Chapter - 12.1 [Uni+Zawgyi]

670 142 0
                                    

ယင်မင်ကျန်း သတင်းကြားပြီးချင်းချင်း ပြေးလာသောအခါတွင် အရပ်သားလို ၀တ်ဆင်ထားသော လူတစ်စုသည် တစ်စုံတစ်ခုနှင့် ပတ်သက်၍ ရှေ့နောက်မညီလျှောက်ပြောနေသော လူတစ်ယောက်၏ ပတ်ပတ်လည်တွင် စုရုံးလို့နေကြသည်။ အခင်းဖြစ်ပွားရာနေရာသည် လုံးဝ ပရမ်းပတာဖြစ်နေသော်လည်း လူစုလူဝေးကြားတွင် လူငယ်လေးကို ချက်ချင်းရှာတွေ့ရှိနိုင်ခဲ့သည်။

ရှီချင်းသည် သူ့အဖွဲ့၏ အငယ်တန်းအဖွဲ့ဝင်တစ်ဦး၏နောက်တွင် ပုန်းနေခဲ့သည်။ သူဟာငိုမနေပေမယ့် သူ့မျက်လုံးထောင့်လေးတွေဟာ နီရဲလို့နေပြီး ရံဖန်ရံခါ ရှိုက်နေလေသည်။ လှပသော ငွေရောင်မျက်လုံးလေးတစ်စုံဟာလည်း မထိန်းနိုင်ပဲ သူ့ပတ်ဝန်းကျင်တစ်ဝိုက်ကို ကြောက်လန့်တကြား လိုက်ကြည့်နေသေးသည်။

ယင်မင်ကျန်းမှာ သူ့နှလုံးသားထဲသို့ သံချောင်းတစ်ချောင်း ခပ်နက်နက်ရိုက်ထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။

သူက အေးစက်နေတဲ့ မျက်နှာနဲ့ လျှောက်လာရင်းမေးလိုက်တယ်။ "ဘာတွေဖြစ်နေကြတာလဲ"

ယင်မင်ကျန်း အသံကမကျယ်ပေမယ့် သူထံမှ ဖြာထွက်နေတဲ့ အရှိန်အဝါကြောင့် လူတိုင်းက အလိုလျောက်ပင် စကားသံများ ရပ်သွားကြတယ်။ စည်းမဲ့ကမ်းမဲ့ လူအုပ်ကြီးဟာ တိတ်ဆိတ်သွားပါတော့တယ်။

အဆုံးတွင်တော့ ရှီချင်းအား ဂရုတစိုက်ကာကွယ်ပေးခဲ့သည့် အဖွဲ့သားတစ်ယောက်က ရှေ့သို့ထွက်လာခဲ့သည်။ အခြေအနေကို ပြန်ပြောပြရင်း ယင်မင်ကျန်း၏ မျက်နှာကိုပင် မကြည့်ရဲခဲ့ပေ။ "ရှီချင်းက ဆော့ကစားဖို့လာခဲ့တာပလ ဒါပေမယ့် ရုတ်တရက် ယောက်ျားတစ်ယောက် ရောက်လာပြီး သူ့ကုန်ပစ္စည်းတွေကို ပိုက်ဆံမပေးဘဲ ယူတယ်ဆိုပြီး ရန်လုပ်ခဲ့တာ။"

ယင်မင်ကျန်း၏အမူအရာမှာ မတင်မကျဖြစ်နေခဲ့သေးသည်။ သူသည် ပေါ့ပေါ့ပါးပါး ဝတ်စားထားသော လူကို တစ်ချက်ကြည့်လိုက်သည်။ အပြစ်မကင်းစွာနဲ့ သူ့အကြည့်ကို ရှောင်သွားသည်ကိုမြင်ပြီးနောက် ဤနေရာတွင်ဖြစ်ပျက်နေသည်ကို သူနားလည်လိုက်သည်။

လွန်ခဲ့သည့်အချိန်က ဘေးတွင် လူဖြင့်အဖိခံထားရသော ကျောက်မြောင်မြောင်သည်လည်း သူရောက်လာသည်ကို မြင်လိုက်သည်။ သူမသည် မကျေနပ်သေးသဖြင့် သူမခွက်လာကာ တိုးတိုးလေးပြောလာသည်။ "ကျွန်မ စောစောက ရောက်တုန်းက ဒီလူက ရှီချင်းကို ညှာတာပေးဖို့ တောင်းနေတာ တွေ့လိုက်ရတော့ ကျွန်မက သူ့ကို ဒီတိုင်းမေးကြည့်လိုက်တာပါ။ ဒီကလေးက ထငိုတော့တာပဲလေ။ ဒီလောက်တောင် ရှက်‌ကြောက်တတ်မယ်မှန်း ဘယ်သူက ထင်မှာလဲ။ အကိုလည်းဒီရောက်ပြီဆိုတော့ အကိုမင်ကျန်းရယ် သူ့ကိုချော့လိုက်ပါဦး။ လွန်ခဲ့ တဲ့ မိနစ် 20 လောက်ကတည်းက ငိုနေတာ သူငိုတာကိုကြည့်ရင်း လူတိုင်းရဲ့ နှလုံးသားလည်း နာကျင်နေပြီ။"

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now