Chapter 11

1.3K 185 90
                                    

ကိုရိန်းရဲ့ ဘော်လီဘော ပြိုင်ပွဲကို ရောက်နေပြီ ဖြစ်ပါသည်။ မြို့နယ်အဆင့် ပြိုင်ပွဲ ဖြစ်သည်မို့ ကျောင်း ကစားကွင်းမှာ မဟုတ်ဘဲ မြို့နယ်ရဲ့ ဘော်လီဘောကွင်းမှာ ကျင်းပပါသည်။

လူတွေဟာလည်း အုံခဲလို့ ဆူဆူညံညံနဲ့ ဖြစ်သည်။ ပိတ်ရက်မှာ ကျင်းပသည့် ပွဲမို့ လူများနေခြင်းလည်း ဖြစ်၏။

ကိုရိန်း အမေနဲ့ အတူတူ လာခဲ့သည်မို့ နှစ်ယောက်တည်းသာ... ကိုရိန်းကတော့ သူ့ပွဲကို အခုလို ရောက်လာပေးလို့ ဝမ်းသာနေပါသည်။

ကစားပွဲရဲ့ စည်းမျဉ်းတွေ၊ အနိုင်ရအောင် ကစားရမည့် အခြေခံ နည်းစနစ်တွေကိုတောင် မသိပေမယ့် ကိုရိန်းက ကြိုးစားလွန်းနေသည်ကိုတော့ သိပါသည်။

တစ်ဖက်အသင်းကလည်း လူတော်တွေချည်းမို့ ကိုရိန်းတို့ဘက်လည်း သိပ်တော့ အသာစီးမရပါဘူး။ သို့ပေမယ့် ကျွန်တော့် ကိုရိန်းက ဘယ်သူမို့လို့လဲ...

ဒီကောင်က သူ့ ခြေတံ၊ လက်တံ အရှည်ကြီးရယ်၊ အရပ်အရှည်ကြီးနဲ့ အားကိုးကြောင့် သူ့ဘက်ကချည်း အနိုင်ရပါသည်။

ပွဲစဉ်ပြီးဆုံးတော့ ကိုရိန်းကို အသင်းသားတွေက ပွေ့ချီလို့ ချီးမြှောက်ကြပါသည်။ ကိုရိန်းကတော့ အသင်းသားတွေရဲ့ အပေါ်ကနေ လှမ်းနှုတ်ဆက်လို့ နေပါသည်။

ပြိုင်ပွဲပြီးနောက် ကိုရိန်း အမေက အလုပ် ကိစ္စ ရှိသေးသည်မို့ ပြန်သွားရသည်။ ထို့ကြောင့် ကျွန်တော်နဲ့ ကိုရိန်းသာ အိမ်ကို အတူတူ ပြန်လာရတော့သည်။

အိမ်ကို ပြန်သည့်လမ်းက အဝေးကြီးမို့ ဖြတ်လမ်းကနေ ဖြတ်လျှောက်သွားတော့ ငယ်ငယ်က စားနေကျ ငါးပေါင်မုန့်‌ဆိုင်လေးကို တွေ့လိုက်ရသည်။

"ကိုရိန်း... ကိုရိန်း ဟိုကို ကြည့်ဦး"

ကိုရိန်းရဲ့ အင်္ကျီစကို ဆွဲလို့ ဆိုင်ကိုလည်း လက်ညှိုးထိုးကာ ပြောလိုက်မိသည်။

ကိုရိန်းက သူ့ ပိုက်ဆံအိတ်ကို တစ်ချက်ကြည့်ပြီး ကျွန်တော့်ကို ပြန်ကြည့်သည်။

"အများကြီး မရဘူးနော်။ ပိုက်ဆံအများကြီး မပါလာလို့... နောက်ရက်မှ ကြိုက်သလောက် စား"

Kissing In The Moonlight [Completed]Where stories live. Discover now