🔥Tutu (မင်းပဲ)🔥

8.1K 90 2
                                    

Tutu (မင်းပဲ)


- -(40) - -




စိတ်မဆိုးပါဘူးလို့ ပါးစပ်ကပြောနေပင်မယ့် စိတ်ဆိုးနေကြောင်းပြသနေတဲ့ ကိုယ့်ယောင်္ကျားရဲ့ မျက်နှာ အမူအရာ ကို သဲ သတိထားမိပါသည်...



နူတ်ဆက်ပြီကားနောက်ခန်းထဲ ထိုင်လိုက်ချိန်ကစပြီ သူ့လျှာထိုး ဦးထုပ်ကို မျက်နှာပေါ်ငိုက်စိုက် လက်ပိုက် အိပ်နေကတည်းက သူစိတ်ဆိုးနေမှန်း


သဲ ကောင်းကောင်းသိပါသည်လေ ..



သူသာစိတ်မဆိုးရင် သူ့လက်တွေက အဲ့သလို လက်ပိုက်ပြီ ငြိမ်ငြိမ်နေနိုင်မယ်တဲ့လား..


အခုတော့ကားရှေ့ခန်းထဲက ကားမောင်းသူတွေကိုတောင် စကားလှမ်းမပြောနိုင်ရှာ ..တစ်ယောက်တည်း အတွေးများနေလေရဲ့ ..


ကိုကိုက ဒီလိုပါပဲ ..သဲလို ဝုန်းဒိုင်းကျဲ ပြဿနာမရှာတတ်ပင်မယ့် စိတ်အေးလက်အေးရုပ်ကြီးနဲ့ ပုံမှန်ထက်ပို အေးစက်စက်နဲ့ ခပ်တည်တည်ရုပ်ကြီး လုပ်ပြ တတ်တဲ့ သူ တော်ကောင်ကြီးပါ..



ကိုသူတော်ကောင်းကြီးကို ကျွန်မ စပ်စပ်လူးစိန် ဓါတ်ဘူးပိန်မကပဲ


စပြီ ချော့ဖို့ကြိုးစားလိုက်ပါသည်..


တမင်တကာ အလှမ်းဝေးအောင်ထိုင်နေသော သူ့ပေါင်ပေါ်ကိုသဲရဲ့ ခြေထောက်လှမ်းချိတ်တင်လိုက်ရင်


'The quickest way to a man's heart is through his chest'



ယောင်္ကျားတစ်ယောက်ရဲ့ အချစ်ကို အမြန်ဆုံးရယူနည်းကတော့


သူ့ရင်ခွင်ထဲ ပြေး၀င်ရုံပါပဲ ဆိုတဲ့ Roseanne Barr ရဲ့ စကားလေးအတိုင်း



ကိုကိုခေါ်ရင် သူ့ရင်ခွင်ထဲ၀င် လက်ချောင်းလေးတွေနဲ့ သူ့ရင်ဘတ်ကို ပွတ်သတ်လိုက် သူ့လည်ပင်းမှာ‌ သဲတို့မိန်းကလေး‌ တွေနဲ့မတူပဲ အပိုထွက်နေတဲ့လည်စေ့လေးကို လက်ချောင်းလေးနဲ့ ထိပြီ စလိုက်တော့


မှ ပြတ်သားသော အသံ တိုးတိုး‌ လေး ထွက်လာသည် ...


"အသဲ ...ငြိမ်ငြိမ်နေကွာ .."


"သဲ ညောင်းတယ် .."


သဲညောင်းတယ်လို့ သဲက ခပ်တိုးတိုး ခပ်ငြီးငြီးအသံလေးဖြင့်ပြောလိုက်သည်နှင့်ကြည်က သူ့ပေါင်ပေါ်က

TuTu (မင်းပဲ)(Completed)Where stories live. Discover now