Chapter - 1 [Uni+Zawgyi] ⭐Arc - 1

2K 191 2
                                    

(Arc - 1) Chapter - 1

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Arc - 1) Chapter - 1


"တီ - တီ - "

ရှီကျင်းသည် ဆေးရုံကုတင်ရှေ့တွင် ရပ်ကာ ကုတင်ပေါ်မှလူနာအား စိုက်ကြည့်နေခဲ့သည်။ ထိုသူမှာလှပကြော့ရှင်းသောသဏ္ဍာန်ရှိသော်လည်း မကျန်းမာသဖြင့် ဖြူဖျော့လို့နေသည်။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးသည် ပြွန်များ အပ်များဖြင့် ချိတ်ဆက်သွယ်ထားပြီး ဆရာဝန်များက သူ့ကို ကယ်ဆယ်ရန် ကြိုးကြိုးစားစား လုပ်ဆောင်နေကြဆဲ ဖြစ်သည်။

သူ့နားထဲတွင် ကမ္ဘာပေါ်မှသူ၏နောက်ဆုံးအချိန်အား ရေတွက်နေသည့် နာရီတစ်ချက်ချက်မြည်သံနှင့်အတူ အသံတစ်သံကလည်းသူ့အား တတွတ်တွတ်ပြောနေလေသည်။ "host မင်းတာဝန်တွေလုပ်ဖို့ တကယ်ကြီးငြင်းတော့မှာလား။ အဲ့လိုဆိုမင်းသေချာပေါက်ကိုသေသွားတော့မှာနော်။ မင်းလုပ်ရမှာက ကမ္ဘာရဲ့ဇာတ်လိုက်ကို စောင့်ရှောက်ပြီး သူတို့တွေဘာသံသယမှမဝင်ပဲ မူရင်းစာအုပ်ရဲ့ ဇာတ်ကြောင်းအတိုင်းဖြစ်ဖို့ သေချာအောင်လုပ်ပေးရုံပဲလေ။ "

ရှီချင်းသည် သူ၏ခန္ဓာကိုယ်ဟောင်းကိုသာ စိတ်ဝင်စားနေသေးသည်ကို မြင်လိုက်ရသဖြင့် System သည် ထိတ်လန့်စပြုလာသည်။ " host ကျေးဇူးပြု၍ လက်ခံလိုက်ပါလို့! တာဝန်တွေအားလုံးပြီးသွားရင် host ရဲ့ခန္ဓာကိုယ်လည်း ဆက်ပြီးအသက်ဆက်ရှင်လိမ့်မယ်‌နော်။"

ရှီချင်း - "မဟုတ်ဘူး ဒီလောင်ဇီက သေချင်နေတာ။ လစ်စမ်းပါကွာ။"

System ငိုချင်လာပြီ။ " ကျွန်တော်တို့တွေက အချင်းချင်း ချည်နှောင်ထားပြီးသားမို့ host လက်မခံရင် ကျွန်တော်လည်း သေရလိမ့်မယ်။ ကျွန်တော်‌တောင်းပန်ပါတယ် host ရယ်တာဝန်တွေကို လက်ခံလိုက်ပါနော်။ အဲဒါတွေက အရမ်းအရမ်းကိုမှရိုးရှင်းပါတယ်။ ကမ္ဘာတိုင်းမှာ host ကို ဗီလိန်တစ်ယောက်ဖြစ်အောင်လို့ ကျွန်တော်ရွှေလက်ချောင်းတွေ အသက်သွင်းပေးပါ့မယ်။"

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now