Chapter - 2.2 [Uni+Zawgyi]

876 168 9
                                    

ယင်မင်ကျန်းသည် စွမ်းရည်အသုံးပြုသူများအတွက် အထူးထုတ်လုပ်ထားသည့် စိတ်ငြိမ်ဆေးကို စီမံပေးခဲ့ရဖူးသည်။ သူ့စိတ်က တစ်နာရီလောက်ကြာ ရှင်းနေပေမယ့် သူ့ခန္ဓာကိုယ်က ခဏတာ တုံ့ပြန်မှု မရှိတော့ပေ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ယင်မင်ကျန်းသည် စွမ်းရည်အသုံးပြုသူများအတွက် အထူးထုတ်လုပ်ထားသည့် စိတ်ငြိမ်ဆေးကို စီမံပေးခဲ့ရဖူးသည်။ သူ့စိတ်က တစ်နာရီလောက်ကြာ ရှင်းနေပေမယ့် သူ့ခန္ဓာကိုယ်က ခဏတာ တုံ့ပြန်မှု မရှိတော့ပေ။

စိတ်အနှောက်အယှက်အဖြစ်ရဆုံးကိစ္စကတော့ ထိုဆေးကို ဖန်တီးသူဟာသူကိုယ်တိုင်ပြီး အခြေစိုက်စခန်းခေါင်းဆောင်များထံ သူကိုယ်တိုင်ပဲပေးဝေခဲ့တာပဲဖြစ်သည်။ ထိုဆေးသည် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်စေမည့် စွမ်းရည်အသုံးပြုသူများကို ချေမှုန်းရန် ရည်ရွယ်ခဲ့သော်လည်း ထိုအစား ၎င်းကို ဖန်တီးသူဖြစ်သည့် သူ့အပေါ်အသုံးပြုခဲ့ကြသည်။

အရပ်သားတစ်သောင်း နှင့် သူတစ်ယောက်။ အထက်လူကြီးများအတွက်တော့ ဒါဟာဆုံးဖြတ်ရလွယ်ကူတဲ့ ကိစ္စပါပဲ။

ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ထင်မြင်ချက်ကို မည်သူမျှ လာမမေးသလို လာလည်းအကြောင်းမကြားခဲ့ကြဘူး။ သူတို့က သူ့ရဲဘော်တွေအပေါ်ထားတဲ့ သူ့ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး သူ့ကို လေယာဉ်ပေါ်မတင်ခင်ပဲ ခြုံခိုတိုက်ခိုက်ခဲ့ကြတယ်။

ယင်မင်ကျန်း တစ်ချိန်လုံး အသိရှိနေခဲ့သည်။ သူသည် လေယာဉ်ပေါ်တွင် ထိုင်ခုံပေါ်တောင် မထိုင်ခဲ့ရပေ။ ထိုအစား အမှိုက်လို မြေကြီးပေါ် ပစ်ချခံခဲ့ရသည်။ မရေမတွက်နိုင်သော ဖိနပ်ရံများ သူ့အနားက ဖြတ်သွားသည်ကိုသာ သူကြည့်နေနိုင်ခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကို ကန်ဖို့တောင် အခွင့်ယူခဲ့ပါသေးသည်။

လူတွေရဲ့သဘောသဘာဝက ကြောက်စရာ ကောင်းမှန်း ယင်မင်ကျန်း  သိထားပေမယ့် သူ့အသက်ကိုတောင် ကြိုးတန်းပေါ်တင်ပြီး ကာကွယ်ပေးခဲ့ပေမယ့် ထိုသူတွေက သူ့ကို ဒီလောက်ထိ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now