❣️Tutu(မင်းပဲ)-49❣️

4.1K 74 0
                                    

Tutu (မင်းပဲ)

- -(49)- -


“ဟာကွာ … မေမေ ဟိုမှာကြည့် … ငှက်တွေ..
မိုက်တယ်ကွာ …”
ကားရှေ့ခန်းထဲကနေ သားသားက ၀မ်းသာအားရ သဲရှိရာ ကားနောက်ခန်းထဲလှည့်ကြည့်ရင် လှမ်းအော်သည်…
သား အပြောကြောင့် သဲ သဘောကျစွာရယ်လျက် သား လက်ညိုးထိုးပြသည့် လက်ပံပင်ကြီး ပေါ်က ဌက်တွေကို လှမ်းကြည့်လိုက်သည်…
နီနီရဲရဲ လက်ပံပွင့်တွေ‌ပွင့်နေသည့် လက်ပံပင်ပေါ်မှာ ဌက်တွေက
အစုလိုက်အပြုံလိုက်ခိုနားနေကြသည်…
အဝေးကနေ လှမ်းမြင်ရသည့် ငှက်တွေရှိရာ လက်ပံပင်ကြီးအောက် သဲတို့ ဖြတ်သန်းသွားလိုက်သည်နှင့် ဆူညံလွန်းလှသော ငှက်တို့၏ စကားစစ်ထိုးပွဲအသံ တကျွီကျွီ တညံညံများကိုကြားရသည်…
လက်ပံပင်ကြီးအောက် ကြွေကျနေသော လက်ပံပွင့်နီနီရဲရဲကလေးများကလည်း မြေပြင်ပေါ် နီရဲနေ၏…
လက်ပံပွင့်တွေက ချက်စားလို့ရတယ်ဟု ဖေဖေက  ပြောတော့သားသားရော မေမေပါ ဓါတ်ပုံရိုက်ရင် အားရပါးရ ကောက်ခဲ့ကြသည်…
လက်ပံပွင့်တွေကောက်ပြီ ကောင်းကောင်း တို့၀ယ်ထားသည့် ခြံကလေးသို့ခရီးဆက်လိုက်ကြ၏..

ခရီးဆက်ရင် အိမ်တွေရှိသည့် ရွာထဲ ကတ္တရာလမ်းပိုင်းကို ဖြတ်သန်း မောင်းလိုက်ကြသည်…

မောင်းလိုက်ရင် အတီး အမူတ် အသံ များနှင့်တကွ ရှေ့တော်ပြေးဟုခေါ်ကြသော အလှုအလှည့် မလာခင် လမ်းအရင်ရှင်းပေးသော လူကြီးများက လက်ပြပြီ သူတို့ရွာထဲ အလှူအလှည့်ရှိ၍ ‌ လမ်းကို ဖြတ်သန်း မောင်းနှင်ရန် ခေတ္တခဏ ဆိုင်းငံ့ဖို့တောင်းဆိုသည်..
ထို့ကြောင့် ကောင်းကောင်း တို့ကားကလေးလည်း လမ်းနှင့်နီးစပ်ရာ ဝိုင်းအကျယ်ကြီးရှိသည့် မန်းကျည်းပင်ကြီးနှင့် အိမ်ကို ခွင့်တောင်းပြီ
ရပ်လိုက်ကြသည်..
အိမ်ရှင်များကလည်း နွေးထွေးပျူဌာစွာ သူတို့ဝိုင်းထဲ ကားရပ်ခိုင်းပြီ
အရိပ်ထဲ လာထိုင်ကြဖို့ ရေနွေးကြမ်းလာသောက်ဖို့ ဖိတ်ခေါ်သည်…

ကောင်းကောင်းက မမြင်ဖူး မရောက်ဖူးသည့်နေရာ ဆိုပြီ ကြောက်မနေပဲ
စူးစမ်းချင်စိတ်အပြည့်ဖြင့် ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီ ကားပေါ်ကနေ ဆင်းသည်…
ကားပေါ်ကနေ ဆင်းပြီ သစ်ပင်အရိပ်အောက်က မျက်နှာစိမ်း လူကြီးများကို
မေမေ နှင့် ဖေဖေ နူတ်ဆက်သလို ပြုံးပြီ နူတ်ဆက်သည် …
“လာထိုင်ကြအုံး … လူကလေးတို့ လုံမလေးတို့ .. အလှူ လာကြတာလားကွဲ့….”
“မဟုတ်ဘူး … အဘွား .. ကျွန်တော်တို့ ဒီရွာ အနောက်ဖက်က ခြံတစ်ခြံကိုသွားမလို့ …”
“ဟုတ်သလား … ထိုင်ကြပါအုံးကွယ် .. တပေါင်းလ နေကြီးကလည်း ပူလိုက်တာလွန်းပါရော  …အလှူအလှည့်က အခုမှစ မယ်ထင်ပါရဲ့ ..”
“ အမေ ကျွန်မ ရေနွေးကြမ်းသွား ဖြည့်ပေးလိုက်အုံးမယ်.. ငါ့တူ တို့ငါ့တူမတို့ အားမနာနဲ့ အေးအေးဆေးဆေးထိုင်ကြအုံး …
ကလေးလည်း မုန့်ကျွေးလိုက်ပါအုံး အဲ့မှာ ကျောက်ချော နဲ့
ငှက်ပျောပူတင်း လေး… ကောင်းတယ် ..”

“ဟုတ်ကဲ့ ဘွားဘွား ကျေးဇူးတင်ပါတယ်ဗျ … ကောင်းကောင်းဌက်ပျောပူတင်း ကြိုက်ပါတယ်ခင်ဗျ..”

