Spoiler Alert - 1

1.2K 141 34
                                    

ခန္ဓာကိုယ်ကို ဆွဲချုပ်ထားပြီး ရင်ခွင်ထဲကို ထိုးသိပ်ထည့်ကာ ဖက်လို့ ထားသည်။ ထို့နောက် ဂုတ်ပိုးပေါ်ကို အနမ်းတွေ တဖွဖွ ပေးလာပါသည်။

"ဘယ်.. ဘယ်လိုဖြစ်လာတာလဲ"

ခါးပေါ်ကို တင်းတင်းဖက်ထားသည့် လက်ချောင်းတွေကို အပေါ်မှ ထပ်၍ ကိုင်လိုက်တော့ ပိုတိုးလို့ ဖက်လာ၏။

"ကိုကိုလို့ ခေါ်ကြည့်မယ် မဟုတ်လား ကလေးလေး"

နား အနားကို ကပ်ကာ တိုးသဲ့သဲ့ ပြောလာသည်မို့ ကြက်သီးမွှေးညှင်းကလေးတွေ ထိုးထောင်လာပြီး ကျွန်တော့် ကိုယ်လေးလည်း တုန်တက်လို့ သွားသည်။

"ကျွန်တော် မခေါ်ရဲပါဘူး အစ်ကိုကလည်း... အဆင်မပြေဘူးလေ"

"ကိုကိုက ကြားချင်လို့ပါ"

ဖက်ထားသည်ကို မလွှတ်ပေးဘဲ မျက်နှာချင်းဆိုင် လှည့်ပစ်သည်။ ထို့နောက် မျက်လုံးချင်းဆုံစေရန် လိုက်ကြည့်နေ၏။

"ကိုကိုလို့ ခေါ်ကြည့်ပါ့လား"

"ကျွန်တော်..."

ထိုအခါမှာတော့ ခါးပေါ်က လက်တွေက လျော့ကျသွားပြီး အနောက်ကို အနည်းငယ် ဆုတ်သွားသည်။

ထို့နောက် မျက်နှာကို တစ်ဘက်လှည့်သွားပြီး အခန်းထဲ ပြန်ဝင်ဖို့ လုပ်၏။

"မခေါ်ရဲသေးရင်လည်း ကိုကိုက အတင်းအကြပ် မလုပ်ခိုင်းပါဘူး"

ဒီလိုနဲ့ပဲ တစ်လှမ်းချင်း ဝေးကွာသွားသည်။ လက်နှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ကိုင်ထားရင်း အစ်ကို့ဘက် လှမ်းကြည့်နေမိသည်။

အောက် နှုတ်ခမ်းကို ဖိကိုက်ထားရင်းက မျက်လုံးတွေ စုံမှိတ်လိုက်ပြီး

"ကိုကို..."

တိုးတိုးလေးသာ ခေါ်လိုက်သော်လည်း ကျောခိုင်းကာ အခန်းထဲသို့ သွားနေသည့် အစ်ကိုက ရပ်တန့်သွားသည်။

ထို့နောက် ကျွန်တော့်ဘက် တစ်ချက်ကြည့်ကာ အနားကို ခြေလှမ်းကျဲတွေဖြင့် လျှောက်လာ၏။

ခါးကနေ သိမ်းကြုံးဖက်ပစ်ရင်း ရင်ဘတ်ချင်း ပူးကပ်ပစ်သည်။ ထို့နောက် နှဖူးချင်း ထိကပ်ထားရင်း...

Kissing In The Moonlight [Completed]Where stories live. Discover now