Tutu(မင်းပဲ)-37

2.8K 65 1
                                    

Tutu(မင်းပဲ)
- -(37)- -

“သဲ မင်္ဂလာပွဲ ဖျက်သိမ်းချင်တယ် ..
တင်းတောင်းထားတဲ့ ပစ္စည်းတွေလည်း တစ်ခုမကျန် ပြန်ပေးမယ် ‌ဒီကြားထဲ ကုန်သွားတဲ့ ကုန်ကျငွေလည်းသဲ ပြန်လျှော်ပေးမယ် ..”

“တော်လိုက်တော့ အသဲ .. ဆက်မပြောနဲ့ ..ဆက်ပြောရင် ငါ မင်းကို တစ်ခုခု လုပ်မိလိမ့်မယ် .. “

“မင်္ဂလာပွဲ ဖျက်သိမ်းပေးမယ်ဆို .. ရှင်ကြိုက်တာ လုပ်သွား ..
သဲ ဂရုမစိုက်ဘူး .. သဲသိတာ သဲ ရှေ့ဆက်မလျှောက်နိုင်တော့ဘူး
သဲပင်ပန်းတယ် … “
ရုတ်တရက်ကြီး ဆောင့်အော်လိုက်သည့် သဲ အသံကြောင့်
ကြည် ရော  မလှမ်းမကမ်းမှာ ‌‌ ရှောင်ပေးနေတဲ့ သဲအမားပါ ထိတ်လန့်တကြား  သဲကို လှမ်းအော်သည် ..
“အသဲ..” “ သဲသဲ..”
ကြည်က သူ့ခေါင်းက ဆံပင်တွေထိုးဖွရင် သဲ အမားကို အကူညီတောင်းခံသည့် သဘော လှမ်းကြည့်၏..

သဲ အမားလည်း သဲအနား ရောက်လာပြီ
“သဲသဲ ဘာတွေဖြစ်နေလဲ .. အမား ကို ပြော .. မေမေ့ သဲသဲ
ဒီလို  ပျော့ခွေပြီ လျှောက်ပြော နေလို့ မဖြစ်ဘူး .. မေမေ့ သဲသဲက
သန်မာတဲ့ ကလေးလေး .. မေမေ့ ကို ပြော..”
စိုးရိမ်တကြီး ချော့မော့နေသည့် သူမမိခင်ရင်ခွင်ထဲ ၀င်ပြီ သဲတစ်ယောက်
နာကျင်စွာ ဝေဒနာ ခံစားနေရသည့် ကလေးလေးတစ်ယောက်လို ငိုသည် ..

ငိုရင် .. တဟင့် ဟင့် ပင့်သက်ရိူက်ရိူက်ပြီ
“မား ..အမား  .. သဲလေ  သဲ မင်္ဂလာမဆောင်ချင်တော့ဘူး ..
သဲကြောက်တယ် .. သဲ ..ပင်ပန်းတယ် …”

“ဟုတ်ပြီ ..မေမေ့ သဲသဲ ဘာတွေ ကြောက်ပြီ ပင်ပန်းနေလည်း
ဖြေးဖြေး ပြော ..  သဲသဲ မငိုနဲ့ .. မငိုရဘူး .. ပိုပြီ နေမကောင်းဖြစ်လိမ့်မယ် … သဲသဲ တိတ်မယ် .တိတ်တော့ . မငိုဘဲ   လူကြီး တစ်ယောက်လို စကားပြောရအောင် နော် .. မေမေ့သဲသဲ “

သူမအမေက ချော့တော့ အငိုတိတ်ပြီ ခေါင်းညိတ်ပြသည် ..

@@@@

“အသဲ ရေသောက်မလား ..”
ကြည့်အမေးကို သဲက မတုံပြန်ဘဲ သူမအမေ ရင်ခွင်ထဲသာ ခေါင်းလေးတိုး၀င်သည် …သူမအမေကလည်း သူမလေးကျောပြင်ကို
ပွတ်သတ်ပေးနေ၏..
ကြည်က  သူမ အမေရင်ခွင်ထဲ ခေါင်းမှီထားသည့် နွမ်းလျနေသောမျက်နှာ
လေးကိုသာ ၀မ်းနည်းစွာ ငေးကြည့်နေမိသည်..

