Chapter 20

1.5K 208 85
                                    

Museo De Santa Cruz အရှေ့မှာ ညနေစောင်းသည်အထိ Jungkook စောင့်နေလိုက်ပါသည်။

တကယ်ဆို မနက် ကတည်းက ရောက်လာခဲ့ပြီး ကလေးလေးကို စောင့်နေခဲ့တာ ဖြစ်သည်။ နာရီကို ကြည့်ကာ တမျှော်မျှော် လုပ်နေခဲ့ပေမယ့် အခုချိန်အထိ အရိပ်ကလေးတောင် မတွေ့ရသည်မို့ စိတ်မကောင်းဖြစ်သည်ကတော့ အမှန်...

၆ နာရီ ထိုးတော့ ပြခန်းပိတ်ပါသည်။ အနီးအနားကို လိုက်ကြည့်မိတော့ လူတချို့သာ ကျန်တော့သည်။

ကလေးလေးက ကျွန်တော့်ကို မတွေ့ချင်ခဲ့ဖူးများလား... ပြတိုက်ရဲ့ အဓိက တာဝန်ရှိသူက ရောက်မလာသည်မှာ မဖြစ်နိုင်။

ပြတိုက်မှာ ရှိနေပါလျက်နဲ့ ကျွန်တော့်ကို မတွေ့ချင်တော့လို့များလား။ ဦးနှောက် တစ်ခုလုံး ပူထူနေအောင် စဉ်းစားနေမိပြီး နောက်ဆုံးတော့ ပြတိုက်အစောင့်ဆီ သွားမိသည်။

"ဒါလေး Artist Kim ဆီ ပေးလိုက်ပါနော် အကူအညီတောင်းပါတယ်"

ယူလာသည့် လက်ဆောင်အိတ်ကလေးကို ပြတိုက်စောင့်ဆီ ပေးခဲ့လိုက်ပါသည်။ သန်ဘက်ခါဆို visa ကုန်ပြီမို့ Wales ကို ပြန်ရတော့မည် ဖြစ်၏။

Toledo မှာ ရှိနေဖို့က မနက်ဖြန် တစ်ရက်သာ ကျန်ပါတော့သည်။ ဒီတစ်ရက်တည်းနဲ့ ကလေးလေးကို ဘယ်လို လိုက်ရှာရမလဲ ကျွန်တော်မသိ...

ကျွန်တော့်အပေါ် စိတ်ဆိုးနေတာလည်း ဖြစ်နိုင်ပါသည်။ မဟုတ်လျှင် ကျွန်တော့်အပေါ် ခံစားချက်တွေ ကုန်ခမ်းသွားသည်လား

၇ နှစ်ဆိုသည့် အတိုင်းအတာမှာ ပိုကောင်းမွန်သည့် လူတစ်ယောက်ကို တွေ့နိုင်သည် မဟုတ်ပါလား။

ထို့နောက် တခြားတစ်ယောက် တွေ့လျှင် ချစ်နိုင်သည်ဟု ကလေးလေးကို ပြောခဲ့သည်ကလည်း ကျွန်တော်သာ...

ပြတိုက်မှ ထွက်လာလိုက်ပြီး လမ်းမတစ်လျှောက် သွားနေရင်းမှ ဦးတည်ရာမရှိဘဲ တွေးတောနေမိပါသည်။

မှားခဲ့သလားဆိုလျှင် ကျွန်တော့်အမှားတွေဟာ မရေမတွက်နိုင်ပါဘူး။ သို့သော် ထို အမှားတွေက ကလေးလေးအတွက်ပဲ ဖြစ်သည်မို့ အမှားကောင်းတွေ ဖြစ်သည်။

Kissing In The Moonlight [Completed]Where stories live. Discover now