Chapter 3

1.6K 206 54
                                    

အမေဟာ ကြိမ်လုံးလေး ကိုင်ပြီး ခုံမှာ ထိုင်နေပါသည်။ အရှေ့တည့်တည့်မှာ လက်ပိုက်ကာ မျက်နှာအောက်ငိုက်နေသည့် ကျွန်တော့်ကိုလည်း အံကြိတ်ကာ မာန်မဲပါသေးသည်။

အမေ့ အကြည့်စူးစူးကို မကြည့်ရဲသည်မို့ မျက်နှာရှုံ့မဲ့လျက်သာ ငြိမ်နေလိုက်ရပါသည်။ ဒီတော့မှ အမေ့ စကားသံတွေဟာ မရပ်စဲနိုင်တော့သလို ထွက်လာ၏။

"Kim Taehyung... မင်းကို ကျောင်းထားပေးတာ သိပ်ပိုက်ဆံပေါတယ်များ ထင်နေသလား။ မင်းရဲ့ အဖေက သာမာန် အစိုးရဝန်ထမ်း တစ်ယောက်မို့ သူ့လစာက အိမ်သုံးစရိတ်တောင် လောက်အောင် မကာမိဘူး။ မင်းကျောင်းစရိတ်တွေ ကြီးလွန်းတာတောင် ပညာတတ်လေး ဖြစ်စေချင်လွန်းလို့ မိဘတွေ ဘယ်လောက် ပင်ပန်းအောင် ကြိုးစားနေရသလဲ နည်းနည်းလေးတောင် မ‌တွေးတော့ဘူးလား"

ဟုတ်ပါသည်။ အမေဟာ စွပ်ပြုတ်ဆိုင်လေး ဖွင့်ထားပါသည်။ ဆိုင်တစ်ဆိုင် ဖွင့်ရန်က သိပ်လွယ်လွန်းသည်တော့ မဟုတ်ပါဘူး။

ဆိုင်ဖွင့်နိုင်ရန် မနက် ၄ နာရီဝန်းကျင် ကတည်းက အမေက အိပ်ရာမှ ထရသည်။ ထို့နောက် အဖေ့အတွက်၊ ကျွန်တော့်အတွက် ထမင်းဘူး ပြင်ပေးရပါသည်။

ပြီးနောက် ‌ဆိုင်အတွက် အလုပ် လုပ်ပါသည်။ အမေက အခုလိုမျိုး မကြာခဏ ဆူပူတတ်ပေမယ့် အမှတ်မရှိ ကျွန်တော်က ဆိုးသွမ်းတတ်ဆဲ ပါပဲ။

"မင်းက ဘယ်တော့မှ ဆုံးမလို့ကို မရဘူး.. စာမသင်ချင်ဘူးလား။ ကျောင်းမတက်ချင်ဘူးလား"

"ဟင့်... ကျွန်တော် တက်ချင်ပါတယ်"

တင်းခံထားရင်းက ရှိုက်သံတစ်ချက် ထွက်လို့ သွားပါသည်။

"အမေ မပြောထားဘူးလား... ယောကျာ်းလေး တစ်ယောက်က ဘာမဟုတ်တာနဲ့ မပျော့ညံ့ရဘူး။ ကိုယ့်ရဲ့ အားနည်းတဲ့ အပိုင်းကို ဘယ်သူ့ကိုမှ မပြရဘူး။ အခု ဘာလို့ ‌ငိုနေတာလဲ... အမေ မင်းကို ရိုက်ရသေးလို့လား"

"မရိုက်ရ‌ေသးပါဘူး"

"သွားတော့... ဒီနေ့က နောက်ဆုံး ဖြစ်ပါစေ"

အမေက တစ်ချက် ကြိမ်းမောင်းပြီးမှ သွားခွင့်ပေးပါသည်။ အခန်းထဲကို ရောက်တော့ ကိုရိန်းက ကုတင်ပေါ်မှာ ထိုင်စောင့်လို့ နေပါသည်။

Kissing In The Moonlight [Completed]Where stories live. Discover now