Chapter 5

1.4K 184 25
                                    

ကျောင်းပိတ်ရက်မို့ ကိုရိန်းဆီ အစောကြီး ထွက်လာခဲ့လိုက်သည်။ အမေကတော့ ပိတ်ရက်တောင် သူ့ စွပ်ပြုတ်ဆိုင်ကို မကူညီပေးလို့ ပူညံလျက် ကျန်နေခဲ့၏။

"ကိုရိန်းရာ သွားရအောင်နော်"

ကိုရိန်း လက်ကို အတင်းဆွဲကာ နားပူနားဆာ လုပ်တော့ နှာခေါင်းရှုံ့ပြီး မျက်နှာမဲ့ပြသည်။ ထို့နောက် လက်ကို အတင်းခါချပြီး သူ မလိုက်ချင်ပါကြောင်း ဆန္ဒပြ၏။

"မင်း ကြိုက်တဲ့ Twice အဖွဲ့ရဲ့ concert ကျရင်လည်း အဖော်လိုက်ပေးမယ်လေ"

ဒီလိုပြောမှ မျက်လုံးတွေ ဝင့်ကာ ကြည့်သည်။ ကိုရိန်းက Twice အဖွဲ့ဝင် Nayeon ကိုဆို အရူးအမူးမို့ ဒီလိုပြောမှ အ‌ဆင်ပြေလိမ့်မည်။

"ဆရာ ဟာရူရဲ့ ပြခန်းက ဒီနေ့ တစ်ရက် ‌နောက်ဆုံးပါဆို... အရင်ရက်ကကျ ကျောင်းဖွင့်လို့ဆိုပြီး မလိုက်ပေးဘူး။ အခုကျတော့လည်း ပိတ်ရက်မို့ နားဦးမယ်တဲ့ မင်းပဲ နားနေလိုက်"

အင်တင်တင် လုပ်နေသည့် ကိုရိန်းကို တစ်ခါပြန်ပြီး စိတ်ကောက်မည် ကြံတော့ ဆံပင်တွေ ထိုးဖွလျက် အနားကို ရောက်လာသည်။

"မင်း ကတိနဲ့ မင်းနော်... Concert လိုက်ခဲ့ပေးရမှာ"

"အင်း အင်း"

ခေါင်း တဆတ်ဆတ် ညိတ်ကာ ပြောတော့မှ အင်္ကျီသွားလဲသည်။ ပန်းချီပြခန်းလေး တစ်ခါ လိုက်ဖို့ကို နှစ်ပေါက်အောင် ပြောရတာမျိုး...
.

.

ဆရာ ဟာရူရဲ့ ပြပွဲက ဆိုးလ်ရဲ့ အဆင်မြင့် ကွန်ဒိုမှာ ဖြစ်သည်။ သုံးရက်တိုင်တိုင် ကျင်းပသည်မို့ ဒီနေ့ဟာ နောက်ဆုံးရက် ဖြစ်သည်။

နံရံမှာ လွတ်နေသည့် နေရာတချို့ကြောင့် စိတ်မကောင်းတောင် ဖြစ်မိသေးသည်။ နောက်ဆုံးရက်မို့ ပန်းချီကားတွေက သိပ်မစုံတော့ပါ။

တချို့ကို ဝယ်ယူပြီးသွားပြီမို့ အခုက အနည်းငယ်သာ ကျန်တော့သည်။ ဆရာ ဟာရူက ကိုရီးယားမှာ သာမက အနောက်နိုင်ငံတွေအထိပါ အောင်မြင်သည့် ပန်းချီဆရာ တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် သူ့ ပြပွဲတွေဆို လူတွေက တအုန်းအုန်းနဲ့ သိပ်များပါသည်။

Kissing In The Moonlight [Completed]Where stories live. Discover now