ကောင်းကောင်းစကား ကြားတော့ မုန့်စားပွဲနားထိုင်နေသည့် အိမ်ရှင်
ဘွားဘွားကြီး နှင့် ဘွားဘွားငယ် နဲ့ ဘိုးဘိုး တစ်ယောက်က သဘောကျစွာ
ရယ်မောပြီ ကောင်းကောင်းကို စကားတတ်လိုက်တာ ချစ်ဖို့ ကောင်းလိုက်တာ ထင်လင်း အတိုင်းပဲဟု ဝိုင်းပြီ ချီကျူးကြပါသည် …
ကောင်းကောင်း မေမေ ပြောပြဖူးသည့် ပုံပြင်ထဲကလို ကောင်းကောင်းက
ယဉ်ယဉ်ကျေးကျေး စကားပြောလိုက်သည်မို့ လူကြီးတွေက မုန့်တွေ အများကြီး ကျွေးနေကြပါသည်…
ဖေဖေနှင့် မေမေကလည်း  ဘွားဘွားကြီးနဲ့ ဘိုးဘိုး ကို ကောင်းကောင်းတို့ ဘယ်ကနေ လာတယ် ဘာတွေ လုပ်သလဲဆိုတာပါ ပြောပြနေပါသည်…

“ဪ … ဒါဖြင့်ရင်  အမေကြီး သိပါပြီ မင်းက ကြည်စိန် သားပေါ့ ..”
“ဟုတ်တယ် ဗျ …”
“အေး … ကြည့်ပါအုံး … မတင့်ရယ် ဒီ လူကလေးက  ကြည်စိန် သားတဲ့… ကြာပါပြီကွယ် .. ဟိုးအရင်က လူကလေးတို့အမေရဲ့ အဖေ.. လူကလေးတို့ အဖေကြီး ကိုတင်စိန်က အမေကြီးတို့ လယ်လုပ်တဲ့ လယ်ခုံ ပေါ်မှာ နေသွားဖူးတော့ … ခင်ကြပါတယ်ကွယ် ရွှေမစပ်မျိုးမစပ်ကြပင်မယ့်.. တို့နဲ့အမျိုးတွေလိုပါပဲ.. 
သူ့ယောက်ဖ ပန်းပဲဖို ထောင်တော့ မိသားစုလိုက် ပြောင်းသွားကြတာနဲ့ အဆက်သွယ်တွေပြတ်ကုန်တာ…  ဟိုးအရင်ခေတ်က အခုခေတ်လိုလည်း
ဆက်သွယ်ရတာ မလွယ်ကူဘူးလေနော့ …”

“ဟုတ်..”
“အေး…အေး ဒါနဲ့ အငယ်ဆုံးကောင်လေး တင်မောင်ငယ် ကရော
သားသမီး ဘယ်နှစ်ယောက် ရှိသလဲ…”
“မရှိဘူးဗျ … ဦးလေးက အခုထိ လူပျိုကြီး ..”
“ဟယ်..တယ်ဟုတ်ပါလား …”
“မင်းတို့ အမေကြီး မရွှေမြ ဆုံးတဲ့ သတင်းတော့ ကြားလိုက်ပါရဲ့ ကွယ်…
မင်းတို့ အဖေကြီး ဆုံးတာတော့ မသိလိုက်ရပါဘူး…”
“ဟုတ် … အဘိုး ဆုံးတာလည်း ကြာပြီ ဗျ ၁၃ နှစ်လောက်တောင်ကြာသွား၏ပြီဗျ..”
“ကိုင်း…ကြည့်စမ်း အိမ်က လူကြီးနဲ့  အတူတူ လောက် သွားကြတယ်ထင်ပါရဲ့ …  အမေကြီး အမျိုးသားလည်း ဆုံးသွားတာ
၁၃ နှစ်ကျော်သွားပြီ … “
“ဘွားဘွား အသက်ဘယ်လောက်ရှိပြီလဲ ရှင့် …”
“အဘွား ဒီနှစ်ထဲ အသက် ကိုးဆယ်ရောက်တာပဲ လုံမရေ …”
“ဘွားဘွား မထင်ရဘူး နုတယ် သိလား…”
သဲစကားကြောင့် ဘွားဘွားက အားရပါးရ ရယ်လျက်
“အံ့မယ်လေး .. လုံမကလည်း ဘွားဘွား မြေးချွေးမ အတိုင်းပဲ
သွက်တယ်တော့ … ဘွားဘွားမြေးချွေးမလေးကလည်း သမီးလို ဖွေးဖွေးလေးနဲ့ အချော အသွက်ကလေး …  သိပ်မကြာသေးဘူး..ကလေး အမွှာပူး မွေးထားတာ
..နွေရာသီ ပူလွန်းလို့ သူတို့ အနောက်ခြံထဲ ပြန်နေနေတာ … မြစ်အကြီး ဆုံးလေးကလည်း သမီး သားသားလိုလေးပဲ  အသွက်ကလေး.. စကားလည်း တအားတတ်ပါ့ …  ကဲ … ဟိုမယ် ပြောရင် ဆိုရင် ရောက်လာပါပြီ သားဖနှစ်ယောက် ဆိုင်ကယ်နဲ့ …”

အဘွားက ပြုံးရွှင်စွာ ညွှန်ပြလိုက်သည်နှင့် ကြည်ရော သဲပါ လှမ်းကြည့်လိုက်သည်…

ကြည်က ကြည့်ရင်ဖြင့် ပြုံး လိုက်သလို ဆိုင်ကယ်ပေါ်က လူကလည်း သူ့သားကိုချ ခမောက်ကို ချွတ်ပြီ ကြည့်ကို မြင်သည်နှင့် ပြုံးပြပြီ..