“ဖုန်းနဲ့ အကြာကြီး စကားမပြောမိကြသည့် အချိန်ကလေး နှစ်ရက်အတွင်း
အသဲ ဘာကြောင့် သူ့အပေါ် စိမ်းကားပြီ မတွေ့ချင်တော့ပါဘူး ၊ မဆုံချင်တော့ပါဘူး  ၊ မင်္ဂလာပွဲ ဖျက်သိမ်း ချင်ပါသည်အထိ  ပြောလာရအောင်  ဖြစ်သွားသလဲ ကြည် စဉ်းစားလို့  တွေးလို့မရတော့ပါ..

ရန်ကုန်ကနေ မန္တလေးပြန်ရောက်သည်အထိ  ကြည့်အပေါ် တက်ကြွရွင်မြူးပြီ အမြဲစနောက်နေတဲ့ ကောင်မလေး..

မနေ့ညက စပြီ ကြည် ဖုန်းခေါ်တာ လုံး၀မကိုင်..အမား ဖုန်းကိုခေါ်ပြီ
ဖုန်းပြောရအောင် တောင်းပန်တော့လည်း  နေမကောင်းဖြစ်ပြီ အိပ်နေတာ လို့ ပြန်ဖြေသည်.. ဒီနေ့မနက်တော့  သဲ ဆီကဖုန်း၀င်လာပြီ  မင်္ဂလာပွဲ ဖျက်သိမ်းရအောင် ဆိုသည့် အကြောင်းပြောလာသည် …

သဲခဏစိတ်ကောက်နေတာပါ လို့ ကိုယ့်စိတ်ကို ဖြေသာရင် messengerကနေ  ဗီဒီယို ကော်ခေါ်ပြီ ချော့‌ဖို့ ပြင်တော့ active now ပြလျက် လုံး၀မကိုင်..  အကြိမ်ကြိမ် ခေါ်ပြီ မက်ဆေ့တွေပို့ပင်မယ့် စာမပြန် ..

လွန်ခဲ့သည့် ၅ရက်လောက်က တင်ထားတဲ့ မင်္ဂလာဆောင် ဖိတ်စာ နဲ့ pre wedding photo ပိုစ့်ပါ ရှာမတွေ့ တော့ပဲ ဖျက်ချထားတာ ကြည် တွေ့လိုက်ရသည်..
အဲ့ဒီချိန်မှာ ကြည်  စိတ်တွေ လူပ်ရှား၊ ဒေါသတွေပါထွက်လာပြီ
သူမရှိတဲ့မြို့ ၊ သူမနဲ့ ကြည်ပထမဦးဆုံး မင်္ဂလာပွဲလုပ်ဖို့ စီစဉ်ထားသည့် မြို့ကလေးသို့   အပြေးအလွှာ ရောက်လာသည်..

ရောက်လာသည်နှင့် ရောက်ရောက်ချင်း စောက်နဲ့ ထွင်းဆိုသလို ဖြူဖျော့နေသော မျက်နှာလေး ပေါ်မှာ စိမ်းကား မူ့တွေအပြည့်ဖြင့်
ချစ်ရသူလေးက ..
အမေ ၀ယ်ထားပေးတဲ့ နားကပ် ၊ ကြည် ချစ်လွန်းလို့ မြတ်နိုးလွန်းလို့
ကိုယ်တိုင် ၀ယ်ပေး ၀တ်ပေးထားသည့် လက်စွပ်ကစလို့ တောင်းရမ်းသည့်နေ့က တင်းတောင်း ပစ္စည်း နဲ့ ငွေသားတွေပါ အပုံလိုက်ချ ပေးရင်  မင်္ဂလာပွဲ ဖျက်ကြောင်းပဲ  ပြောနေသည် ..

