Chapter 4

1.5K 191 20
                                    

ကျောင်းကို သွားသည့် ခြေလှမ်းတွေက တက်တက်ကြွကြွနဲ့ ဖြစ်နေပါသည်။ ယခုမှ မူကြိုကျောင်းသားလေး ကျောင်းပျော်နေသည့် စိတ်ခံစားချက်မျိုး ဖြစ်၏။

ဟုတ်ပါသည်။ အမှန်တကယ်လည်း ဒီရက်တွေမှာ ကျောင်းတက်ရသည်ကို သိပ်ပျော်နေခဲ့ပါသည်။

ကျောင်းချိန် မှန်မှန်တက်ရင်း၊ ကျူရှင် မှန်မှန်သွားရင်းနဲ့ ဆရာ့ကို ငေးကြည့်ရသည်ကို နှစ်သက်လှသည်။ အချစ်အကြောင်း ကဗျာတွေတောင် မဖတ်ခဲ့ဖူးပေမယ့် အချစ်က အနုပညာဆန်ကြောင်းတော့ သိပ်သိပါသည်။

ကျွန်တော်ရဲ့ ချစ်လှစွာသော ချစ်ရသူက အနုပညာမှာလည်း ထူးချွန်ပါသည်‌လေ... ပန်းချီအတန်းချိန်အတွက် ဆရာကလည်း အဲဒီလူသာ ဖြစ်သည်။

ပန်းချီပိတ်ကားချပ်ပေါ်မှ စုတ်ချက်တွေက ဆရာ့ လက်ရာတွေမို့ ထင်ပါသည်... ပိုပြီးတော့ အရောင်အသွေးစုံနေ၏။

"ပန်းချီဆိုတာက လွတ်လပ်မှုမျိုးပဲ... ဆရာတို့ရဲ့ စိတ်ကို လွှတ်ထားပေးရမယ်။ ထိန်းချုပ်ထားစရာ မလိုဘူး။ စိတ်ရဲ့ အလိုအတိုင်း လက်က ပုံဖော်သွားရုံပါပဲ။ ပါရမီ ပါတာ၊ မပါတာကို အသာထား.. စိတ်ပျော်ဖို့အတွက် ဦးစားပေးသင့်တယ်လေ... ဒါဆို ပန်းချီကားတွေကြောင့် ကလေးတို့ စိတ်တွေကို လွတ်လပ်သွားစေနိုင်မှာ"

စာသင်ခန်းရဲ့ ထိပ်ဆုံးမှာ ဆရာက ပြုံးရယ်လို့ ပန်းချီအကြောင်း တစ်စွန်းတစ်စ ရှင်းပြနေပါသည်။ အင်္ကျီလက်ရှည်လေးကို တံတောင်နားအထိ ခေါက်တင်ထားသည်မို့ လက်ဖျံတစ်လျှောက်မှာ ပေါ်နေသည့် သွေးကြောတွေက အထင်းသား မြင်နေရပါသည်။

ဆရာ့ လက်ချောင်းတွေက ဖြူဖွေးလို့ ရှည်သွယ်နေကာ လက်သည်းခွံလေးက ပန်းရောင်သန်းလှပါသည်။ ခြုံငုံကြည့်လျှင် သိပ်လှသည့် လက်ချောင်းကလေးတွေ ဖြစ်၏။

"ပန်းချီကားချပ် မလှလို့ တစ်ဖက်လူကို မလှောင်ပြောင်ရဘူး... ဒါကလည်း သူရဲ့ အနုပညာ လက်ရာပဲမို့ လေးစားမှု ရှိရမယ်။ လူတိုင်းရဲ့ စိတ်ခံစားချက်တွေ၊ ကြိုးစားမှုတွေကို ဆရာတို့က အလေးထားပေးရမယ် မဟုတ်လား။ ပြီးတော့ တစ်ခုရှိတာက ဘာပဲလုပ်လုပ် စိတ်ပျော်နိုင်ဖို့ကိုလည်း ထည့်စဉ်းစားပေးရမယ်... ကလေးတို့ရဲ့ စိတ်ကူးထဲက ပုံတစ်ပုံ ဆွဲကြည့်ပါ။ အချိန်‌ဘယ်လောက်ပဲ ပေးရပါစေ ဒီအတန်းချိန်မှာ မပြီးရင် အိမ်ယူသွားပြီး နောက်မှ ဆရာ့ဆီ လာပြ‌လေ ဟုတ်ပြီလား"

Kissing In The Moonlight [Completed]Where stories live. Discover now