Chapter 17

1.3K 205 91
                                    

ဆောင်းဦးကတော့ လေစိမ်းတွေတိုက်ပြီး ချမ်းစိမ့်စိမ့်နဲ့ပါရယ်... ဆောင်းလေတွေ တစ်ချက်တိုးဝှေ့သွားတိုင်း ဒီလိုမျိုးနဲ့ နှလုံးသားလေးလည်း အေးခဲခဲနိုင်လှပါသည်။

ကျောင်းတက်ရသည့် ရက်တွေဟာ အရင်လို ပျော်စရာတွေ မရှိတော့ပါဘူး။ ‌ကျူရှင်သွားဖို့ကလည်း စိတ်မပါတော့သည်အထိ ဖြစ်လာ၏။

အရှေ့မှာ စာရှင်းပြနေသည့် ဆရာ့အစား အခုတော့ ဆရာမ ‌ပြန်ရောက်လာပါသည်။ ဆရာ အသုံးပြုသွားသည့် ရုံးခန်းက စားပွဲခုံလေးကလည်း အခုတော့ ဆရာမရဲ့ အသုံးအဆောင်တွေနဲ့ ဖြစ်၏။

ဒီလိုမျိုးပဲ တဖြည်းဖြည်းနဲ့ ဆရာ့ အငွေ့အသက်လေးတွေ ပျောက်စပြုလာတော့သည်။

ကျူရှင်အိမ်ကိုရောက်တော့ ဆရာ့ အပြုံးလေးတွေ ရှိခဲ့သည့် နေရာမှာ ဆူပူတတ်သည့် ဆရာမဟာ အစားဝင်သည်။

နေရာတိုင်းမှာ ဆရာ့ အငွေ့အသက်လေးတွေ လျော့ဆင်းသွားပြီး ‌တရေးရေးနဲ့ မှေးမှိန်လာပါသည်။

တချို့‌ရက်တွေမှာ အများကြီး လွမ်းမိလို့ မျက်နှာညှိုးကျနေလျှင် ကိုရိန်းက အလိုက်တသိ ပျော်အောင် လုပ်ပေးပါသည်။

ဆရာ ထွက်သွားပြီး နောက်တစ်ရက်မှာပဲ ကိုရိန်းဘက်က ကျွန်တော့်ကို ပြန်ခေါ်လာခဲ့ခြင်း။ အဲ့ဒီနောက်တော့ ကိုရိန်းက ကျွန်တော့်ကို ထပ်ပြီး စိတ်ဆိုးစိတ်ကောက်လည်း မရှိတော့ပါဘူး။

တဖြည်းဖြည်းနဲ့ ဆောင်းဦးကုန်သွားခဲ့သည့်တိုင် ဆရာ့ကို တစ်ရက်ကလေးတောင် ထပ်ပြီး မတွေ့ရတော့ပါဘူး။

ဒီနေ့ဟာ ဒီဇင်ဘာလ ၃ ရက်နေ့ ဖြစ်သည်။ မနက်ဖြန်ဆို ဆရာ စစ်မှုထမ်းရတော့မည်ဟု သတင်းကြားခဲ့သည်။

ထို့ကြောင့် ကျူရှင်လစ်ပြီး ဆရာနဲ့ ပထမဆုံး တွေ့ခဲ့သည့် အမျိုးသားစာကြည့်တိုက် အရှေ့မှာ ရပ်စောင့်နေလိုက်ပါသည်။

တဖြည်းဖြည်းနဲ့ အချိန်တွေ ကုန်သွားခဲ့ပြီး ည ၇ နာရီ ထိုးလာပြီ... နှင်း တဖွဲဖွဲက ဦးခေါင်းပေါ်ကို ပြိုကျလာပြီး လမ်းပေါ်ကို တစ်ဖန်ကျသွားသည်။

ရာသီဥတုရဲ့ အအေးဒဏ်ကြောင့် လက်ဖျားတွေလည်း အေးခဲလို့ နီရဲကုန်သည်။ ထပ်ပြီး စောင့်ဖို့ရန် မသင့်တော်တော့သည်မို့ ခြေလှမ်းတွေကို ရွှေ့လျားတော့ Porsche ကားအဖြူလေးက ထိုးရပ်လာပါသည်။

Kissing In The Moonlight [Completed]Where stories live. Discover now