Final

2.1K 172 21
                                    

အပြာရောင် ဆေးတချို့ကို စုတ်တံနဲ့ သဲ့ယူလိုက်ပြီး canvas ပေါ် ဖြန့်ချလိုက်သည်။

ထို့နောက် အဖြူရောင် ဆေးသားတချို့ကို brush နဲ့ အနည်းငယ်မျှ အရောင်တင်လိုက်သည်။

မကြာခင်တော့ အဆုံးသတ်တော့မည့် ထိုပန်းချီကား... အဖေ့အတွက် လက်ဆောင်လေးဟူလည်း မမှားပေ။

ကောင်းကင်ပြာအောက်မှာ ပြုံးပျော်နေသည့် အဖေရယ်၊ ‌အမေရယ်... ဒီလောက်‌ဆို အဖေ့အတွက် အမှတ်တရကောင်းလေး ဖြစ်လောက်မည်။

"နားပါဦးလား"

အစ်ကိုက ရှုပ်ပွနေသည့် ရေခွက်တွေရယ်၊ ကုန်သွားလို့ ပြန့်ကျဲထားသည့် ဆေးဘူးတွေကို ရှင်းပေးရင်းမှ လှမ်းပြောသည်။

"ပြီးတော့မှာ အစ်ကိုရဲ့"

"နိုင်ငံခြား အဝင်ဖုန်း... ကိုရိန်းဆီကလား"

စုတ်တံကို ကိုင်ထားရင်းမှ တန့်သွားမိသည်။ ဒီကောင်က ဒီကိုရောက်နေသည့် ၆ လ လုံးလုံး ဖုန်းတောင် ဆက်ဖော်မရပါဘူး။

ကျွန်တော်ကလည်း အဖေ့ ကျန်းမာရေးကြောင့် မအားလပ်၍ မဆက်မိခြင်း

"မင်းရော အသက်ရှိသေးရဲ့လားလို့ လှမ်းဆက်လိုက်တာ.. Taehyung တို့မှာ ဆရာနဲ့ တွေ့တာနဲ့ ငါ့ကို မေ့ထားတော့တာ"

ကိုရိန်းကတော့ ကိုရိန်းပါပဲ။ ဘယ်အရွယ်ပဲရောက်ရောက် ဒီလိုစကားတွေနဲ့ ခပ်ရွဲ့ရွဲ့သာ ပြောသည်။

"Carlos ဆီကနေ မင်းအကြောင်း ကြားတယ်နော်။ ဗီဗီ့အနားပဲ ကပ်နေတာဆို"

"အဟွန်း... မဟုတ်ပါဘူး သူ့အ‌ဒေါ်က အကြွေးကိစ္စနဲ့ ခဏခဏ လာနေတော့ စောင့်ရှောက်ပေးရုံပါပဲ"

speaker ဖွင့်ထားသည်မို့ အစ်ကိုလည်း ကြားလိုက်ရသည်။ နှစ်ယောက်သား ပြိုင်တူပြုံးလိုက်မိကြ၏။

ဒီကောင့်အကြောင်း မသိတာ မှတ်လို့...

"ငါ... ငါ အနားယူတော့မယ့်အကြောင်း မင်းကို ပြောမလို့"

ဒီတစ်ခါတော့ စွံ့အသွားရသည်မှာ ကျွန်တော်ရယ်သာ...

"Championship ပွဲတွေ လာဦးမှာပေမယ့် ငါ အနားယူတော့မလို့လေ။ ပြီးတော့ ဒါက ငါ ဝါသနာကြီးတဲ့ အလုပ်မဟုတ်ဘူး ထင်တာပါပဲ။ ဗီဗီနဲ့ ပြောကြည့်တော့ ငါ့ စိတ်တိုင်းကျ ဆုံးဖြတ်ဆိုလို့လေ"

Kissing In The Moonlight [Completed]Where stories live. Discover now