အသဲရယ် ကိုကို့ ကို ရူးအောင်မလုပ်ပါနဲ့ တောင်းဆိုရင် သူမလေးကို
ပွေ့ဖက်ချင်သော်လည်း .. ရွံ့ရှာ သယောင် အထိမခံဘဲ သူမအမေ ရင်ခွင်ထဲကို  ပြေး၀င်သည်..

“အသဲ .. ကိုကို့ကို အဲ့လောက်ထိ ကြောက်လန့် ရွံ့ရှာနေရအောင်
ကိုကို ဘာလုပ်မိလို့လဲ … ပြောပါ ..”
“ဟုတ်တယ် .. သဲသဲ ပြောပြ .. သဲသဲပြောပြမှ အမားရော
သဲသဲကိုကိုရော ဘာလုပ်ရမလဲ .. ဘာလုပ် ‌‌ ပေးရမလဲ ..သိမှာ ..”

“ဘာမှမလုပ်ပေးနဲ့ … ကျေးဇူးပြုပြီ ဘာဆို ဘာမှ လုပ်မပေးပါနဲ့..
ကြောက်ပါပြီ ..မလိုချင်တော့ပါဘူး ..
ကိုယ်က တောင်းဆိုမှ ဖြည့်ဆည်းပေးတတ်တဲ့သူမျိုးနဲ့လည်း သဲ မဆုံချင်တော့ပါဘူး …သဲ တစ်ယောက်တည်း ချစ်နေရတဲ့ အချစ်ကို
လည်း မလိုချင်တော့ပါဘူး …”

“အသဲ တစ်ယောက်တည်း ချစ်နေရတာ မဟုတ်ပါဘူး .. ကိုကို ရော အသဲကို သိပ်ချစ်တယ်လေ ..အသဲကို  ကိုကို သိပ်ချစ်ပါတယ် အသဲရယ် ..”

“အင်းပေါ့ …ချစ်တော့ ချစ်မှာပါ .. အခြားသူတွေထက် နည်းနည်းလောက်ပိုပြီ ဒါပင်မယ့် ကိုကို့ ရင်ထဲက တစ်စုံတစ်ယောက်နဲ့
ယှဉ်လာရင် သဲက နံပါတ် နှစ် ဖြစ်သွားတယ်မို့ လား …”

“အသဲရာ ..မဆိုင်တာတွေ မနိူင်းစမ်းပါနဲ့ကွာ .. ကိုကို့အတိတ်ကို
အသဲကိုယ်တိုင် ကြည်ဖြူစွာ လက်ခံပြီ ကိုကိုတို့ ရှေ့ဆက်ဖို့ပြင်ထားတာ..မဆိုင်တော့တာတွေ မပြောပါနဲ့တော့ကွာ..
ကိုကို တောင်းပန်ပါတယ် …”

“အတိတ်ကြောင်းကို နိူးဆွပြီ ဒရာမာခင်းပြနေရအောင် သဲ
စိတ်ဓာတ်အောက်တန်းမကျဘူး …
လက်ရှိ ပစ္စုပ္ပန် ကာလထိ  ပါ၀င်ပက်သက် နေရာယူ ထားဖို့ကြိုးစား‌
နေလို့  သဲက ဖယ်ပေးလိုက်ချင်တာပဲ ရှိတာ ..”

“သဲသဲ .. ဘာတွေ ပြောနေတာလဲ အမားပါ နားလည်အောင်
တစ်ခါတည်း ရှင်းရှင်းလင်းလင်း ပြောပြ..”

သိချင်စိတ်ပြင်းပြမူ့ကြောင့် သဲအမေက စိတ်မရှည်စွာ သဲပုခုံး နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီ မေးသည်..

