Chapter - 12.2 [Uni+Zawgyi]

727 133 3
                                    

ထိုစကားများသည် လူအုပ်ကြီး၏ ဒေါသကို ပိုတောက်လောင်စေသွားပုံရသည်။

"သူကဒီကို ပြဿနာရှာဖို့ လာတာလား"

"သခင်လေးက ငယ်ရွယ်ပြီး အထင်ကြီးစရာကောင်းလို့ သူက သခင်ငယ်လေးကို လွယ်ကူတဲ့ပစ်မှတ်တစ်ခုလို့ ထင်နေတာနေမယ်။ သူကသခင်လေးကို ဆဲတောင်ဆဲခဲ့သေးတယ်! ဖီ!"

ယင်မင်ကျန်းသည် ရှီချင်းအတွက် လူများစွာက ဝင်ပြောပေးကြလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ရှီချင်းသည် အပြင်ဇုံတွင် နေထိုင်သူများနှင့် အတူရှိခဲ့ပြီး ဤနေရာမှ ကြိုဆိုခြင်းခံရကြောင်း သူသိသော်လည်း ၎င်းမှာ သူ့နာမည်ကြောင့်ဟု သူထင်ခဲ့တာ။

သူ့ရှေ့က မြင်ကွင်းကိုကြည့်ရင်း ယင်မင်ကျန်းဟာ သူတို့ကလေးကြီးပြင်းလာတာကို ကြည့်နေရသည့် မိဘကဲ့သို့ ဂုဏ်ယူသွားခဲ့တယ်။

ဒါက ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရရင် ခံစားရတာမျိုးလား?

သူက ရှီချင်းကို တင်းတင်းဖက်ထားလိုက်ပြီး ပြောကြားလိုက်သည်။ "ဒီနေ့ ရှီချင်းကို စောင့်ရှောက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ နုံအနေသေးတဲ့အတွက် အားလုံးက သူ့ကိုယ်စား ဝင်ရောက်ပြောကြားပေးတဲ့အတွက် ကျွန်တော်တကယ်ပဲ စိတ်သက်သာရာရပါတယ်။" တကယ်ဖြစ်ပျက်ခဲ့သမျှကို မျက်ကွယ်ပြုကာ ရှီချင်းကို ငယ်ငယ်ရွယ်ရွယ်နှင့် မသိနားမလည်သော ကလေးအဖြစ် ဦးစွာတံဆိပ်တပ်ခြင်းက ပိုလုံခြုံပါသည်။

ယခု ဘယ်ကမှန်းမသိတဲ့ ဇာစ်မြစ်နဲ့ ဤလူယုတ်မာကိုရှင်းရမည်။

ယင်မင်ကျန်းသည် အဓိကကိစ္စကို အရင်ရောက်သွားသည်။ အပြစ်မဲ့ပြည်သူများအပေါ် သည်းခံနိုင်သူဖြစ်ပြီး သူတို့ကို ကာကွယ်ဖို့ သူ့ကိုယ်သူတောင် စတေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ပြဿနာလာရှာတဲ့ သူတွေကိုတော့ သည်းမခံနိုင်ပေ။

ထို့အပြင် ရှီချင်းသည် သူ့လူဖြစ်ကြောင်း အခြေစိုက်စခန်းတစ်ခုလုံးက သိထားသောကြောင့် သာမန်လူတစ်ယောက်က သူ့ကို ဒီလိုမျိုး ရင်ဆိုင်ဖို့ ဘယ်လို သတ္တိရှိပါ့မလဲ။

ကျွန်တော်ကလူကောင်းလေးဆိုတာကိုတစ်ကမ္ဘာလုံးကသိတယ်။Where stories live. Discover now