“ဟာ … ကိုကြည် ပါလား …”
“အေး..”
“ဪ … ငါ့သားတို့က သိသလား ..”
“ဟုတ် ..သိတယ်လေ .. အမေကလည်း ကျွန်တော်တို့  မြက်ရိတ်စက်တွေ ၀ယ်တာ ကိုကြည်တို့ဆိုင်ကလေ …”
“ဟုတ်လား…”
“ဟုတ်တယ် … ဟိုတလောက ကျွန်တော်တို့ခြံနဲ့ မျက်နှာချင်းဆိုင်က ဒေါ်ပြုံးတို့ခြံ ၀ယ်သွားတာ ကိုကြည်လေ …”

“ကိုင်း.. ကြည့်စမ်း …ရေစက် ဆုံချင်တော့လည်းနော်… နောက်လည်း လမ်းကြုံရင် လာ၀င်လည်ကြနော် … လူကလေး အမေလည်း ပြောလိုက်အုံး
အမေသန်းက သတိရတယ်လို့ …”

“ကိုကို … မေမေကြည်ကို ဖုန်းဆက် ပေးလိုက်ပါ့လား …”
သဲက ကြည်အနား တိုးတိုးလေး ကပ်ပြောလိုက်တော့ ကြည်က ချက်ချင်း
ဖုန်းခေါ်လိုက်သည်…

သဲလည်း သူမဘေးနားက သားသားကို ကြည့်တော့ မုန့်စားနေရာကနေ ချက်ချင်း ပျောက်သွားပြီ သားထက် နည်းနည်းထွားသော ကလေးလေးနှင့်အတူ လေပေးဖြောင့်ပြီ ကစားစရာ သေနတ်ပါ အတူတူကိုင်ကြည့် ဆော့နေကြသည်…
.
.

“ကောင်းကောင်း … ဒီမှာ ရော့ .. မျက်နှာဖုံး တပ်ချင်ရင်..”
“တော်ပါပြီ ..ကိုကို ထင်လင်း တပ်ပါ…”
“ကောင်းကောင်းက ကိုကို့ကို သိလား…”
“သိတယ်လေ  မေမေ… ကိုကိုထင်လင်းက သားသား တိုက်ကွမ်ဒို
သင်တန်းတက်တုန်းက သရက်သီးပေးတဲ့  သူငယ်ချင်းလေ ..”

“ဟုတ်လား… သားသားတို့က သူငယ်ချင်း တွေပေါ့ …”
“ဟုတ်ကဲ့ … အန်တီ ထမင်းဘူးထည့် ပေးတဲ့ ကြက်ဥလိပ် အရမ်းစားကောင်းတယ် … သား အိမ်ရောက်တော့ မေမေ့ကို
ပြောပြပြီ ပြန်လုပ်ကျွေးခိုင်းလိုက်သေးတယ် …”
“ဟုတ်လား … နောက်ကျရင် အန်တီတို့ အိမ်အလည်လာခဲ့ အုံးနော်
အများကြီး လုပ်ကျွေးမယ်…”
“ဟုတ် …”
“ကောင်းကောင်းတို့အိမ် တကယ်အလည်လာခဲ့နော် သိလား..”
ထင်လင်းက ကောင်းကောင်းကို ခေါင်းညိတ်ပြရင်  အလှူအလှည့်က သူတို့အိမ်ရှေ့ လမ်းပေါ် ရောက်လာသည်ကို မြင်လိုက်ရသည်မို့
ကောင်းကောင်း လက်ကို ဆွဲပြီ လမ်းနားထိသွားဖို့‌ ခေါ်သည်…
ကောင်းကောင်း မေမေနှင့်အတူ အိမ်ရှိ လူကြီးအားလုံးပါ  ထင်လင်းတို့အနောက်ကနေ လိုက်လာကြသည်…

ဖေဖေ နှင့် ကောင်းကောင်း ဖေဖေက တော့ စားပွဲနားထိုင်လျက် စကားပြောနေခဲ့သည်…

ကောင်းကောင်းက မောင်ရှင်လောင်းတွေ စီးတဲ့ မြင်းတွေ မမြင်ဖူးတော့
နည်းနည်း ကြောက်သွားသည်ထင်ပါရဲ့ …
“မေမေ ဟောစ့် တွေ ဟော့စ်တွေ အများကြီး ပဲ …”
ကောင်းကောင်းက ဟော့စ်တွေလို့ ပြောပြတော့ ထင်လင်းနဲ့ ကောင်းကောင်း မေမေက မြန်မာလို 🏇 မြင်းလို့ခေါ်ကြောင်း
ကောင်းကောင်းကို ပြောပြလိုက်ကြသည်…
မောင်ရှင်လောင်း အ၀တ်စားတွေကိုလည်း ကောင်းကောင်းက မမြင်ဖူး၍ အံ့ဩနေသည်ထင်ပါရဲ့ …
ထင်လင်း ကတော့ မောင်ရှင်လောင်း၀တ်စုံတွေကို မြင်လည်းမြင်ဖူး ၀တ်လည်း၀တ်ဖူးတော့ မအံ့ဩတော့ပါ…
မောင်ရှင်လောင်းလေးတွေက နူတ်ခမ်းနီတွေဆိုး မိတ်ကပ်တွေပါ လိမ်းတဲ့အကြောင်း ကောင်းကောင်းကို ပြောပြလိုက်ပါသည်..
ထင်လင်းတို့ရွာက နှစ်တိုင်း အလှူ အလှည့် နေကျဆိုတော့ ထင်လင်းက လူကြီးတွေ ပြောပြထားသည့်အတိုင်း ကောင်းကောင်းကို ပြန်ပြောပြ
တတ်ပါသည်..
.
.
နားတွင်းသူနှင့် အပျိုများ စီးလာကြသည့် ရွှေလှည်းတွေနဲ့ နွားတွေကို မြင်တော့ ကောင်းကောင်းက
“မေမေ ရေ … ဟိုမှာ ကောင်း.. ကောင်း တွေ လာပြန်ပြီ …”
“ကောင်းကောင်းက  … ဒီမှာ လေ သားသားရဲ့”
မေမေက ကောင်းကောင်းကို လက်ညိုးထိုးပြပြီစ တော့ ကောင်းကောင်းရော ထင်လင်းပါ ရယ်လိုက်ကြသည်…
.
.
နငယ်၀ဆွဲရေးချ ၀စ္စနှစ်လုံးပေါက် နွား .. နွား လို့ ခေါ်ကြောင်း ကိုကိုထင်လင်းက ကောင်းကောင်းကို ဆိုပြသည်…
ကိုကိုထင်လင်းက မြန်မာလို အများကြီး စာလုံးပေါင်းဆိုတတ်နေပါပြီ..
ကောင်းကောင်းက KGဆိုတော့ ကဗျာတွေအများကြီးပဲ ဆိုတတ်ပါသေးသည်…
နောက်နှစ်တွေကျရင် တော့ ကောင်းကောင်းလည်း ကိုကိုထင်လင်းလို စာလုံးပေါင်းတတ်တော့မှာပါ …
.
.
ကောင်းကောင်းခုနက ကသွားတဲ့ မင်းသား တွေကို စည်တော်ကြီးလို့
ခေါ်တယ်နော် … မှတ်ထားသိလား .. ကိုကို ထင်လင်းက ပြောပြတော့
ကောင်းကောင်း ထပ်ခေါင်းညိတ်မိသည်…