“မန္တလေး ပြန်ရောက်ပြီး နှစ်ရက်ကြာတဲ့ အထိ သူဘာလို့ မိုးကုတ်တက်မလာလဲသိလား …သူ့ရဲ့ ရည်းစားဟောင်း ဆေးရုံတက်နေရလို့တဲ့ မေမေရဲ့ ..”
“အသဲ ..”
“မအော်နဲ့ ..ကျွန်မ နာမည်ကိုလည်း လာမခေါ်နဲ့”
စိမ်းကားသော မျက်လုံးနဲ့ အကြည့်တွေသာမက လက်ညိုးပါ ကြည့်မျက်နှာတည့်တည့် ထိုးလိုက်ပြီ သဲက စကားဆက်သည်..

“နားထောင်  .. ဆက်ပြောပြမယ် ..လွန်ခဲ့တဲ့ နှစ်ရက်က သဲနေမကောင်းဖြစ်တယ် ..
သဲတကယ်နေလို့မကောင်းဘူး ကိုကိုရယ်လို့ ပြောပြတော့
အသဲ ဆေးသောက်လိုက်ရင် ‌သက်သာ သွားမှာပါလို့အချိုသတ်
တဲ့ စကားလေး တစ်ခွန်းပဲ ပြော နိုင်လောက်အောင် အလုပ်တွေ
သေမလောက် ရူပ် ပြ လက်တွေ့မှာတော့ သူ့ရဲ့ ချစ်လှစွာသော ရည်းစားဟောင်းကို ကိုယ်ဖိ ရင်ဖိသွား ပြုစုပေးနေတာ..

ဒီလောက်ချစ်နေရင်လည်း  ယူလိုက်လေ ..သူများ မယားဖြစ်နေတော့လည်း ဘာဖြစ်လဲ ငရဲကြီးခံပြီ ယူလိုက်ပေါ့ ..

သဲကိုသာ လာပြီ ဇာတ်ရူပ်တဲ့ ဇာတ်ထုပ်ထဲ ဆွဲသွင်းဖို့ မကြိုးစားနဲ့ ..”

“အသဲ ..မင်းထင်ရာတွေ စွပ်စွဲပြီ ငါ့ကို ခွေးဇာတ်မသွင်းနဲ့ နော် ..”
“ကျွန်မ သွင်းပေးစရာမလိုဘဲ  ရှင့်ဖာသာ ရှင် ခွေးဇာတ်ခင်းနေတာပါ ကိုကြည်လင်..”

“သဲသံသာသိမ့်သိမ့်သူ ..”
“မအော်နဲ့ … မင်း အော်စရာမလိုဘူး ငါ့သမီးကို ..”
ဒေါသအရှိန်ကြောင့် ဆောင့်အော် လိုက်သည့် ကြည်ကို သဲအမေက
စူးဝါးစွာ ကြည့်ပြီ  ဟန့်တားလိုက်သည်…
ကြည် သိမ်ငယ်စိတ် အားငယ်စိတ် ၀မ်းနည်းစိတ်တွေပါ လိူက်တက်လာပြီ
တစ်ခဏအတွင်းပြိုလဲချင်စိတ်တွေ ၀င်လာပင်မယ့် ကိုယ်မလုပ်ထားတဲ့
အမှားအတွက် တာ၀န်ခံ စရာမလိုဘူးဆိုတဲ့ မာနတစ်ခု ကြောင့် တင်းခံလိုက်ပြီ
“ဟုတ်တယ် ..အော်မိတဲ့ အတွက် ကျွန်တော် တောင်းပန်တယ် ..
ဒါပင်မယ့် သဲ စွပ်စွဲ ပြောဆိုနေသလိုမျိုး ကျွန်တော်ဘာတစ်ခုမှ
မလုပ်ထားဘူး အမား ..  မင်္ဂလာပွဲဖျက်ဖို့ ဆိုတာလည်း ကလေးကစားစရာမဟုတ်လို့  ကျွန်တော် လုံး၀ မဖျက်သိမ်းပေးနိုင်ဘူး ..
ကျွန်တော်နဲ့ ကျွန်တော်မိဘတွေ ၊ ကျွန်တော့်ဆွေမျိုးတွေ ကိုယ်တိုင်
မိသားဖသားပီပီ ကမ်းလှမ်းထားတဲ့ မင်္ဂလာပွဲကို အမား တို့ ကိုယ်တိုင် လိုလိုလားလား ကြည်ကြည်ဖြူဖြူ လက်ခံပေးထားတာ တရား၀င် ပဲ..”

