကြည့်ပါဘူး .. သားသား အရုပ်ဆက် နေမှာ …
ဖေဖေ မြန်မြန်တော့ ချော့နော် …”
@@@@@

သဲကို ချော့ဖို့ အရေး သားဖနှစ်ယောက် ငြင်းနေတဲ့ အသံ သဲ ကြားသည် ..
“ဘယ်သူ မှ လာမချော့နဲ့ လို့ သဲ အော်ပစ်ချင်သည် .. ဒါပင်မယ့် အချော့ခံ
ချင်သေးသည်မို့ အောင့်အီးသည်းခံ  ပြီ လာချော့ ဖို့ကို စောင့်နေလိုက်သည်…
.
.
နောက်ဆုံးတော့ တံခါး ခေါက်ပြီ 
“အသဲ ရေ ..” ဆိုသည့် ကိုကို အသံကို ပဲ ကြားရသည်မို့ သဲ တအိအိ နဲ့ ငိုပစ်သည် …
ကိုကိုက သဲ ငိုသံကြားသည်နှင့် စောင်ပုံထဲက သဲ ကို ဖက်ပြီ ချော့၏..
“အသဲကလည်း ကွာ … ဘာဖြစ်လို့ ငိုရတာလဲ .. “
“၀မ်းနည်းလို့ ပေါ့ ကိုကိုရယ် .. ၀မ်းနည်းလို့ … သားလေး တစ်ယောက် မွေးထားတာ … အမေကို ချွဲ ဖို့ ရှက်ရတာနဲ့  .. အမေက ကလေးဆန်လို့ ရှက်ရတာနဲ့ … အမေက ဂါ၀န် ၀တ်လို့ရှက်ရတာနဲ့ …
သဲကတော့ သူကို ဗိုက်ထဲထည့်ပြီ လူကြားထဲ သွားဖို့ မရှက်ပါဘူး …
သဲကတော့ မေမေ့သားလေးဆိုပြီ နေမကောင်းဖြစ်ရင် ကြီးတောင်ကြီးမား
ခန္ဓာကိုယ်အလေးကြီးကို မပြီ  ချော့ချော့သိပ်တာ …
သူကတော့  အမေကို ရှက်လို့  ကျောင်းလာ မကြိုဖို့ တောင် ပြောတယ် …
အဟင့်  .. ဟင့် …”

သူ့အမေ ငိုသံကြားသည်နှင့် တံခါး ပေါက်မှာ ချောင်း နားထောင်နေတဲ့
ကောင်းကောင်းက မျက်ရည်တွေကျ ငိုနေချိန် သူ့အဖေက အသံနက်ကြီးဖြင့် အော်ခေါ် လိုက်သည်  …

“ကောင်းကင် ကြည်သာ …”
“ဗျာ …”
“၀င်လာခဲ့ ..”
“ဟုတ် … အဟင့် … ဟင့် … မေမေ ငို နဲ့ သား တောင်းပန်တယ်နော် …”
၀င်လာကတည်းက  မေမေငိုနဲ့ ပြောပြီ ကုတင်ပေါ် ပြေးတက်လာရင်
သူ့အမေအနား ဒူးကလေးထောက် သူ့အမေပါးတွေကို မွှေးသည် ..
မွှေးရင် အမေ့ပါးပြင်ပေါ်က မျက်ရည်တွေ သုတ်ပေးပြီ
“မေမေ ငိုနဲ့နော် … ကောင်းကောင်းက မေမေ့ကို ချစ်လို့ ပြောတာ
..မေမေ စိတ်ကောက်ရဘူးနော် .. မေမေက အရမ်းလှတယ် …မေမေက ရှက်စရာ မကောင်းပါဘူး …..

(ကဲ … နောက်တစ်ပိုင်း ဆိုရင်တော့  ဇာတ်သိမ်းပါပြီ လို့ ..💙

  အခုတလော စာတင်ချိန်တွေ မမှန်နိုင်တာကိုလည်း နားလည်ပေးကြပါ..
ဖလိုင် ဖလိုင် တွေ ဝီ.. ဝီ နဲ့ ကောင်းကင်မှာ ခဏခဏ ဖြတ်သွားတိုင်း
ရင်ခုန်ရလွန်းလို့  .. ရူးမှာပဲ ဖြစ်နေတယ်  ဗျို့ ….)

“ဥစ္စာ ကံ စောင့် ၊ အသက် ဉာဏ်စောင့် ပါတဲ့ “နော် ..

ရာသီဥတုတွေလည်း  အေးလာပြီ  စောင်လုံအောင် ခြုံပြီ အိပ်ကြပါ 😍
.
.စောင် မလိုတဲ့သူတွေ ကတော့ ကျော်ဖတ်ပါ 🙂
  ကျန်းမာရေးလည်း အထူး .. အထူး ဂရုစိုက်ကြပါ…💙

>>>>ဆက်ရန်

ကြိုးစားရေးသားပါအုံးမည် 💪💙

#Skykyiphyu






.
.
.
.



















TuTu (မင်းပဲ)(Completed)Where stories live. Discover now