ခဏ အကြာမှာတော့ ကောင်းကောင်းတို့ ခြံထဲကိုသွားရင် ကိုကိုထင်လင်းတို့ခြံထဲ ကောင်းကောင်းတို့ မိသားစု သုံးယောက်
အလည်သွားလိုက်ကြသည်…
“အို… အို …တကယ် …တကယ် ပျော်စရာကြီးပါ …” ဒန်းတွေလည်းအများကြီးရှိပြီ … သစ်ပင်အရိပ်တွေ အောက်
အေးစိမ့်ပြီ နေချင်စရာကောင်းပါသည်…
ကိုကို ထင်လင်း၏ အမွှာ  ညီလေးနှင့် ညီမလေးကိုပါ ကောင်းကောင်း ကြည့်ခဲ့သည်…
ကောင်းကောင်းငယ်ငယ်တုန်းက ဓါတ်ပုံထဲကလို သေးသေးလေးတွေဖြစ်သည်…
ကောင်းကောင်း ဒီနေ့ အရမ်းရမ်းကို ပျော်ပါသည် … ကောင်းကောင်းမုန့်တွေလည်း အများကြီးစားခဲ့ရသလို … သင်္ဘောသီးနှင့် သရက်သီးသုပ်ပါ စားခဲ့ရသည်…

ကောင်းကောင်း လိုပဲ မေမေ ကလည်း သိပ် ပျော်နေပါသည် … ဖေဖေ ရော ဘွားဘွားပါ ပျော်နေကြသည် …

💙💙💙
ကောင်းကောင်း တို့ရွာ‌က‌ နေပါလာတဲ့ လက်ဆောင်တွေ ဘိုးဘိုးတို့ ဘွားဘွားတို့ အိမ်၀င်ပေးတော့ ဘွားဘွားက
“ကဲ … ကြည့်ပါအုံး အားနာစရာ အများကြီး ထည့်ပေးလိုက်ကြတာ
ဒီတစ်ပတ် ဥပုသ်တော့ အမေလည်း အမေသန်းဆီ ရောက်အောင်
အလည်‌သွားအုံးမယ် … အမေသန်းက အသက်ရှည်ရှာတယ်နော် …အသက်ရှည် မှာလဲ မပြောနဲ့ အမေသန်းမျက်နှာလေးက အမြဲ ပြုံးပြုံးနဲ့ .. စိတ်ရင်းတအား ကောင်းရှာတာ..  တို့ငယ်ငယ်တုန်းက လယ်ခုံလာရင် တို့မောင်နှမတွေဖို့
ထမင်းပိုထည့်လာတယ် … ကန်စွန်းဥ တွေ ဘာတွေ များ ခဏခဏ ပေးတာ..ရွာထဲ တို့များ ဖြတ်သွားတာမြင်ရင် နူတ်ဆက်ပြီ  ငါ့ချွေးမ .. ငါ့ချွေးမနဲ့ …”
ဒေါ်ကြည်စိန် စကားကြောင့် အားလုံးက ပြုံးနေချိန် ဦးခင်တစ်ယောက်ကတော့  ထိုင်ရာကနေ ထသွားလေရက် …

.
.
.အလည်တစ်ခေါက် ရောက်ပြီ နောက် ကောင်းကောင်းက ခဏခဏ ညအိပ်ရာ၀င်တိုင်း ခြံထဲသွားမယ်ချည်းပဲ မေမေ့ကို  ပူဆာနေသည်…
“မေမေ …”
“ရှင့် ..”
“သားသား တို့မနက်ဖြန်  ခြံထဲ သွားလည်ကြမယ်နော် …သားသား နွေရာသီကျောင်းပိတ်ရက် ရောက်သွားပြီလေ…
ဒီမှာက ပူတယ် … ဟိုမှာက အေးတယ်လေ နော်.. နော် မေမေ ”
“ဖေဖေ မှ မအားသေးတာ သားသားရဲ့ … ပြီတော့ သားသားပဲ ပြောတယ်လေ သားသားတို့ခြံကလေးထဲ  ကိုကိုထင်လင်းတို့လို
အိမ် လှလှလေးရယ် ပန်းပင်လေးတွေရယ် ဒန်းတွေရယ် ပါထားချင်တာဆို..”
“ဟုတ်တယ်လေ မေမေ … သားသားတို့ ကျောင်းမှာ ကစားတဲ့ လျှောစီးတာလေးပါ ခြံထဲမှာ ထားပေးနော် … သားသားသူငယ်ချင်းတွေရော ခေါ်ပြီ ကစားမယ်လေ …ဟို အမွှာ သေးသေးလေးလေးတွေ ကြီးလာရင်လည်း  သားသားတို့နဲ့အတူ
ကစားခိုင်းမယ်လေ …”
“ဖေ့သားက အမွှာ သေးသေးလေးတွေလို ညီလေး ညီမလေးတွေ
ရောမလိုချင်ဘူးလား …”

