Chapter 18

1.3K 194 32
                                    

7 years later at the Singapore Indoor Stadium

"Korain! Korain!!"

Stadium တစ်ခုလုံး မီး‌ေ‌ရာင်တွေ တဖြတ်ဖြတ်လက်နေပြီး ပရိသတ်တွေရဲ့ အားပေးသံတွေဟာ ဆူညံနေလို့ ဖြစ်သည်။

"ဂုဏ်သရေရှိ ပရိသတ်များ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ... အခု ကျရောက်လာတာကတော့ လူကြီးမင်းတို့ စောင့်ဆိုင်းနေကြတဲ့.. 5min × 5 rounds ယှဉ်ပြိုင်ကြမယ့် ကမ္ဘာ့ Light Heavy Weight ပြိုင်ပွဲကြီးပဲ ဖြစ်ပါတယ်"

ကြေညာသူရဲ့ တက်ကြွလွန်းနေသည့် အသံတွေ ဆုံးတော့ ပရိသတ်တွေရဲ့ အားပေးသံဟာ အုံးအုံးထလာပါတော့သည်။

"စတင်လိုက်ကြရအောင်ပါဗျာ... အနီ‌ေရာင်ထောင့်မှာ ယှဉ်ပြိုင်မယ့် သူကို မိတ်ဆက်ရမယ် ဆိုရင်တော့ သူက အရပ်အမြင့် ၅ ပေ ၁၁ လက်မ ရှည်လျားပြီး ၂၂၁ ပေါင် ရှိပါတယ်။ အခုလက်ရှိ ကမ္ဘာ့ Light Heavyweight ခါးပတ်ကို ကိုင်ဆောင်ထားသူ ဖြစ်ပြီး ရှုံးပွဲမရှိသေးတဲ့ Boris Smirnov ပဲ ဖြစ်ပါတယ်။ The Legand Team မှ အဖွဲ့ဝင်ဖြစ်ပြီး ရုရှား ကိုယ်စားပြုပဲ ဖြစ်ပါတယ်... Boris Legand Smirnov!!"

အနီရောင် ဘောင်းဘီတိုနဲ့ လူထွားကြီးဟာ ရှေ့ကို ထွက်လာပြီး ဟန်ရေးပြကာ ပရိသတ်တွေကို နှုတ်ဆက်ပါသည်။ ထို့နောက်မှာတော့ ကြေညာသူက တစ်ဘက်ကို လှည့်လာ၏။

"ထို့နောက်မှာတော့... အပြာရောင် ထောင့်မှာ ယှဉ်ပြိုင်မယ့်သူဟာ အရပ်အမြင့် ၆ ပေတိတိ ရှည်လျားပြီး ပေါင်ချိန် ၂၂၀ ရှိတဲ့ လူငယ်လေးပဲ ဖြစ်ပါတယ်။ သူကလည်း ၁၈ ပွဲ တိတိကို အနိုင်ရရှိထားသူဖြစ်ပြီး တစ်ခါမှ ရှုံးပွဲ မရှိ‌ေသးတဲ့ ယနေ့ Light Heavyweight Belt ကို စိန်ခေါ်သူပဲ ဖြစ်ပါတယ်။ The Red Blood Team မှ အဖွဲ့ဝင်ဖြစ်ပြီး ကိုရီးယားနိုင်ငံ ကိုယ်စားပြုဖြစ်ပါတယ်။ သူကတော့ Korain Fighter Garcia!!"

အပြာရောင် ဘောင်းဘီတို တစ်ထည်နဲ့ ကိုရိန်းဟာ အရှေ့ထွက်လာတော့ ပရိသတ်တွေရဲ့ အားပေးသံဟာ stadium တစ်ခုလုံး ဖုံးသွားတော့သည်။

လေထဲမှာ လက်သီးကို ဝှေ့ယမ်းပြီး ဟန်ရေးပြတော့ ပရိသတ်တွေဟာ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။

"Korain!! Korain"

ကိုရိန်းဟာ Boris ကဲ့သို့ ထွားကြိုင်းသူ ဖြစ်သည်။ အသက်အရွယ်အရ ကွာခြားလွန်းသော်လည်း ကိုရိန်းဟာလည်း တော်လွန်းသည့် သူ ဖြစ်၏။

Kissing In The Moonlight [Completed]Where stories live. Discover now