Chapter 15

1.3K 188 78
                                    

ဆေးရုံမှ ဆင်းခွင့်ရတော့ ဆရာရယ်၊ ကိုရိန်းရယ်၊ ကျွန်တော်ရယ်က သီးသန့် ကားငှားပြီး ဆိုးလ်ကို ပြန်ရပါသည်။

ကျောင်းက စီစဉ်ပေးသည့် ကားကတော့ မနက်အစောကြီး ကတည်းက ပြန်သွားပြီ ဖြစ်သည်။

အိမ်ကားသေးသေးလေးသာ ငှားသည်မို့ ဆရာက အရှေ့မှာ ကားမောင်းသူနဲ့ အတူတူ ထိုင်ပြီး ကိုရိန်းရယ်၊ ကျွန်တော်ရယ်က အနောက်မှာ ထိုင်ပါသည်။

ကားထွက်လာတော့ လမ်းမှ မြင်ကွင်းတွေ ကြည့်ရင်း ဆရာ့ မျက်နှာလေးကိုလည်း လှမ်းငေးမိသည်။

ဆရာက ကျွန်တော့် မျက်စောင်းထိုးမှာမို့ သေချာလေး မြင်နေရပါသည်။

မနေ့က ကျွန်တော် ပျောက်သွားလို့ ဆရာက ဘယ်လောက်ထိ စိုးရိမ်ခဲ့ကြောင်း ကိုရိန်းက ပြန်ပြောပြတော့ သိပ်ပျော်ခဲ့ရသည်က ဖော်ပြလို့တောင် မရနိုင်...

ဒီလိုသာ စိတ်ပူပေးမည်ဆိုလျှင် အကြိမ်ပေါင်း ထောင်သောင်းမက တောထဲ ဝင်သွားလိုကါဦးမည်ပင်

ရူးမိုက်မိုက်နိုင်လှပေမယ့် တကယ်လည်း အဲ့သလိုမျိုး ဖြစ်လာလို့ ပျော်ရပါသည်လေ...

.

.

ဆိုးလ်ကို ပြန်ဝင်တော့ အိမ်အထိ လိုက်ပို့ပေးပါသည်။ အိမ်ရှေ့မှာ ရပ်တော့ အမေက မျက်ရည်ရွှဲလို့ ပြေးလာဖက်သည်။

ကားပေါ်မှ ဆင်းဆင်းချင်း ရုတ်တရက်ကြီး ဖြစ်သည်မို့ မျက်လုံးအဝိုင်းသားဖြင့် ကိုရိန်းကို လှမ်းကြည့်မိသည်။

ဒီကောင် လျှောက်ပြောလိုက်ပုံပင်... အမေက သက်သက်မဲ့ စိုးရိမ်လွန်းနေကာ တစ်ကိုယ်လုံးကို လှည့်ပတ်စစ်ဆေးနေတော့တာ

"ကျွန်တော် ဘာမှ မဖြစ်တော့ဘူး။ ဆေးရုံမှာ ကုသမှု‌လည်း ခံယူခဲ့ပြီး သောက်‌ဆေးရော ယူခဲ့တာပါ"

အမေက ဒါကိုတောင် စိတ်တိုင်းမကျချင်... အဝတ်အိတ်ကို ဆွဲပေးပြီး ဆရာ့ကို သွားနှုတ်ဆက်သည်။

ထို့နောက် ကျေးဇူးတင်ကြောင်း တဖွဖွ ပြောနေသည်က ‌ဆရာ့ကိုတောင် အနေခက်ရစေသည်။

"တော်ပြီလေ အမေရာ... ဆရာ အိမ်ပြန်ဖို့ နောက်ကျနေတော့မယ်"

ဆရာ ပြန်သွားတော့မှ အမေက ကျွန်တော့်လက်ကို ဆွဲပြီး အိမ်ထဲ သွင်းသည်။ ကိုရိန်းကတော့ ဟိုဘက်အိမ်ကို ကူးသွားပြီ ဖြစ်၏။

Kissing In The Moonlight [Completed]Where stories live. Discover now