ကောင်းကောင်းက ဖေဖေ့ အမေးကို မေမေ့မော့ကြည့်ပြီ ခဏ လောက် စဉ်းစားဟန်ပြုပြီ
“မေမေ ရော လိုချင်လား …”
ကောင်းကောင်းက မေးလိုက်တော့ မေမေက ကောင်းကောင်းကို တိုးဖက်ပြီ
“မေမေ့သား က ဘာဖြစ်လို့ မေမေ့ကိုပြန် မေးတာလဲ …”
“ကလေးလေးတွေ မွေးလိုက်ရင် မေမေတွေက ၀တုတ်ကြီး ဖြစ်သွားတာတဲ့ မေမေက မ၀ချင်ဘူး ပိန်ချင်တယ်လေ …”
ကောင်းကောင်းစကားကြောင့် မေမေက ကောင်းကောင်းပါးလေးကို ဘယ်ညာနမ်းပြီ
“အမယ်လေး … မေမေ့ချစ်သားလေးက အကုန်သိနေတော့တာပဲ..
မေမေက  ကောင်းကောင်းဗိုက်ထဲမှာ ရှိတုန်းက ၀ပြီ ကောင်းကောင်းလည်းကြီးရော မေမေက ပြန်ပိန်သွားတယ်လေ ..
မေမေက ပိန်ချင်ပင်မယ့် ကလေးလေးတွေ ရှိလာလို့ ၀မှာ မကြောက်ပါဘူး..”

“ဟုတ်လား … အဲ့ဒါဆို မေမေလည်း ကောင်းကောင်းအတွက် အမွှာလေးတွေ မွေးပေးနော် …”

“အမွှာလေးတွေ မွေးစေချင်ရင် ကောင်းကောင်း မနက်ဖြန်ကစပြီ
ဘွားဘွားတို့အိမ် သွားအိပ်နော် …”
“ကိုကို … ကလေးကို .. ဘာတွေ လျှောက်ပြောနေတာလဲ …”
“ဟောဗျာ … ဘာလျှောက်ပြောလို့လဲ .. သားသားသိအောင်
ပြောပြတာလေ နော့ .. သားကြီးရာ …”
“ဟုတ် … ဖေဖေ ဟိုခြံထဲမှာ အိမ်လှလှလေးနဲ့ ကစားကွင်းမြန်မြန်သွားဆောက်‌ပေးနော် … သားသားအဲ့ဆီမှာ တစ်ယောက်တည်း သွားနေလိုက်မယ် …”
“ကဲ ကြားလား… အသဲ ..မင်းသားက တစ်ယောက်တည်းတောင် သွားနေမယ်တဲ့ဗျာ …”
“သားသား တစ်ယောက်တည်း သွားနေလို့ ဘယ်သူက ထမင်းချက်ကျွေးမှာလဲ …”
“ဟုတ်သားပဲနော် … “
လို့ ပြောပြီ ကောင်းကောင်းက စဉ်းစားရာကနေ အတွေးပေါ်ပြီ
“ဟာ..မေမေ … မိုးကုတ်က ဘွားဘွားတွေကို လှမ်းခေါ်လိုက်မယ်လေ..
ဘွားဘွားတို့က ကောင်းကောင်းနဲ့ အရမ်းအတူ နေချင်နေတာ ..”

“မရပါဘူး.. မေမေ့သားက မေမေ နဲ့ပဲ အတူတူ နေရမှာ …”
“ဟာ ..မေမေ … ဟာ အသဲ .. မရဘူးလေ …”
သားသားနဲ့ ဖေဖေက တစ်ပြိုင်နက်တည်း ငြင်းကြသည်…

💙💙💙
“အမား အလုပ်ရူပ်နေမှာပေါ့ … ဖြစ်ပါ့မလား ..ကောင်းကောင်းက တစ်ခါတစ်လေ ညဖက် တော်တော်နဲ့ မအိပ်ဘူး..”
“အံ့မယ်လေး ညည်းတောင် ငါတစ်‌ ယောက်တည်းထိန်း လာတာ..
ငါ့မြေး ငါထိန်းနိုင်ပါ့ … အခုဆို ဟိုမှာ ထိန်းမယ့်သူတွေမှ ပေါ့မှပေါ ..”
“နေမှာပါ အသဲရာ စိတ်ပူမနေပါနဲ့ … ဟိုမှာ မမရော အလည်လိုက်သွားမှာပဲကွာ  .. သားသား ကိုယ်တိုင် လိုက်ချင်နေတယ်လို့
ပြောနေမှတော့ စိတ်ချလိုက်ချ ထည့်လိုက်စမ်းပါ …”

“ဟုတ်ပါ့ …အလကား စိတ်ပူနေတယ် ... ကောင်းကောင်း ငါ့မြေး ဘွားဘွားတို့ သွားကြစို့ …”
“ဟုတ်ကဲ့ … သားသားလာပြီ …”
.
.
“မေမေ ရေ …ဖေဖေ ရေ တာ့တာ့ … လိမ်လိမ်မာမာနေကြနော် …
မေမေ ရော ဖေဖေရော မွှေးမွှေးပေးပြီ ကောင်းကောင်းက နူတ်ဆက်သည်..
နူတ်ဆက်ရင် ဖေဖေ့ နားနားလေးကပ်ပြီ
“ဖေဖေ ခြံထဲမှာ သားကစားကွင်း မြန်မြန်ဆောက်ပေးနော် ..”
“အေးပါကွာ … သားကြီးရ …”
“မေမေ သားကို လွမ်းရင် ဖုန်းဆက်လိုက်နော် …”
သားသားကသာ ကလေး လေးတန်မဲ့လူကြီး တစ်ယောက်လို မှာနေသည်..
သဲမှာတော့ သားသားနဲ့ ခွဲရမှာကို ၀မ်းနည်းလွန်းလို့မျက်ရည်တွေပါဝဲရသည်..