“တို့ကလည်း ..တရားမ၀င်ဘူးလို့  မပြောပါဘူး ..
တို့ကိုယ်တိုင် ယုံကြည်ပြီ လူကြီးစုံရာနဲ့ လာမတောင်းခင်ကတည်းက
တို့ သမီးကို မင်းတို့အိမ်ပေါ်ထိ ပို့ထားခဲ့တာ .. အဲ့ဒီ ယုံကြည်မူ့ထဲမှာ မင်းမိဘ
တွေ တင်မကဘူး ..မင်းလည်းပါတယ် .. မင်း တို့သမီး ပေါ် ဘယ်လို ဆက်ဆံ ပေးသလဲဆိုတာလည်း တို့ ကောင်းကောင်းသိတယ် .. ဒါ့ကြောင့်
တို့က အခု မင်းကို အေးအေးဆေးဆေး စကားပြောဖို့ ပြောနေတာ ..”

အမား စကားကြောင့် ကြည် ပျာယာခတ်မနေဘဲ ဧည့်ခန်းထဲက ထိုင်ခုံပေါ် အိန္ဒြေရရ ထိုင်လိုက်သည်။
အမားက သဲဖက်ကို တစ်ချက်ကြည့်လိုက်ပြီ
“သဲသဲကို ဘယ်သူပြောပြလဲ ..ကိုကြည် သူ့ရည်းစားဟောင်းကိုပြုစုတယ်ဆိုတာ ..”

“ဘယ်သူပြောရမှာလဲ … အမားရဲ့ ..သူ့ဟာမပေါ့ ..”
ကြည်က သဲမျက်နှာကို  အံ့ဩတကြီး လှမ်းကြည့်ပြီ စကားပြောဖို့ ပြင်လိုက်ပင်မယ့် အမားက အရင် ဦးအောင် သဲကို ဆူသည်..
“သဲသဲ ..စကားပြောတွေ ..မရိုင်းနဲ့ .. အဲ့ဒီ ကောင်မလေးက
သဲသဲကို ဘယ်လို လာပြောတာလဲ ..”

သဲက ပြန်မဖြေ တော့ဘဲ သူမဖုန်းကို သွားယူပြီ သူမရိုက်ထားတဲ့ ssတွေ သူမအမေ ကိုပြသည်..
ကြည်က ပါ သူမအမေ လက်ထဲက ဖုန်းကို ယူကြည့်ပြီ
“ဒီပုံလေး နဲ့များကွာ ..အသဲရာ ..မင်းမို့ ..ကိုကို့ကို ..”
“ဘာ ဒီပုံလေးနဲ့များလည်း .. သဲ လည်း ရှင့်လို ဆုံးသွားတဲ့ ဆရာ ဈာပနာမှာ ရည်းစားဟောင်းနဲ့ ပုခုံးချင်းယှဉ် လူကြားထဲ တွဲလျှောက်ပြမယ် ကြိုက်မလား… ပြီရင် မူးလဲ နေမကောင်းဖြစ် နေတဲ့  သဲရည်းစားဦးကို နေ့ရောညပါ သဲသွားပြုစုမယ် ရှင်ကြိုက်လား”
“သဲသဲ …စကားဆိုတာ ကျွံ့ပြီသွားရင်  ပြန်နူတ်လို့ မရဘူး နော် ..စကားကို သေချာထိန်းပြော..”
အမားက သဲကို စကားပြောပါ များရင် အမှားပါပြီ ပြဿနာ ပိုကြီးသွားမှာ စိုးတာကြောင့်  ၀င်ဟန့်လိုက်ရင် သေချာစဉ်းစားကြဖို့
‌အကြံပေးတော့  ခေတ္တာ ခဏ တိတ်ဆိတ်သွားသည် ..

