Chapter 10

1.3K 185 112
                                    

ကိုရိန်းနဲ့ မခေါ်တာ ၂၄ နာရီ တိတိပင် ရှိနေပြီဖြစ်သည်။ ၂၄ နာရီဆိုသည်က စက္ကန့်နဲ့ ရေတွက်လျှင် သိပ်များလွန်းသည့် ပမာဏပါပင်။

ကိုရိန်းကြီးက ဒီလိုမျိုး ငြိမ်ကုပ်နိုင်သည်မို့ စိတ်တောင် ပိုဆိုးမိပါသေးသည်။ သို့သော်လည်း ဒီအတိုင်း ဆက်သွားလို့က မဖြစ်သည်မို့ ကျူရှင်က ပြန်ရောက်သည်နှင့် သူ့အိမ်ဘက် ကူးရသည်။

"Taehyung... မင်း သူငယ်ချင်းနဲ့ စိတ်ကောက်နေတာလား"

ကိုရိန်း အမေက အရိပ်အကဲ နားလည်ပါသည်။ အဲဒီကောင်က ကျွန်တော်နဲ့ ရန်ဖြစ်လျှင် သူ့အိမ်ကို အစောကြီး ပြန်ပြီး အခန်းအောင်းတတ်သည်။

အန်တီ့ကို ခေါင်းညိတ်လို့ ပြုံးပြလိုက်ကာ ကိုရိန်း အခန်းဆီ သွားရပါသည်။

တံခါးခေါက်မနေတော့ဘဲ ဖွင့်ကာ ဝင်လာလိုက်တော့ ကျောပေးလို့ ပြတင်းပေါက်ကို ကြည့်နေပါသည်။

ဒါဟာ ကျွန်တော် ရောက်နေမှန်း သိသိကြီးနဲ့ မူယာပိုနေခြင်း... သိပ်လည်း တတ်နိုင်ပါသေးသည်။

"အဟွန်း... Korain Garcia (ကိုရိန်း ဂါစီယာ) နဲ့ တွေ့ချင်လို့ပါ"

ချောင်းဟန့်လို့ အသံပြုတော့ ပုခုံးတွေ တစ်ချက် တွန့်သွားပါသည်။ နေနိုင်သည်လည်း မဟုတ်ပါဘဲ စိတ်ကောက်‌သည်။ ပြီးနောက် တစ်ယောက်တည်း ကြိတ်မှိတ်ရယ်နေပြန်ပါသည်။

"Korain Garcia က မကြာခင်မှာ အနိုင်ရတော့မယ့် volleyball အသင်းခေါင်းဆောင်ဆိုတော့ ကျွန်တော့်လို နုံချာတဲ့သူက တွေ့ဖူးချင်လို့ပါ။ ဒီဘက်လေး လှည့်ကြည့်ပါဦး ခင်ဗျာ..."

"အရူးကောင်... လျှောက်ပြောနေတယ်"

ကိုရိန်းက သူ့ ကုတင်ပေါ်မှာ ခေါင်းအုံးသေးလေးကို ဆွဲယူကာ ကျွန်တော့်ဆီ လှမ်းပစ်ပေါက်သည်။

ခပ်သုတ်သုတ်ကာ ရှောင်လိုက်ရင်း ကိုရိန်းအနား တိုးကပ်သွားလိုက်သည်။

"စိတ်ဆိုးပြေတော့လေကွာ... ကိုရိန်းကလည်း ချစ်လို့ စတာကို မင်းက သိပ်စိတ်ဆိုးတတ်တာပဲ"

သူ့ ကုတင်ပေါ် တက်လိုက်ကာ လဲချလိုက်ပြီး ကိုရိန်းရဲ့ အင်္ကျီစကို ဆွဲလို့ ပြောနေလိုက်သည်။

Kissing In The Moonlight [Completed]Where stories live. Discover now