Chapter - 20.2 [Uni+Zawgyi]

229 48 0
                                    

သရဲအစီးခံလိုက်ရသလို ကျောက်မြောင်မြောင်သည် ထရပ်လိုက်ပြီး ထိုယောကျာ်း၏ရင်ခွင်ထဲရှိ လူငယ်လေးအား တုန်တုန်ယင်ယင် လက်ညိုးထိုးပြလိုက်သည်။ " ယင်မင်ကျန်း!!! နင်အလိမ်ခံလိုက်ရပြီ! ဒါက သူ့ရဲ့ ပုံသဏ္ဍာန်အစစ်မဟုတ်ဘူး! သူကဂြိုဟ်သားတစ်ကောင်ပဲ!"

သူမကပြောရင်း ကောင်းကင်ပေါ်က စက်ရုပ်တွေကိုပါ ညွှန်ပြလိုက်သည်။

"ကောင်းကင်ပေါ်က ဂြိုဟ်သားတွေကို နင်မြင်လား။ ဒါတွေအကုန်လုံးက သူခေါ်ထားတာတွေပဲ! သူတို့မှာ သူတို့ကိုယ်ပိုင် အကြောင်းအရာတွေရှိတယ်။ နင်က သူနဲ့အင်းဆက်တွေကို ငါ့ထက်ပိုပြီးယုံနေတာလား။"

ယင်မင်ကျန်းရဲ့ မပြောင်းလဲတဲ့အမူအရာ‌ကိုတွေ့တော့ သူမရယ်မောလိုက်တယ်။ " အိုး ဟုတ်သားပဲ။ နင်ကသူဖမ်းတာကိုခံခဲ့ရတာပဲ။ ပြီးတော့ နင်ကသူနဲ့အတူ ပြန်လာခဲ့တယ်။ ဒါဆို နင်က သူဂြိုဟ်သားဆိုတာ သိနှင့်နေမှာပေါ့။ "

"ငါကိုအဲဒီ့ကိုရောက်အောင် ပို့ခဲ့တဲ့လူတွေထဲ မင်းလည်းပါတာပဲလေ။"

ထိုလူက စတင်ကာပြောလာခဲ့သည်။ သူ့မျက်လုံးများထဲ လှောက်ပြောင်မှုများပြည့်နေသည်။ " ငါကရှာမတွေ့နိုင်တော့ဘူးလို့ မင်းတကယ်ထင်နေတာလား။ "

ကျောက်မြောင်မြောင်‌ တောင့်ခဲသွားသည်။

သူမ ခေါင်းအားအပြင်းအထန် ခါယမ်းလိုက်သည်။ " မဟုတ်ဘူး။ အဲ့ဒါကျွန်မမဟုတ်ဘူး။ အဲ့ဒါကျွန်မအဖေ။ သူလုပ်ခဲ့တာ။ ကျွန်မကရှင့်ကြိုက်တာလေ ကျွန်မက ရှင့်ကိုသတ်ဖို့ ဘယ်လိုလုပ် အစီအစဉ်ဆွဲနိုင်ပါ့မလဲ။ အဲ့ဒါ ကျွန်မတကယ်မဟုတ်ပါဘူး..."

" ဘာမှစိတ်ပူမနေပါနဲ့။ "

ထိုသို့ပြောလိုက်ချိန် ယင်မင်ကျန်း၏ မျက်နှာထက် ခံစားတချို့ဖြတ်ပြေးသွားပြီး အပြုံးတစ်ခုတောင် ပေါ်ထွက်လာခဲ့သည်။ ထိုအပြုံးက သူ၏ချောမောခံ့ညား‌သောမျက်နှာအား ပို၍နူးညံ့ပုံပေါက်သွားစေသည်။

သူကပြောလိုက်သည်။ " ငါမင်းတို့နှစ်ယောက်လုံးကို အပြစ်မတင်ပါဘူး။ "

ကျောက်မြောင်မြောင် သည် သူသူမအားထိုသို့ ပြုံးပြသည်ကို တစ်ခါမှမမြင်ဖူးခဲ့ပေ။ ပထမတော့ သူမကြောင်သွားပြီး နောက်တော့ သူမမျက်လုံးများထဲ မျှော်လင့်ချက်များ ပြည့်လာခဲ့သည်။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now