Chapter 14

1.2K 186 74
                                    

တောထဲကို ရောက်လာတော့ မှောင်မည်းလို့ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကိုသာ ရင်ဆိုင်လိုက်ရပါသည်။

ကျွန်တော်တို့ဟာ ဆရာတွေရယ်၊ ကျောင်းသားတချို့ ပါဝင်သည့် အဖွဲ့ဖြစ်၏။ သို့သော် ထိုကလေးကတော့ တစ်ယောက်တည်း ဒီလို မှောင်မည်းနေသည့် နေရာမျိုးမှာ...

ရင်ကို ပူလောင်သွားလို့ လက်သီးကို ကျစ်ကျစ် ဆုပ်မိသည်။ ထို့နောက် အဲ့ဒီကလေးကိုမှ မတွေ့လျှင် ဒီတောထဲကနေ တစ်ဖဝါးမှ မခွာဖို့ ဆုံးဖြတ်ချက် ချထားလိုက်ပါသည်။

"Taehyung... Kim Taehyung ဆရာ ခေါ်နေတာ ကြားရဲ့လား ကလေးလေး"

ပဲ့တင်သံ တချို့ ထွက်လာရုံမှ လွဲ၍ ပြန်ဖြေသံကို မကြားရသည်မို့ ရင်ဘတ်ထဲမှာ တလိမ့်လိမ့် တက်လာသည့် ပူလောင်မှုတွေ...

ရင်ပူရတယ်... ရင်ပူရတယ်ကွယ်။ ဒီလိုပဲ ပျောက်ဆုံးသွားဖို့ကို တစ်ကြိမ်တစ်ခါလေးတောင် စိတ်ကူးထဲမှာ ရှိခဲ့ဖူးသည် မဟုတ်ပါ။ လက်တွေ့ကြုံနေရသည့် အခါမှာတော့ ရင်ကို ပူဆင်းလို့ နှလုံးသားက တဆစ်ဆစ်နဲ့ နာသည်။

"ဆရာရေ ဒီဘက်မှာ ခြေရာတွေ တွေ့လို့ပါ"

ကျောင်းသားတွေ လမ်းအော်တော့ ခေါင်းကို ချက်ချင်းလှည့်ကာ ခပ်သုတ်သုတ် ပြေးသွားမိသည်။

သစ်ကိုင်းတချို့ကို နင်းမိကာ ခြေချော်ကျလည်း ကုန်းထပြီး အဲ့ဒီနေရာဆီ ပြေးရသည်။

"ဒီ အင်္ကျီစက ကလေးလေးရဲ့ ဟာလို့ ထင်လား ကိုရိန်း"

သစ်ပင်ရဲ့ အကိုင်းမှာ အနီရောင် အင်္ကျီစလေး တင်နေပါသည်။ ကိုရိန်းကို မေးကြည့်တော့ လေးလေးပင်ပင်ဖြင့် ခေါင်းညိတ်သည်။

ဓာတ်မီးတွေ အသုံးပြုပြီး မီးထိုးရှာတော့ ခြေချော်ထားလို့ မြေသားတွေ ပြိုကျနေပုံ... ထို့နောက် အောက်ဘက်ကို လိမ့်ဆင်းသွားသည့် မြေသားတွေ

"ဒုက္ခတွေတော့ များကုန်ပါပြီ"

ဓာတ်မီးကို ပစ်ချပြီး အောက်ဘက်ကို လှိမ့်ဆင်းတော့ ကျောင်းသားတွေက လှမ်းအော်ကာ တားသည်။

တားမြစ်သံတွေကို လျစ်လျူရှုပြီး အောက်ဘက်ပိုင်းဆီ တရွေ့ရွေ့နဲ့ သွားနေလိုက်ပါသည်။

Kissing In The Moonlight [Completed]Where stories live. Discover now