Chapter 2

1.8K 216 57
                                    

"Taehyung ရေ..."

"လာပြီ လာပြီ"

မနက်ခင်း ရောက်လာသည်နှင့် ပတ်ဝန်းကျင်မှာ အဆူညံဆုံးက ကျွန်တော့်အိမ်နဲ့ ကိုရိန်းအိမ်ရယ်သာ ဖြစ်သည်။ ကျောင်းသွားဖို့ မနက်ခင်းတိုင်း ကိုရိန်းက သူ့ အိမ်ကနေ အကျယ်ကြီး လှမ်းအော်ပြီး ကျွန်တော့်ကို သတိပေးနေကျ ဖြစ်သည်။

ကျွန်တော်ကလည်း အိမ်ထဲကနေ အကျယ်ကြီး ပြန်ဖြေပေးရင် ဒီနားတစ်ဝိုက်မှာတော့ သိပ်ဆူလွန်းလှပါသည်။

"Taehyung... မနက်စာ စားသွားဦး"

"မစားတော့ဘူး အမေရဲ့ နောက်ကျနေပြီ။ ကိုရိန်းက ပြီးရင် ပွစိပွစိနဲ့ အရမ်း စကားများတာ"

ကျောပိုးအိတ်ကို လွယ်ရင်း အမေ ပြင်ထားပေးသည့် ထမင်းဘူးကိုလည်း ကောက်ဆွဲရင်း အိမ်ထဲမှ ခပ်သုတ်သုတ် ထွက်ဖို့ ပြင်တော့ အမေက ဂုတ်ကနေ အတင်းဆွဲထားသည်။

"အဖေကြီးရေ... မီးဖိုခန်းက အသားညှပ်ပေါင်မုန့် ယူလာပေးဦး"

အမေက ခေါင်းကို တိန်ခနဲနေအောင် ခေါက်ပစ်ပြီး အဖေ့ကို လှမ်းအော်ပြောနေသည်။ ကျွန်တော့် ခေါင်းဟာ မနာသွားပေမယ့် အမေရဲ့ အကြင်နာတွေ လိုချင်သည်မို့ မူယာပိုကာ နာသွားဟန်ဖြင့် မျက်နှာကို ရှုံ့မဲ့ပစ်လိုက်သည်။

"ဒီမှာ ဒါကို စားသွားဦး... ပြီးရင် အစာမရှိလို့ ဗိုက်အောင့်ရင်လည်း မင်းပဲ ခံရတာ"

အမေက အဖေ ယူလာပေးသည့် အသားညှပ်ပေါင်မုန့်ကို ပါးစပ်ထဲ ထည့်ပေးပြီး မကြာသေးခင် ခေါက်လိုက်မိသည့် ခေါင်းကိုလည်း ဖွဖွလေး ပွတ်ပေးလာပါသည်။

"သွားတော့မယ်နော်"

ပေါင်မုန့်ကို လက်တစ်ဖက်က ကိုင်ထားပြီး အမေတို့ကို နှုတ်ဆက်ကာ ထွက်လာတော့ ကိုရိန်းက ထုံးစံအတိုင်း မျက်မှောင်ကုပ်လျက် စောင့်နေပါသည်။

"ငါ့ကို အပြစ်မပြောနဲ့... အမေက မနက်စာ အတင်းကျွေးနေလို့ နောက်ကျရတာ"

ကိုရိန်းက ဘာမှတော့ ပြန်မပြောလာဘဲ ထမင်းဘူး ထည့်ထားသည့် အိတ်ကို ဆွဲပေးသည်။ ကိုရိန်းက ငယ်နိုင်လို ဖြစ်နေသည်မို့ တစ်ခါတစ်ရံ ကျောပိုးအိတ်တောင် လွယ်ပေးတာတွေ ရှိပါသေးသည်။

Kissing In The Moonlight [Completed]Where stories live. Discover now