Chapter 21

1.4K 186 45
                                    

မနက်အစောကြီး Taehyung ဆီက ဖုန်းဝင်လာသည်။ အိပ်ချင်နေသေးသည့် မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး ချက်ချင်း ကောက်ကိုင်လိုက်မိသည်။

"ငါ့ကို ဆရာက ဖွင့်ပြောလာတယ် ပြီးတော့ ချစ်တဲ့ အကြောင်းတွေလည်း ပြော‌ေသးတယ်"

ဖုန်း ကိုင်လိုက်ပြီးပြီးချင်း တစ်ဖက်မှ ပျော်ရွှင်နေသည့် အသံ ခပ်မြူးမြူးလေးကို ကြားလိုက်ရသည်။

"မနေ့ညက ဆရာနဲ့ အတူ တစ်ညလုံး ရှိနေခဲ့တာ.. ငါပြောတာက ဟိုတယ် အပေါ်ဆုံးက လေသာဆောင်မှာ စကားပြောနေတာကိုလေ"

Taehyung က သူ့ဟာသူ စကားတွေ များပြီး တစ်ယောက်တည်း ပြုံးလို့ ရယ်လို့ ဖြစ်နေပါသည်။

ဆရာနဲ့ ပြန်တွေ့ပြီးလျှင် ဒီလိုပဲ သ‌တင်းကောင်း ကြားရမည်ဟု ကျွန်တော်‌ တွေးထားခဲ့ပြီးသား ဖြစ်သည်။

သို့သော် ကျွန်တော့်အတွက်တော့ သတင်းဆိုးများ ဖြစ်နေလေမလား... ခေါင်းတစ်ခုလုံး မူးနောက်နေပြီမို့ အတွေးတွေဟာလည်း ဟိုရောက်လိုက် သည်ရောက်လိုက်သာ

Taehyung ကတော့ အခုမှပဲ စကားများလွန်းသည့် လူတစ်ယောက်လို ဆရာနဲ့ အကြောင်းတွေ အများကြီး ပြောနေတော့သည်။

"မင်းတော့ သိပ်ပျော်နေတော့မှာပဲ"

"ကိုရိန်းကလည်း..."

ဒီအချိန်ဆို Taehyung က ခပ်လှလှ လေးထောင့် အပြုံးလေးရယ်၊ ရှက်သွားမည့် ချစ်စရာ နီရဲရဲ ပါးပြင်ကလေးနဲ့ အတူ ဖြစ်နေလေမလား။

ဒီလိုပါပဲ သူက ကျွန်တော့် အပိုင်တော့ မဟုတ်ပေမယ့် ဂန္တဝင်လက်ရာမြောက်အောင် သိပ်လှသည့် အလှတရားလေး ဖြစ်သည်။

"Madrid ကို ဘယ်တော့ ပြန်လာမှာလဲ"

"ဆရာက Toledo မှာ ဒီတစ်နေ့ပဲ နေတော့မှာတဲ့လေ... ပြီးရင်တော့ Wales ကို ပြန်ရမှာ"

"မင်းကရော မင်းအကြောင်းကို မေးနေတာလေ"

"ပြခန်းကိ္စ္စအပြီးသတ်ပြီးရင် Wales ကို ခဏ လိုက်သွားမလားလို့လေ march ရောက်ပြီမို့ ရေနတ်သမီးပန်းတွေ သွားကြည့်ဦးမလို့ပါ။ မင်းရော လိုက်ခဲ့ချင်လား"

ကျွန်တော် နာနာကျင်ကျင် ပြုံးမိလိုက်မိသည်။ Taehyung က ကျွန်တော် စိတ်ဆိုးတော့မည်ကို သိ၍ လိုက်ခဲ့ဖို့ ခေါ်နေခြင်းသာ

Kissing In The Moonlight [Completed]Where stories live. Discover now