❣️Extra❣️

2.5K 117 6
                                    

အသဲက ကိုကို နော် ... နော် လို့ ပြောလိုက်ချိန်

သူငြင်းနိုင်မည် တဲ့လား။

မျက်နှာ မကြားရဘဲ အသံကလေး ကြားရရုံဖြင့် သူမငြင်းနိုင်။

ဒါ့ကြောင့် ရက်စ်ပေါ့။

သူ့ရဲ့ ရက်စ် ဆိုတဲ့ အဖြေ ကြားရသည်နှင့်
သဲက

"မွ ..မွ .. ဒါ့ကြောင့်မို့ ကိုကို ကို အရမ်းချစ်တာ
ပင်လယ်ကြီးလောက် ချစ်တယ် ၊ တောင်တန်း ကြီးလောက် ကြိုက်တယ်။

ကိုကိုသိတယ်မို့ လား .."

သူက မဖြေတော့ သဲက ချက်ချင်း လေသံ ပြောင်းပြီ

"ကိုကို မ၀ယ်ပေးချင်လည်း ရတယ်နော်။
သဲက ကိုကို ၀ယ်မပေးလည်း ကိုကို့ကို ချစ်ပြီးသား.."

ကြည်မှာ သူမစကားကြားတော့ ရယ်ရခက်
ငိုရခက် ။

အိမ်ထောင်သက် ၈ နှစ်ကျော် အထိ အသဲက
အခုထိ မငြီးငွေ့ နိုင်သော ချစ်စကားများကို
ပုံစံမျိုးစုံ ဖြင့် ပြောတတ်သည်။

အထူးသဖြင့် သူမ လိုချင်တာ ရသွားသည့်
အချိန်တိုင်း မှာပေါ့။

သူမ ပြောတိုင်းလည်း သူကြည်နူးရသည်။
ပြုံးရသည်။ ရယ်ရသည်။

သူ့စိတ်ထဲမှာ ကြိတ်ကြည်နူးရင် စကားသံတိတ်နေမိသည်။

စက္ကန့် အနည်းငယ်ကြာမှ 

"အသဲ လိုင်းဖွင့်လိုက် ၊ ဗီဒီ ကော် ခေါ်မယ် .."

ခေါ်မယ်ဆိုတော့လည်း ခေါ်ဆိုပြီ သဲက လိုင်းဖွင့် ၀မ်းလျားမှောက် ဖုန်း ကင်မရာကို ခေါင်းအုံးမှီ ထောင်ထားလိုက်သည်။

ကြည်က ဖုန်း ဖွင့်ဖွင့် ချင်း လေသံ တိုးတိုးလေးဖြင့်

"ဘာလဲ  ကွာ မျက်နှာကြီးက ကောက်တေးရုပ်နဲ့ .."

ကြည် ပြောတော့ သဲက သူမနှာခေါင်းလေးရူံ့
နူတ်ခမ်းလေးစူပြသည်။

ကြည်က လည်း သူမမျက်နှာလေးကို ကြည့်လျက် အိပ်ရာပေါ်  ၀မ်းလျားမှောက်

"လွမ်းတာ ကွာ .."

ပြောပြီ ညီးရင် ဖုန်းကို  ခေါင်းအုံးပေါ် လက်ထောက် ကိုင်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Mar 25 ⏰

Add this story to your Library to get notified about new parts!

TuTu (မင်းပဲ)(Completed)Where stories live. Discover now