Chapter - 10.1 [Uni+Zawgyi]

734 134 1
                                    

ယင်မင်ကျန်း ရှီချင်းအား ခေါ်သွားသော အခန်းသည် သူနေထိုင်ခဲ့ဖူးသော အခန်းဖြစ်သည်။

သူ၏ 'ယဇ်ပူဇော်ခံရခြင်း' ပြီးကတည်းက အခြေစိုက်စခန်းသည် ဤအခန်းကို ပိတ်ထားခဲ့သည်။ အခြားသူများသည် ယင်မင်ကျန်းအပေါ် လေးစားကြောင်းပြသရန် အတွင်း၌ မည်သည့်အရာကိုမျှ မထိထားခဲ့ပါ။

အနှီလူကြီးသည် ရှီချင်းအား ဤအခန်းထဲတွင်ပင် အခြေချနေထိုင်ရန် စီစဉ်ပေးခဲ့ပြီး ရှီချင်းအားကြည့်ရှုစစ်ဆေးရန် လူအိုကြီးဟွမ်ကို ပြန်သွားခေါ်လာခဲ့သည်။

သို့သော် ယင်မင်ကျန်းအား အချိန်မကုန်စေဖို့ ရှီချင်း၏တွန်းအားပေးမှုကြောင့် သူသည် ဆရာဝန်နှင့် မပြသခဲ့ရပေ။

ရှီချင်းသည် စက်ပိုင်းဆိုင်ရာ နှလုံးခုန်သံကို ခံစားရစေဖို့ ယင်မင်ကျန်း၏ လက်အားသူ၏ရင်ဘတ်ပေါ်သို့ ဆွဲတင်လိုက်သည်။ သူက မတရားခံရသလိုလေသံလေးနဲ့ "ခင်ဗျားကိုရှာဖို့ ကျွန်တော်အိပ်တောင်မပျော်ခဲ့ဘူး"

"အခု ကျွန်တော့်ခန္ဓာကိုယ်က လူတစ်‌ယောက်လိုပဲ။ ကျွန်တော်စိတ်သောကရောက်ရင် အိပ်မပျော်တော့ဘူး"

သဘာဝကျကျပင် ပျော့ပျောင်းနူးညံ့တဲ့ လူငယ်လေးက သူ့အသံကို ပျော့ပျောင်းစေပြီး သနားစရာကောင်းသော အမူအရာပြသသောအခါ ယင်မင်ကျန်းမှာ သူ့ကို ငြင်းဆန်ရန် နည်းလမ်းမရှိတော့ပေ။

အထူးသဖြင့် ပြောရမည်ဆိုလျှင် ယင်မင်ကျန်း၏လှည့်စားမှုကြောင့် ရှီချင်း စက်ပိုင်းဆိုင်ရာ နှလုံးသားကို တပ်ဆင်ပြီးကတည်းကပေါ့။

ဒီလိုနဲ့ နှစ်ယောက်သား အိပ်ယာထက်တွန့်လိမ် နေခဲ့ကြပြီး ခဏအကြာ ပထမဆုံးအကြိမ် မျက်လုံးများမှိတ်ကာ အတူတူအိပ်ခဲ့ကြတယ်။

ဒါက ယင်မင်ကျန်းတစ်ယောက်အတွက်ပါပဲ။

ရှီချင်းကတော့ ညတိုင်း သူ့ကို ဆေးခပ်ပြီး ညတိုင်းသူ့ရင်ခွင်ထဲ ဝင်ကာအိပ်နေကျပင်။

ယင်မင်ကျန်းကတော့ ထိုအချိန်များတွင် ခြေကုန်လက်ပန်းကျခဲ့ရသည်ပင်။

အပြန်လမ်းတစ်လျှောက်တွင် ရှီချင်း (သို့) အင်းဆက်များ၏ ဖမ်းဆီးခြင်းကို ခံရမည်ကို စိုးရိမ်နေရသလို သူ့အပြစ်ကြောင့်လည်း အသက်ရှင်လျက်နှင့် အစားခံနေရသလိုခံစားခဲ့ရသည်။ သူနိုးလာတိုင်း စက္ကန့်တိုင်းလိုလို တင်းမာနေခဲ့သည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now