Chapter 25

1.4K 175 7
                                    

အဖေ့ ကျန်းမာရေး အခြေအနေက တဖြည်းဖြည်းနဲ့ ကောင်းမွန်လာပြီ ဖြစ်သည်။

မကြာခင်ဆို နွေဦးလည်း ရောက်တော့မည်မို့ အအေးဓာတ်တွေလည်း လျော့ကျသွားသည်။

‌နွေဦး ရောက်လျှင်တော့ အဖေ ဆေးရုံမှ ‌ဆင်းရဖို့ မျှော်လင့်မိပါသည်။

အစ်ကိုကတော့ အခုထိ Wales ကို မပြန်သေးဘဲ ခွင့်ရက်ရှည်ကြီးယူထားပြီး ကျွန်တော့်အနား ရှိနေပါသည်။

တချို့ရက်တွေမှာ အဖေ့ကို ‌လူနာစောင့်ပေးရင်း အချိန်အတူ ကုန်ဆုံးရုံလောက်သာ...

တချို့ရက်တွေမှာတော့ အမျိုးသား စာကြည့်တိုက်မှ ငှားလာသည့် စာအုပ်ကို အတူ ဖတ်ကြသည်။

အခုလည်း ညမိုးချုပ်နေပြီကို မအိပ်သေးဘဲ စာအုပ်ဖတ်နေရင်းမှ အစ်ကို့ မျက်နှာလေးဟာ ပြုံးနေသည်။

"ဘာတွေ ဒီလောက် သဘောကျနေတာလဲ"

"Emma ကို ပြန်ဖတ်ကြည့်တော့ မင်းနဲ့ အကြောင်းတွေကို သတိရမိလို့ပါ။ ကိုယ်တို့ ပထမဆုံး တွေ့ဆုံခဲ့တာ ဒီစာအုပ်ကို အတူ ယူမိရာကနေ မဟုတ်လား။ အင်း... ကဗျာဆန်ဆန်၊ ဖူးစာဆန်ဆန် မဟုတ်လား"

ကျွန်တော် ခေါင်းခါရင်းသာ ရယ်လိုက်မိသည်။ အစ်ကိုကတော့ လူအိုကြီးလို့ ပြောလျှင်လည်း စိတ်ဆိုးဦးမည်။

တကယ်လည်း အသက်ကြီးတဲ့ လူတွေလို အရင်ကအကြောင်းတွေ ပြောရင်း အချိန်ကုန်တာ

"နွေဦးရောက်ရင် ရေနတ်သမီးပန်းတွေကို ကြည့်နိုင်ပါ့မလား"

အစ်ကိုက စီစဉ်ထားသည့် ကိစ္စကြီးတစ်ရပ်လို တစ်ချိန်လုံး ခေါင်းထဲ သွင်းထားသည်။

"ဒီတစ်နှစ် မသွားနိုင်အောင်တောင် နောက်တစ်နှစ် ရှိပါသေးတယ်"

"ဒီလိုဆိုတော့လည်း စောင့်နေပါ့မယ် ကလေးလေးရယ်"

အစ်ကိုက နှဖူးပေါ်မှ ဆံပင်တချို့ကို ဖယ်ရှားလို့ တစ်ချက်နမ်းပါသည်။

"အဖေ ရှိနေတာလေ"

"ဦးလေးက အိပ်ပျော်နေပါပြီ"

ကျွန်တော်က ရယ်တော့ အစ်ကိုက နှုတ်ခမ်းပေါ်ကို ထပ်ခါထပ်ခါ အ‌နမ်းပေးသည်။

Kissing In The Moonlight [Completed]Where stories live. Discover now