ကြည်က သူ့လက်သီးကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားရင် ခေါင်းခါလိုက်ပြီ တိတ်ဆိတ်မူ့ကို ဖြိုခွဲသည်..
“အသဲ ..မင်း အကြောင်းစုံ မသိသေးဘဲနဲ့ .. စွပ်စွဲပြီး ကိုကို့ကို မပြောပါနဲ့ ..”
“စွပ်စွဲတာလား ..အမှန်လား ဆိုတာ ပြီးအောင်ဆက်ကြည့် ပြီမှ
လာပြီ သနားခံ ..”
ကဲ ခဏလေး ..ခဏ
“သဲသဲ စကားတစ်ခွန်းမှ မပြောနဲ့အုံး … ကိုကြည် မင်းပြော ..အဲ့ဒီနှစ်ရက်အတွင်း မင်း ဘာတွေလုပ်ခဲ့လဲ  အမှန်တိုင်းပြော ..”
အမားက မေးလာသည်နှင့် ကြည်က မဆိုင်းမတွ
“ကျွန်‌ တော်မန္တလေးပြန်ရောက်ပြီ နောက်နေ့ နေ့လယ်ခင်းပိုင်းလောက်
သူငယ်ချင်းဆီက ဖုန်း၀င်လာတယ် ဆရာဆုံးသွားလို့ တဲ့ ..ချက်ချင်းပဲ..
သဂြိုလ်မှာမို့ ကျွန်တော် အ၀တ်စားလဲပြီကားနဲ့လိုက်သွားတယ် ..
သုသာန်ထိ ဆရာ့ နောက်ဆုံးခရီး လိုက်ပို့တယ် .. ဂါရ၀ပြုခဲ့တယ် ..
ဘယ်အချိန် အဲ့ တစ်ယောက်  ကျွန်တော့် ဘေးလာရပ်လည်း သတိမထားမိဘူး .. သတိထားမိရင် ကျွန်တော် ပခုံးချင်း ယှဉ်ရပ်ခဲ့မှာ မဟုတ်တာသေချာတယ် ..ကျွန်တော်ဆိုင်ပြန်လာတယ် ခရီးပန်းတာနဲ့
စိတ်မကောင်းဖြစ်နေတာ ကြောင့် အသဲကို ဖုန်းကောင်းကောင်းမပြောပေးနိုင်ဘူး ..နောက်တစ်နေ့ နာရေးအိမ်ကို သွားတယ် .. အဲ့တစ်ယောက်နဲ့ ထပ်ဆုံတယ် .. ဆရာ့ဇနီး မူးလဲသွားလို့ ဆေးခန်းလိုက်ပို့ပေးတယ် ..အဲ့ တစ်ယောက်ရော ပါလာတယ် ..ဆရာ့ ဇနီးအတွက်လိုအပ်တဲ့ ဆေးကို ကျွန်တော်ကိုယ်တိုင် သွား၀ယ်ပေး‌ရင် အဲ့တစ်ယောက် မှာတဲ့ ဆေးပါ ၀ယ်ပေးလိုက်တယ် .. ပြန်လာတယ် ..ဒါပဲ..”

“အဲ့တာ ကြောင့်  ရှင့်ဟာမက ဆေးထုပ်တွေ ဓါတ်ပုံရိုက်ပြီ
အခုထိ ဖြူအပေါ် နားလည်ပြီ ဂရုစိုက်ပေးလို့ ကျေးဇူးပါ Kရယ်
ဘာညာ နဲ့ လာပြီ ‌$ရှက်မရှိ ဖရန့် အုန်းလီ နဲ့ ပို့စ်တင်ရဲ တာပေါ့ ..”

