Chapter 8

1.3K 176 79
                                    

ပိတ်ရက်မို့ ညနေကျရင် ဆရာက အိမ်ကို စာလာသင်တော့မည် ဖြစ်သည်။ အမေက ဆရာ လာလျှင် တစ်ခုခု ပြင်ဆင်ပေးနိုင်ဖို့ ၂၄ နာရီဆိုင်ကို ကိုရိန်းနဲ့ အတူတူ သွားခိုင်းသည်။

၂၄ နာရီဆိုင်က အဝေးကြီးတော့ မဟုတ်... ရပ်ကွက်ရဲ့ ထိပ်မှာမို့ ကိုရိန်းက သူ့ စက်ဘီးနဲ့ တင်ခေါ်လာသည်။

"ဆရာက ဒီဟာ ကြိုက်ပါ့မလား"

ကိုရိန်းကို ငှက်ပျောသီးကိတ်လေး ထိုးပြရင်းတော့ မေးတော့ ပုခုံးတွန့်ပြသည်။

"မသိဘူးပေါ့။ မင်းပဲ ဆရာ့ Acc မှာ တစ်နေ့ ၂၄ ခါလောက် ဝင်ကြည့်နေတာလေ... "

"ဝင်ကြည့်တာနဲ့ သိရရောလား။ ဆရာက banana milk ကြိုက်တာတော့ သိတယ်။ ဆရာ့ဆီမှာ အဲ့ပုံတွေ အများကြီးပဲ"

ကိုရိန်းက Banana Milk ကို ကဒ်လိုက် ခြင်းထဲ ဆွဲထည့်သည်။

"ဘာလုပ်နေတာလဲ"

"ဆရာက ဒါကြိုက်တာဆို"

"အရူးလား... အမေက ဆရာ့အတွက် မုန့်ဝယ်ခိုင်းတာလေ။ ဒါတွေချည်း ကဒ်လိုက်ဆွဲလာရင် ဆူနေမှာပေါ့"

"ငါလည်း ဘယ်သိမလဲ"

ကိုရိန်းက သူ ယူထားသည့် Banana Milk တွေကို နေရာတကျ ပြန်ထားပြီး ငှက်ပျောသီးကိတ်ကိုသာ ထည့်တော့သည်။

ဒီလိုနဲ့ ဆရာ့အတွက် လိုအပ်သလောက် ဝယ်ပြီးတော့ ပိုက်ဆံရှင်းရသည်။ ကောင်တာမှာ တင်ထားသည့် ရေခဲချောင်းကိုတွေ့တော့ မျက်လုံးလေး လှန်ကြည့်လိုက်မိသည်။

ကိုရိန်းက သက်ပြင်းချလို့ ရေ‌ခဲချောင်း နှစ်ချောင်း ဆွဲယူလိုက်၏။

"ဒါကို ကျွန်တော် သက်သက်ရှင်းမယ် အစ်မ"

ကောင်တာမှ အစ်မကို ရေခဲချောင်းဖိုး သက်သက်ရှင်းပေးသည်။ အမေက ဆရာ့အတွက် ဝယ်လာသမျှကို စာရင်းနဲ့ ပြန်ဝင်ပြခိုင်းသည်မို့ ရေခဲချောင်းဖို့ မပါပင်။

ကိုရိန်းက သူ့ မုန့်ဖိုးထဲက ရှင်းပေးပြီး စက်ဘီးဆီ သွားတော့သည်။

ဝယ်လာသည့် အထုတ်ကို စက်ဘီးခြင်းထဲ ထည့်ပြီး ရေခဲချောင်းထုတ်ကို ကျွန်တော့်ဘက် လှမ်းပေး၏။

Kissing In The Moonlight [Completed]Where stories live. Discover now