Tutu(မင်းပဲ)-18

3K 94 0
                                    

Tutu(မင်းပဲ)
- -(18)- -

မျှော်လင့်ထားသမျှ သဲထဲရေသွန်ချသလို ဖြစ်သွားတော့ကြည့် မျက်နှာရော သဲ မျက်နှာရော မကောင်း..

သဲ အဒေါ်  မိုးကုတ်ကနေ မန္တလေးကို ဆေးကုဖို့ ဆင်းလာတော့

သဲ မျှော်လင့်နေတဲ့ ကိုကို နဲ့ ကမ္ဘာငယ်လေး တည်ဆောက်ဖို့အစီစဉ်  ပျက်ရသည်။

“သဲ ယောက္ခမလောင်း‌အိမ်မှာ တည်း ဆေးကုမယ့် အဒေါ်ကိုပစ်ပြီ ကိုကို့နောက် လိုက်နေ လို့လည်းမဖြစ်.. အဒေါ်ကလည်းခွင့်ပြု ပေးမှာမဟုတ်။

သဲနဲ့ကိုကို မင်္ဂလာမဆောင်ခင်ကတည်းက နှစ်
ယောက်တည်းအတူတူပြောင်းနေမယ်လို့ အဒေါ်ကိုသာပြောကြည့်

လေသေနတ်နဲ့တရစပ်ပစ်တော့ မှာလေ...”

စိတ်ညစ်ပါတယ် နော်..သဲ ကိုကို ဘယ်လောက်တောင်စိတ်ဆင်းရဲနေလိုက်မလဲ ...

(အမယ်လေး ပိုလိုက်တာ)

💫💫💫
သဲအဒေါ် ရောက်လာတာ တစ်ညမပြည့်သေးခင်မှာပဲ ကြည် အခန်းထဲ သဲ ၀င်ချင်တိုင်း၀င်လို့မရတော့သလို

ကြည် ကလည်း ကိုယ့်အိမ်ပဲ ဆိုပြီ  သဲအခန်းထဲ ၀င်ချင်သလို၀င်လို့မရသည့် အနေထားဖြစ်သွားသည်။

မနက်ဖြန်  ပြောင်းနေရတော့ မှာမို့ အလွမ်းသယ်ဖို့ ကြည် နှင့်သဲ အပြင်ထွက်ဒိတ်မယ် ကြံတာလည်း မအောင်မြင် ..

ကြည့်အကြံ မအောင်မြင်ရသည့် အကြောင်းရင်း နောက်ကွယ်က

အပျိုကြီး မခင်မျိုး နဲ့  သဲအဒေါ်တစ်ခုလတ် အန်တီရီ  ရှိနေသည်။

ဒါ့ကြောင့် နောက်ဆုံးတော့ ကြည် နှင့်သဲ အိမ်နောက်ဖေးက ရေအိမ် နှင့် ရေထုတ် မြောင်းလေး ဘေးနား မှာသာ ချိန်းတွေ့ရတော့မည်..

“ကိုကို ..”

အိမ်နံရံကို မှီ  ဖုန်းလေးကိုင်ထားရင် စောင့်နေသည့် ကြည့်ကိုမြင်သည်နှင့် သဲက တိုးတိုးလေးခေါ်ရင် ပြေးဖက်သည်။

ကြည်ကလည်း သဲခန္ဓာကိုယ်လေးကို  ပျောက်သွားမှာစိုးရိမ်သည့်အလား

တင်းတင်းကျပ်ကျပ် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနှင့် အနီးကပ်ဆုံးထိဆွဲယူ ဖက်ထားသည်။

TuTu (မင်းပဲ)(Completed)Where stories live. Discover now