@@@
ညရောက်တော့  သားသား နဲ့ သဲ က ဖုန်းပြောပြီးသည်နှင့်
“ကိုကို …”
“အင်း ..”
“သဲလည်း နောက်တစ်ပတ် သင်္ကြန် မတိုင်ခင် မိုးကုတ် လိုက်သွားမှာနော် ..”
“ဟောဗျာ … သားသားတောင် တစ်ညမအိပ်ရသေးဘူး .. ခင်များက လွမ်းနေပြီလား …”
“လွမ်းတာပေါ့ … ကိုကိုရဲ့  ကိုယ့်သားကိုယ် ကိုကိုကရော မလွမ်းဘူးလား..”
“မလွမ်းပါဘူး … သားသားလည်း တဖြည်းဖြည်းနဲ့ ကြီးလာပြီ နေရာအသစ် လူအသစ်တွေနဲ့ နေကြည့် ပေါင်းကြည့် လိမ့်မယ် …”

“ဟုတ်တာပေါ့ … ကိုကိုက အဖေကိုး … သဲက အမေလေ ..”
“ကိုကို့အသဲ ကလေးအရမ်းထိန်းချင်ရင် နောက်ထပ် ကိုကိုတို့ ကလေးယူကြရအောင်ကွာ … ကိုကို လည်း အရမ်းအသက်မကြီးသေးခင် သားသားလည်း တအား မကြီးသေးခင် မကောင်းဘူးလား…”

“ဟင့် … ကိုကိုကဖြင့် ..အသက်မကြီးသေးပါဘူးနော်… အခုမှ အသက် သုံးဆယ်တစ်နှစ်ရှိသေးတာ … ဂျင်းပန်န်နဲ့ တီရှပ် မိမိ မိုက်မိုက်ကလေး၀တ်ထားရင်  အခုထိတက္ကသိုလ် ကျောင်းသားရုပ် ထွက်နေတုန်းပဲ ..ဗိုက်ကလည်း ပူမှမပူတာ ..  သဲ ‌ကိုကို ဒီလောက်ချောနေတာ …”

သဲစကား ကြောင့် ကြည်က ကျေနပ်စွာရယ်ရင် သဲပါးလေးတွေကိုသူ့ လက်ခုံးမိုးဖြင့် ပွတ်သတ်သည်…
ပွတ်သတ်ရင်

“ကိုကို့အသဲ  အရမ်းလှတော့ ကိုကိုဖြင့် အသဲ ဘယ်နေရာသွားသွားစိတ်မချဘူးကွာ … “

“ဟင့်ကိုကိုကလည်း … သဲကဖြင့် ကိုကိုမပါပဲ ဘယ်သွားလို့လဲ …တစ်ခါတစ်လေ လေးပဲ သူငယ်ချင်းတွေနဲ့ ဆုံတာ..”

“အဲ့ဒီ တစ်ခါတစ်လေ လေးကို စိတ်မချတာ ကွာ ..”
“ကိုကိုနော် … မသိဘူးသွား … အဲ့လောက်တောင် စိတ်မချရင်လည်း
ကိုကို့ ဗိုက်ထဲ သဲကိုထည့် သော့ခတ်ပြီ သိမ်းထားလိုက်တော့ …”

“ဗိုက်ပေါ်မှာ ချက်ပဲ ရှိတာ သော့တံမှ မရှိဘဲ အသဲ ရဲ့ ..”
“ဟာ .. ကိုကိုကလည်း  စကားအဖြစ် ပြောတာကို ..”
“ကိုကိုကတကယ်ပြောနေတာလေ .. “
“ဘာကိုလဲ ..”
သဲက မေးတော့ နှစ်ယောက်တွဲ အသားဧည့်ခံထိုင်ခုံပေါ် အတူယှဉ်ထိုင်လျက်ကနေ ကြည်က သဲခါးလေးကို သူ့ဖက်ဆွဲယူ
ဖက်သည်…
ဖက်ရင် သဲလက်ဖဝါးတွေကို သူ့လက်ဖဝါးထဲထည့် ဆုပ်ကိုင်လိုက်ပြီ
“ကိုကိုတို့ နောက်ထပ် ကလေး သေးသေးလေးတွေ မွေးမယ်ဆိုတဲ့ အကြောင်းလေ …”
“ဟာ… ကိုကို ကလည်း ..”
“ဘာလို့လဲ … ကိုကို့ အသဲက မလိုချင်သေးဘူးလား ..”
“မဟုတ်ပါဘူး … လိုချင်ပါတယ် … ဒါပင်မယ့်  …”
ဒါပင်မယ့် လို့ ပြောပြီ သဲကရပ်လိုက်သည်မို့ ကြည်က သိချင်စွာ
သူ့မျက်နှာကို သူမအနား ပိုမိုနီးကပ်စွာ တိုးလိုက်သည် …တိုးလိုက်ရင်
သူမမျက်၀န်းတွေထဲ  သူသေချာစိုက်ကြည့်တော့  သူမက မျက်လွှာလေးချလျက် ..
“ဒါပင်မယ့် … သဲ အမွှာ မရချင်ဘူး ..”
“ဘာဖြစ်လို့လဲ … အသဲရဲ့ ကိုကို ကူထိန်းပေးမှာပေါ့ …”
“ဟုတ်တော့ ဟုတ်တယ် လေ … ဒါပင်မယ့်  ဟိုတလောက သဲလေ
ခြံထဲသွားရင် ယု ကိုမေးကြည့်တာ … ကလေး အမွှာမွေးထားတော့
သားကြီးကို သိပ်အချိန်မပေးနိုင်သလို ဖြစ်တော့ နည်းနည်းစိတ်မကောင်းဖြစ်ရတယ်တဲ့ ကိုကိုရဲ့ …”