“သဲသဲ ..”
အကြောင်းစုံ နားထောင်ပြီတဲ့နောက်မှာ အမားက သဲကို ပဲ သေချာကြည့်ပြီ
ပြော‌သည်..
“သဲသဲ အိမ်ထောင်ပြုတယ်ဆိုတာ မလွယ်ဘူးလို့ အမား သဲသဲကို ပြောပြတဲ့အချိန်တုန်းက သဲသဲ ဘာပြန်ပြောခဲ့ လဲ..
  သဲက နားလည်ပေးနိုင်တယ် ၊ ချစ်ပေးနိုင်တယ် ၊ဆင်းရဲရင်လည်း အတူတူ လုပ်စားနိုင်တယ် .. ချမ်းသာရင်လည်း ‌အတူတူခံစားနိုင်တယ်၊ နောက်ဆုံး မကျန်းမာရင်တောင် ပြုစုရဲတယ်လို့  ပြောခဲ့တာ
ဟုတ်တယ်မို့လား ..”

“ဟုတ်တယ် သဲ ပြောခဲ့တယ် .. ဒါပင်မယ့် ဖောက်ပြားတဲ့ ယောင်္ကျားတစ်ယောက်ကို တော့ သဲ ဆက်မချစ်ရဲဘူး အမား..”

ဖောက်ပြားတယ်လို့  သုံးသွားတော့ ကြည် သည့်မခံနိုင်စွာ ထအော်မိသည် ..
“အသဲ ..”
“သဲသဲတော်တော့ .. အမား ပြောမယ်.. အိမ်ထောင်ရေးဆိုတာ  သဲ စာအုပ်ထဲက ဖတ်ဖူးသလို ဇာတ်ကားထဲမှာ ကြည့်ဖူးသလို လွယ်ကူမနေဘူး.. ရူပ်ထွေးတယ် .. အခုခေတ်ကြီးမှာ ပိုရူပ်ထွေးလာတယ်
ဘာကြောင့်လဲ သိလား .. ဒီဖုန်း တွေကြောင့် .. ဒီဖုန်းထဲက ပို့စ်တွေ ကို
သဲက လိုက်ကြည့်. လိုက်ခံစား. လိုက်ပြီ တွေး ..ပြီရင် သဲသဲ ခေါင်းထဲမှာ
သံသယတွေ ၀င်ပြီ  ကောက်ချက်တွေဆွဲ ကြည့်မယ် .. လက်တွေ့ကျနမူ့ကို
ဓါတ်ပုံလေး တစ်ပုံ နဲ့ ဆုံးဖြတ်နေရင် သဲသဲ ဒီတစ်သက် စစ်မှန်မူ့ကို ခံစားရမှာ မဟုတ်ဘူး..”

“အခု ..အမားက သူပြောတာကို  ယုံတယ်ပေါ့ .. ဟုတ်လား ..”
သဲက ဒေါသတကြီး ကြည်ကို လက်ညိုးထိုးပြီ  မေးတော့
“‌ အေး..ယုံတယ် ..အမား.. ကိုကြည် ပြောတာကို ယုံတယ် “
“အမား ပဲ ယုံ ၊ သဲက တော့ မယုံဘူး ..”
“ အေး ..မယုံနဲ့ ဘယ်သူ့မှမယုံနဲ့ ..ညည်းလည်း ညည်း အဒေါ်လို ဖြစ်မှာပဲ..
ဘယ်သူ့ကိုမှ ယုံကြည်မူ့မပေးဘဲ ကိုယ်ကိုယ်တိုင်ကျ ယုံကြည်ခံချင်တယ် ..
အချစ်ခံချင်တယ် … ညည်း ကိုယ့် ဦးနှောက်ကို ကောင်းလှချည်းရဲ့ ဆိုပြီ
ကိုယ်ရည်သွေး ပြီ ဘ၀င်မြင့် နေရင် အစကတည်းက ယောင်္ကျားယူဖို့ လက်မခံပဲနေလေ ..အခုကျမှ လာပြီ မယူနိုင်ဘူး ဘာဘူး နဲ့ ညည်းကို ဘယ်သူက အတင်းကျပ် ပေးစားလို့လဲ .. ညည်းကိုယ်တိုင် ငမ်းငမ်းတက်လိုချင်ခဲ့တာ ၊ ငါ ပေးစားလို့လား …ဖောက်ပြားတယ်လို့ စွပ်စွဲရအောင် အစကတည်းက ဒီဇာတ်လမ်း‌ တွေညည်းသိပြီသား သဲသဲ..
သိရက်နဲ့ လက်ခံပြီ ချစ်ပေးနိုင်ပါတယ် ကြိုက်ပေးနိုင်ပါတယ် ဆိုပြီ အခုလို ခရီးရောက်တဲ့ အထိ ဖြစ်လာပြီ … အေး .. အဲ့တာကိုမှ ပြဿနာရှာပြီ  နားလည်မပေးနိုင်ဘူး ..သည်းခံ မပေးနိုင်ဘူး လာလုပ်ပြ နေတာ သဲသဲ ..မရှက်ဘူးလား .. သဲသဲကလေးမဟုတ်တော့ဘူးနော် ..သေချာစဉ်းစား..”

