Chapter - 16.2 [Uni+Zawgyi]

536 84 2
                                    

စပါးအုံးမြွေကြီး၏ ဦးနှောက်သည် ကျိုးကြောင်းဆီလျော်မှု အားလုံးကို ဆုံးရှုံးစပြုလာသည် သို့သော်သူ၏ မသိစိတ်က သားကောင်ကို ဖက်ထားရုံမျှဖြင့် မကျေနပ်နိုင်တော့ပေ။ သူ၏အစာစားချင်လာစိတ်အကြောင်း သားကောင်ကို သိစေချင်သည်။

Systemသည် နီရဲပြီး မိန်းမောနေသော ယင်မင်ကျန်း၏မျက်နှာကို ကြည့်နေခဲ့သည်။ သူကြည့်နေစဉ်မှာပဲ ယင်မင်ကျန်း၏ ရှည်လျားသောလက်ချောင်းများသည်  ရှီချင်း၏ကြယ်သီးများကို စတင်ဖြုတ်လာသည်အား သတိပြုလိုက်မိသည်။ ၎င်းသည် ချက်ချင်းပင်သတိပေးခဲ့သည်။ - ["Host သူက မင်းကို အနိုင်ကျင့်ချင်နေတာ!!]

[ငါသိတယ်လေ။  ဟီးဟီးဟီး။]

ရှီချင်း၏ ရယ်သံသည် လူယုတ်မာရယ်သံ ပေါက်နေလေသည်။ သူသည် လှည့်၍ ကျွမ်းကျင်စွာ ကိုယ်အလေးချိန် တိုးစေလိုက်သည်။  နူးညံ့သိမ်မွေ့သော လက်ကောက်ဝတ်များသည် ဆိုဖာပေါ်တွင် ရွေ့လျားကာ လည်စည်းတစ်ခုကို ရှာဖွေနိုင်ခဲ့သည်။

နောက်ဆုံးတွင် ဤကြိုးသည် ယင်မင်ကျန်း၏လက်ကောက်ဝတ်များကို မလှုပ်နိုင်အောင်ချည်ခဲ့သည်။

ရှီချင်းသည် အေးအေးဆေးဆေးနှင့်ပင် ထိုကိစ္စအား လည်စည်းတစ်ခုဖြင့် အပြီးသတ်လိုက်သည်။

ထိုအချိန်တွင် ယင်မင်ကျန်းသည် နီရဲနေသည့် မျက်နှာဖြင့် ရှီချင်းကလေးလေးတစ်ယောက်လို အလုပ်ရှုပ်နေသည်ကို သူမလှုပ်မယှက်ကြည့်နေခဲ့သည်။

ရှီချင်း သူ့အားစလိုက်သည်။ "ကျွန်တော်ခင်ဗျားကို ကြိုးချည်နေတယ်ဆိုတာ ခင်ဗျားသိတယ်မလား။ ခင်ဗျား မကြောက်ဘူးလား?"

ယင်မင်ကျန်းမူးဝေသွားသည်။ သူ၏ ပုံမှန် တည်ငြိမ်မှု မရှိတော့။ အနည်းငယ် နီရဲနေသောမျက်နှာနှင့် အပြစ်ကင်းစင်သော မျက်လုံးများဖြင့်သာ သူ့ကို စိုက်ကြည့်နေသည်။ သူသည် ခေါင်းကို နာခံစွာပင် ငြိတ်လိုက်သည်။

သူ၏ခပ်သြသြအသံဖြင့် ဖြည်းညင်းစွာ မပီမသတုံ့ပြန်သည်။

"ကိုယ်မကြောက်ပါဘူး။ ရှီချင်း ပဲဟာ။"

ဝမ်းသာအားရဖြင့် ရှီချင်းသည် သူ့ပါးပြင်ပေါ် စိုစွတ်သော အနမ်းတစ်ခု ပေးလိုက်သည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now