“အင်းပေါ့ … အဲ့တာကတော့ တာ၀န်ယူလိုစိတ် ပြင်းပြတဲ့ မိခင်တိုင်းက သားသမီး တိုင်းအတွက် အကုန်လိုက်ပြီ ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒ တွေများတာကိုး အသဲရဲ့ … ကိုကို ငယ်ငယ်တုန်းက မေမေလည်း အဲ့လိုပဲ …အငယ်ဆုံး သားဆိုတော့ ပိုဆိုး … ၀တ်တာစားတာ သွားတာ
လာတာ နေတာ ထိုင်တာကစ အကုန်လိုက်ကြည့်ပြီ  လိုက်လုပ်ပေးတာ …”

“ကိုကို ငယ်ငယ်တုန်းကလို့ မပြောနဲ့ .. ကိုကိုကြီးတဲ့ ထိလို့ ပြောပါ …
အမှန်တိုင်း ပြောရရင် ကိုကို သဲကို ရတာလည်း မေမေကြည် ကျေးဇူးကြောင့်ပါနော် … မဟုတ်ရင်  ကိုကိုက  အခုလိုချိန် လှည်းကျိုးထမ်းချင် ထမ်းနေမှာပေါ့ …”

“လာပြန်ပြီ .. သားတစ်ယောက် ရပြီ သားတောင် လူပျိုဖြစ်တော့မယ်..
အခုထိ အဲ့ကိစ္စကို အနှောက်မလွတ် အသွားမလွတ် ပြောချင်နေသေးတယ်နော် … ခင်များကလည်း …ပြောလိုက်ရင် ယောက္ခမလေသံအတိုင်းပဲ …
ဘာဖြစ်လို့ လှည်းကျိုးထမ်းရမှာလဲ … ထမ်းချင်ရင် သူများလက်ထဲ တောင် အပါမခံဘဲ အစောကြီးကတည်းက  အမေသဘောတူတူ မတူတူ အပိုင်ချည်ပစ်မှာပေါ့ … မလိုချင် လို့ကို မယူတာ ရှင်းလား … “

“မရှင်းဘူး … သွား … လာမထိနဲ့ …”
“ဟောဗျာ … ခင်များ အရင်လာပြောလို့ ပြောပြတော့လည်း
… စိတ်ဆိုးပြန်ပြီ …”
“ဆိုးမှာပဲ … ဟိုးအရင် တုန်းက အကြောင်းပြန်တွေးရင် ကိုကို့ကို
စိတ်ဆိုးတယ် …”
“အခုထိ … ရှေးရှေးတုန်းက အကြောင်း မမေ့သေးဘူးပေါ့ ..”
“မမေ့ပါဘူး … မေမေကြည်တို့ ဆိုင်ဖွင့်ပွဲနေ့က ဆို သူ့ရည်းစား မျက်နှာ တစ်ကမ္ဘာထင်ပြီ ပျာယာတွေခတ်  သူနဲ့ ခလုတ်တိုက်မိတဲ့ သဲကိုတောင်
မသိချင်ယောင်ဆောင်သွားတာများ .. ဟွင့်…”

“အဲ့တုန်းက ကောင်မလေးက ချာတိတ် ဆိုတော့ ရုပ်ဆိုးလို့နေမှာပေါ့ …”
ကြည်က မခံချင်အောင်စတော့ သဲကလည်း ကတ်ကတ်လန် ပြန်ရန်ထောင်းသည်…
“အံ့မယ်လေး … ဟ..ဟ.. အားကြီးကြီး ရုပ်ဆိုးနေပါအုံးမယ် .. သဲတို့က မိုးကုတ်သူ.. မွေးကတည်းက လှတာ … တချို့ တချို့ တွေသာ ကန်းလို့
သူများအလှကို တန်းပြီ မခံစားတတ်တာ သိလား… သဲကို ကြိုက်တဲ့သူတွေများ ပေါလွန်းလို့ မိုးကုတ် -မတ္တရာ ကားလမ်းအတိုင်း
စီကြည့်ရင်တောင် လူပိုနေအုံးမှာ …အဲ့ဒါ မှတ်ထား”

“အေး … မှတ်ထားလို့လည်း ခင်များကို ဘယ်သွားသွား
တစ်ယောက်တည်း စိတ်မချတာပဲ …”
“ဟင့် … ဘာဆိုင်လို့လဲ .. ကိုကို ကလေ အမြဲတမ်း သဲပြောတဲ့ စကားကို
အပြိုင်လိုက်ပြောပေးမယ်မရှိဘူး … ချက်ချင်း သဲ စကားကို အထာကောက်ပြီ  ကိုကိုလိုရာ ချက်ချင်း ဇာတ်သိမ်း ပစ်တာ ..”

“ဘာလဲ… ခင်များလေးက..ဇာတ်သိမ်းမပစ်ဘဲ လေကြောရှည်ပြီ ငါ့မှာလည်း ငါ့ကိုကြိုက်တဲ့ သူတွေနဲ့ ရွာတည်လို့ရတယ်ဆိုပြီ ကလေးကလား
အပြိုင်တုပြော ရန်ဖြစ် ‌ စေချင်တာ လား … ဝေးသေးတယ် .. မဖြစ်ဘူး ..
ခင်များ ယောင်္ကျားက ဘယ်တော့မှ အဲ့လို ဉာဏ်နည်းတဲ့ လုပ်ရပ်မလုပ်ဘူး လာ …အိပ်မယ် …အိပ်ချိန် နောက်ကျလို့ မဖြစ်ဘူး ..”