အမားတစ်ယောက် ဟန်ဆောင်ပန်ဆောင်တောင် ယဉ်ကျေးမပြနိုင်တော့ပဲ
သဲကို ပြောဆိုပြီ ဝေးရာကို ထသွားသည် ..
ကြည် နှင့်သဲ နှစ်ယောက်တည်း  ကျန်ရစ်ခဲ့၏..
သဲက သူမပါးပေါ်က မျက်ရည်တွေ သုတ်၊တစ်ဆစ်ဆစ်ထိုး ကိုက်နေသည့် သူမနားထင်ကို လက်ဖြင့်ဖိထားရင် ကြည်ကို လှမ်းကြည့်ပြီ ပြောလိုက်သည် ..
“စားပွဲပေါ်တင်ထားတဲ့ ပစ္စည်းတွေ  သေချာစစ်ကြည့်ပြီ ပြန်တော့ ..
အဲ့လောက်နဲ့ မကျေနပ်ရင် လည်း ..လိုချင်တဲ့ ပမာဏ ကို ..”
သဲစကား အဆုံးမသတ်ခင်“တော်လိုက်တော့ သဲသံသာ သိမ့်သိမ့်သူ” လို့ အော်ရင်  ကြည်က စားပွဲပေါ်က ပိုက်ဆံထုပ်ကို ကြမ်းပြင်ပေါ် ပစ်ပေါက်ပစ်သည်..
ပစ်ပေါက်ပြီ သဲနဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီ

“ငါ ခုနက မင်းစကားတွေ သည်းခံ နေတယ်ဆိုတာ ..လူကြီးဖြစ်တဲ့ အမားတစ်ယောက်လုံး ရှိနေလို့ ..
နောက်ထပ် ပိုက်ဆံ နဲ့ လျှော်ကြေး..လျှော်ကြေး .. လျှော်ကြေး  ပေးမယ်ဆိုတဲ့ စကား ထပ်မပြောနဲ့ ..
“ငါ့ နှလုံးသား  နာကျင်တာ မင်းဘာနဲ့ ပြန်လျှော် ပေးမလဲ ပြော ..
ပြောလေ ..”

သဲက စကားပြန်ပြောဖို့ အားယူလျက် ကြည်လာကိုင် ထားသည့် သူမပုခုံးပေါ်က လက်တွေကို ဖယ်ဖို့ ကြိုးစားသည် ..
ကြည်ကလည်း အလွတ်မပေး .. သဲကလည်း ကြိုးစားဖယ်ရင်
ဖယ်ရင်…..
“အသဲ .. အသဲ .. ဘာဖြစ်တာလဲ .. အသဲ  .အသဲ ..ကိုကို့ကို ကြည့်အုံး
…အသဲ …”


(ကဲ …နည်းနည်း ဒရာမာ ခင်းပြီ ရေးကြည့်ထားတယ် ..
ဖတ်လို့ အဆင်ပြေ ကြရဲ့လားတော့မသိ ..🙂)


>>>ဆက်ရန်

ကြိုးစားရေးသားပါအုံးမည် 💙💪

#Skykyiphyu









TuTu (မင်းပဲ)(Completed)Where stories live. Discover now