Tutu(မင်းပဲ)-30

3.1K 71 0
                                    

Tutu(မင်းပဲ)
- -(30) - -

ဒီနေ့ .. သဲရဲ့  တတိယနှစ် နောက်ဆုံး စာမေးပွဲဖြေရက်ကိုကြည် လိုက်မပို့ဖြစ်ပါ..

မှာထားတဲ့ပစ္စည်းအသစ်တချို့  ရောက်လာတာတွေကို ၀န်ထမ်း ကောင်လေးတွေ သယ်ခိုင်းပြီ

အောက်ထပ်က ဂိုဒေါင်ထဲ ထားသင့်တာထား ဆိုင်ခန်းထဲမှာ ချသင့်တာ ချခိုင်းနေသည်..

တစ်မနက်ခင်းလုံး ပစ္စည်း နေရာချခိုင်း သယ် ထုတ်ခိုင်း ၊ ပစ္စည်း အမျိုးအစား နဲ့

အရေအတွက် စာရင်းကိုက်မကိုက် ပြန်စစ် လုပ်နေရင် ဖုန်းက alarm ထမြည်တော့မှ ၁၂ ထိုးသွားမှန်း ကြည် သတိထားမိ၏…

၁၂ ထိုးသွားတာကြောင့်  ဆိုင်က ၀န်ထမ်းကောင်လေး တွေကိုပါ ထမင်းစားဆင်းကြဖို့ နိူးဆော်လိုက်ပြီ  သဲ ဆီ ဖုန်းဆက်ဖို့ ပြင်လိုက်သည်..

ကြည် ဖုန်းခေါ်နေဆဲ ခပ်သွက်သွက် ခြေလှမ်းပြီ ၀င်လာသည့် သဲကိုမြင်လိုက်ရတာကြောင့်

ဖုန်းပြန်ချလိုက်ရင်
“နွေဦးမှာ မိုးအကြီးကြီး ရွာတော့မယ် ဗျာ .. “

ကြည် စကား ကြောင့် သဲက ကြည့်လက်မောင်းကို လှမ်းချိတ်ပြီ

“ဘာဖြစ်လို့လဲ … ကိုကို ..”

“ဘာဖြစ်ရမှာလဲ…မုန့်သွားစားမယ်ဆိုတဲ့ မရွှေချောကလေး  အစောကြီး ပြန်လာလို့ပေါ့ ‌ဗျ..”

ပြောရင် ကြည်က သဲပါးကလေးကိုပါ အူးယားစွာ ဆွဲဖဲ့လိုက်သေးသည်။

သဲက သက်ပြင်းချပြီ ..
“ပြန်မလာလို့ မရဘူးလေ.. ကိုကို ရဲ့ .. သဲ ဒီနေ့ မိုးကုတ်ပြန်ရမှာ ..”

ကြည်က အပေါ်ထပ်ကို လျှောက်လမ်းနေသည့် ခြေလမ်းတွေကို ပထမလှေကား ထစ်မှာပဲ ရပ်လိုက်ပြီ ..

“ဘာဖြစ်လို့ လဲ…အသဲ  ..”

“အမား ဖုန်းဆက်လာတာ‌..သဲ ကို စာမေးပွဲပြီးရင် မြန်မြန် ပြန်လာစေချင်တယ်တဲ့ … အဖေ့ဖက်က အဒေါ် နေမကောင်းဖြစ်နေလို့လေ .. သဲ ပြန်မှ ဖြစ်မယ်..   ..”

💫💫💫

ချက်ချင်းဆိုသလို သဲက အထုပ်ပိုးတွေ ကောက်ပြင်နေတော့ ကြည် မှာရင်ထဲ ဟာတာတာ..

TuTu (မင်းပဲ)(Completed)Where stories live. Discover now