“မသိဘူး ..သွား .. အိပ်နှင့်…”
“မိန်းမ နဲ့ ယောင်္ကျား အတူတူမအိပ်ရင် နေမကောင်းဖြစ်တတ်တယ်..
အဲ့ဒါ အသဲ သိလား…”
“မသိဘူး …”
“အေး ပေါ့ … အသဲက ဘယ်သိချင်မလဲ … ယောင်္ကျားနေကောင်း မကောင်းစိတ်မှ မ၀င်စား တော့တာ …”

ပြောရင် သူက ထသွားသည်မို့ သဲက နောက်ကနေ ကတန်းမန်းတန်း ထလိုက်သွားပြီ
“ကိုကို … ဘယ်နားက နေလို့မကောင်းတာလဲ .. နေ့ခင်းက ကိုကို ပစ္စည်းတွေ
ကူချပေးလိုက်လို့ လက်နာနေတာလား … ဆေးလိမ်း ပေးရမလား.. ဟင်..”

ဘာမှမဖြစ်မှန်းသိရက်နှင့် ယောင်္ကျားကို ချော့ချင်၍ သဲက ပလီပလာ တီတီတာတာတွေ တတွတ်တွတ်မေးပြီ စသည်…

ယောင်္ကျားကလည်း ရုပ်တည်ကြီးနဲ့  ဒီယုန် မြင်၍ ဒီချုံ ထွင်လိုက်သည်မို့လား…
“ကိုကို … ကိုကို …ကိုကို လို့ …
အေးနော် … ခေါ်နေတုန်း မထူးရင် … ကိုကို နောင်တရမှာနော် …ကိုကို ညစာ ငတ်သွားမယ်… ဟွင် ..”
သားသားမရှိရင် မိန်းမ က ချစ်စကြင်စ ဇနီးလေးလို ကပ်ချွဲတတ်သည့်ပညာတွေ ထုတ်ပြတတ်သည်ကို သူကျေနပ်ပါသည်…
သူမစကားကြောင့် သူကြာကြာ မျက်နှာမတည်နိုင်ပဲ အသံထွက်ရယ်ပြီ
သူမလက်မောင်းလေးကို ဆွဲဖျစ်ညှစ်တော့ သူ့ကို လက်တစ်ဖက်ထောက် ကိုယ်စောင်းလျက်ကြည့်နေသည့် သူမကိုယ်လေးက သူ့ကိုယ်ပေါ် ကျလာသည်…

မျက်နှာနှစ်ခု ထပ်လျက် ကျသွားသလို ဖြစ်သွားသည်..
သူမလေးက ရယ်ရင် သူ့မေးစေ့ ပေါ်က နူတ်ခမ်းမွှေးရေးရေးလေးတွေကို မထိတထိ နမ်းသည်..
ထို့နောက် သူ့ပါး ပြင်ကို ဘယ်ညာ ခပ်ဖွဖွလေး နမ်းသည်…
သူ့နှာခေါင်းဖျားလေးကိုလည်း နမ်းသည်..
ကြည်နူးစွာကြည့်နေသည့် သူ့မျက်ခွံ တွေကိုပါ ယုယစွာနမ်းသည်…

သူ့ကို သားသား ကို မွှေးမွှေးပေးသလို နမ်းနေသည်မို့ သူအူယားစွာ သူမခါးလေးကို ခပ်တင်းတင်းဖက် လိုက်တော့ သူ့အပေါ်စီးမိုးထားသည့်
သူမ ခန္ဓာကိုယ်လေးက ယိမ်းသွားသည်…

ယိမ်းချက်နှင့်အတူ သူမ ဖောင်းဖောင်းအိအိကလေးက သူနူတ်ခမ်းနားရောက်လာသည်မို့ သူသဘောကျစွာ သူမည၀တ် အင်္ကျီပါးပါးလေးပေါ်က‌ နေ ဖောင်းဖောင်းအိအိလေးကိုနမ်းလိုက် သည်…
သူစနမ်း လိုက်သည်နှင့် သူမက သူ့ဆံပင်တိုတွေကို တဖြည်းဖြည်းချင်း တိုးဖွပေးသည်…
.
.သူမ၏ ရင်သားတွေကို တစ်ဖက်က စုပ်ယူ တစ်ဖက်က ဖိချေ လုပ်ပေးလိုက်သည်နှင့် သူမက တက်ကြွစွာ သူ့ခါးပေါ် သူမခြေထောက်ကို
ခွတင်လိုက်သည်…
ခွတင်ထားသည့် သူမခြေထောက်တွေကို သူပွတ်သတ်‌ ပေးတော့
သူမက သူ့ခါးပေါ်က ပုဆိုးစ ကို ချွတ်ရင် သူ့ရင်ဘတ်နှင့် ၀မ်းဗိုက်ပေါ်
သူမလက်ဖဝါးနုနုလေးဖြင့် ပြန်လည်ပွတ်သတ်ပေး၏..

.
.

မကြာခင်မှာပဲ အိပ်ခန်းထဲမှာ ညည်းညူသံတွေ က သောသောညံလို့ …
အိပ်ပျော်သွားသည်အထိ  နှစ်ယောက်သားမျက်နှာလေးပေါ်က  နူတ်ခမ်းသားတွေက ပြုံးလျက် …
အတူတူဖက်ထားလျက် အိမ်မက်ထဲထိ  ချစ်နေကြသည် ထင်ပါရဲ့ …

(ကဲ … မနက်ဖြန် မှာ ဘာတွေ ဖြစ်လာမလဲ ပူပန်ပြီ မရှင်သန်ကြပါနဲ့ …
မနက်ဖြန်မှာ ဘာတွေပဲ ဖြစ်လာပါစေ ကြုံလာပါစေ ငါတို့ ရင်ဆိုင်နိုင်
တယ်လို့ပဲ တွေးပြီ  ရှင်သန်ကြရအောင်နော် 💙)
 
>>>>ဆက်ရန်

ကြိုးစားရေးသားပါအုံးမည် 💪💙

#Skykyiphyu






























TuTu (မင်းပဲ)(Completed)Where stories live. Discover now